Category: Feature


  • ကျောင်းထိုင်ဘုန်းကြီး KTV ကေ့စ် ပြဿနာက ခုမှစတာ

    ပျော်ဘွယ်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါး KTV မှာ သောက်စားမူးယစ်နေတာမိလို့ လူဝတ်လဲခံလိုက်ရတဲ့သတင်းက ပြဿနာမဟုတ်ဘူးဗျ ပြဿနာက အခုမှစတာ…. တာဝန်ရှိပျော်ဘွယ်ရဲတွေကို လာဘ်ငွေ သိန်းတစ်ရာပေးရတဲ့အတွက် ဘုန်းကြီးခမျာ ပိုက်ဆံမလောက်တာနဲ့ကျောင်းကပစ္စည်းလေးတွေရောင်းချပြီးပေးရတော့တာပေါ့……. ဒါယိကာဒါယိကာမတွေကလဲ လှူထားတဲ့ပစ္စည်းတွေ ဘုန်းကြီးယူသွားလို့ မကျေနပ်တော့ တိုင်ကြ တောကြပေါ့….. လက်ခံမိတဲ့ KTV ကလဲ နာမည်မထွက်အောင် ပျော်ဘွယ်ရဲတွေကို နှုတ်ပိတ်ခပူဇော်လိုက်ရလို့ ကတုံးနဲ့ဆိုရင် အဝင်မခံဖို့ ဝိတ်တာတွေကိုမှာနေရရော….. ကျောင်းထိုင်တင်ပေးမိတဲ့ မ/နသံဃနာယကအသင်းကြီးကလဲ ဘယ်ဘုန်းကြီးကို ဘယ်လောက်ပေးပြီးကျောင်းထိုင်ဖြစ်ခဲ့တာပါလို့ အသံထွက်မှာကြောက်ပြီး ဆွမ်းတောင်ဖြောင့်ဖြောင့်ဘုန်းမပေးနိုင်…. သတင်းပေးတဲ့ ဒါယိကာလဲ KTV ကိုသူသွားတာလူသိမှာကြောက်လို့ဖုံးရဖိရနဲ့…… အချီကြီးမိလိုက်တဲ့ ပျော်ဘွယ်ရဲတွေလဲ သိန်းတစ်ရာယူလိုက်တဲ့သတင်းပြန့်သွားလို့ အဆင့်ဆင့်ဝေစားမျှစားတွေကို ခွဲပေးလိုက်ရလို့ တွက်ချေမကိုက်ဖြစ်သွားရကြောင်း…. မြို့နယ်အတွင်းက တစ်ခြား KTV ကိုယ်တော်တွေလဲ အသွားအလာဆင်ခြင်လိုက်ရလို့ လမင်းတို့ ကြယ်စင်တို့ကို လွမ်းနာကျပြီး ကျိန်းလို့ပင်မပျော်တော့ဘဲ ဒုက္ခရောက်နေရကြောင်း….…

  • စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တချိန်တည်း မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရတဲ့ မိုက်ဟုန်းရွာက ဦးသြ

    စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တချိန်တည်း မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရတဲ့ မိုက်ဟုန်းရွာက ဦးသြ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုက်ဟုန်းရွာခံ ၁၄ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ အသက် ၅၀ ကျော် ဦးသြရဲ့ အမျိုးသမီးဖြစ်သူအပါအဝင် မိသားစုဝင် ၇ ဦး ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ မိုက်ဟုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဦးသြရဲ့ မိသားစုဝင်အပါအဝင် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ မိုက်ဟုန်းကျေးရွာက အခြေအနေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

  • တရုတ်ဖိအားကြောင့် မိုးကုတ်ကနေ ဆုတ်ခွါပေးဖို့သဘောတူရတဲ့အထိ TNLA ကို အပြစ်မတင်ရက်သေးဘူး။ အခု အကြမ်းဖက်တွေ အန္တရယ်ကင်းကင်းဝင်လာနိုင်ဖို့ TNLA က PDF တွေတပ်စွဲထားတဲ့နေရာအထိ တပ်ဖြန့်ပြီးကာကွယ်ပေးမယ်ဆိုတာက များသွားပြီလို့ပြောရမယ်။ ဒါက တရုတ်ဖိအားမဟုတ်တော့ဘူး၊ အကြမ်းဖက်စစ်တပ်နဲ့ အပေးအယူသဘောလုပ်တာဆိုတာ သိသာလွန်းအားကြီးသွားပြီလို့ပြောချင်တယ်။ အသေခံတိုက်ယူ၊ သိမ်းယူတုန်းက PDF တွေရဲ့အသက်တွေအများကြီးစတေးခဲ့ရပြီး ဘယ်လိုမှအပြန်အလှန်၊ အသိအမှတ်ပြုလေးစားမှုမရှိတာ စိတ်ထဲတော်တော်ဘဝင်မကျဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ၊ TNLA တို့နှင့် သွားပေါင်းတိုက်တဲ့ PDF တွေက NUG ကို ခွင့်ပြုချက်တောင်းပြီး ၊ အသိပေးပြီးသွားပူးပေါင်းတာမဟုတ်ခဲ့ဘူး။ NUG နှင့် MNDAA , TNLA တို့ညှိနှိုင်း၊ နိုင်ငံရေးစစ်ရေးမဟာဗျုဟာချပြီးတိုက်ခဲ့တာမဟုတ်တော့ ERO တွေက ဘာနိုင်ငံရေးဩဇာမှမရှိတဲ့ PDF တွေကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မမြင်ပဲ သူတို့ဆက်ဆံချင်သလိုဆက်ဆံကြတာဖြစ်တယ်။…

  • ကလေးမျက်လုံးထိတာကို မိဘကိုအကြောင်းမကြားဘဲ ရေခဲချောင်းဝယ်ကပ်လိုက်ဆိုတဲ့ ဆရာမ

    ခလေးမျက်လုံးထိတာကို မိဘကိုအကြောင်းမကြားဘဲ ရေခဲချောင်းဝယ်ကပ်လိုက်ဆိုတဲ့ဆရာမ ခလေးတစ်ယောက်ကျောင်းမှာခိုက်မိပီးမျက်လုံးတစ်ခုလုံးထိခိုက်သွားခဲ့ရတာပါ ဒါကိုဆရာမရဲ့လုပ်ရပ်ကြောင့် မိခင်ဖစ်သူက စိတ်ဆိုးဒေါးသထွက်ပီး ခုလိုပြောလာပါတယ် ခလေးမိခင်ကတော့ စန်းစန်းတင့် ဖြစ်တဲ့မိဘထဲ ကိုယ်မပါပေမဲ့ ဒီတစ်ခါတော့ဆရာမတွေကို တော်တော်စိတ်ပျက်မိတယ် ဖြစ်စဥ်က သားက ဆရာမဆီမှာစာရေးနေတဲ့အချိန် အတန်းထဲကသူငယ်ချင်းကလဲ ဆော့ပြီးပြေးလာပီး အရှိန်နဲ့ သားကို ခေါင်းနဲ့ဝင်စောင့်မိတာခဲ့တာပါ အဲ့အချိန် လက်ထဲကခဲတံနဲ့သာထိုးမိရင် ဘယ်လိုနေမလဲ ခုလည်း သားကဖြစ်ဖြစ်ချင်း သွေးထွက်တယ် အဲ့လို မျက်လုံးထိတာကို နေနိုင်လွန်းတယ် မိဘကို လှမ်းအကြောင်းမကြားဘူး သားက မျက်လုံးကန်းပြီဆိုပြီးငိုနေခဲ့တာ မေမေ့ကိုသတိရတယ် ထမင်းတောင်မစားခဲ့ဘူးလိုပြောတယ် ဒါပေမယ့် ဆရာမကတော့ ခလေးကို ရေခဲချောင်းထုပ် ဝယ်ကပ်လို့ ကလေးကိုပြောခဲ့ပြီး ညနေကျောင်းကြိုချိန် သားကိုတွေ့ရချိန် စိတ်ထဲအတော်နင့်သွားတာ အဲ့အချိန်မှ ဆရာမက သူ့မှာလုံးဝတာဝန်မရှိတဲ့ပုံစံမျိုးနဲ့ “အဲ့မှာ ကလေးချင်းစောင့်မိတာ မျက်လုံးညိုသွားတယ် အိမ်ရောက်မှ သူများလုပ်တယ်ထင်မှာစိုးလို့”တဲ့ ပြောပုံကိုက…

  • တိုင်းပြည်ဆင်းရဲတာ စိုးရိမ်စရာ မလိုဘူးတဲ့

    တပ်မတော်ပြိုနေပြီလား ဆိုတာကို ဇော်မင်းထွန်းရှင်းလင်း ဗိုလ်ချုပ် ပြည်သူတွေက ပြောပြောနေတဲ့ တပ်မတော်ပြိုနေပြီ ဆိုတာ တကယ်ရောပြိုနေပြီလို့ ပြောလို့ရပြီလား။ ဟုတ်ပါတယ်။ အဘ အာဏာထိန်းကတည်းက ပြိုနေပါပြီ။ တချို့က CDM လုပ်ကြတယ်။ တချို့က ရန်သူဆီမှာ အညံ့ခံ အလံဖြူထောင်နေကြတယ်။ ဒါဟာ ပြိုကွဲမှု တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါဆို နေပြည်တော်အထိ ပြို့ကွဲလာနိုင်သလား။ ဘယ်လိုကာကွယ်ဖို့ စိတ်ကူးထားကြသလဲ။ နေပြည်တော်အထိ တက်လာကြရင်တော့ ပြေးဖို့ပဲရှိတာပေါ့။ ဘယ်သူက အသေခံပြီး ချမှာလဲ စောက်ရူးတွေမှ မဟုတ်တာ။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ မပြိုနိုင်ပါဘူး။ ဘာကြောင့်လွယ်လွယ်နဲ့ မပြိုနိုင်တာလဲ။ ဘာတွေရှိနေလို့လဲ။ တပ်မတော်မှာ ငွေအင်အားတောင့်တယ်။ တပ်မတော်ကို ဝိုင်းရံတဲ့ သစ္စာခံတွေရှိတယ်။ လက်ရွေးစင်တွေကို နေပြည်တော်မှာပဲ အကုန်ချထားတယ်။ တိုင်းပြည်နဲ့ လူထုက ဒီလောက်ဆင်းရဲ…