Category: Feature
-

ဦးကိုကိုကြီး လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်မည်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်လည်းဖြစ်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီး အနေနဲ့ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်အရွေးခံသွားမယ်လို့ သိရပါတယ်။ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၁၉ ရက်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာမှာ ဦးကိုကိုကြီးလည်း အဲဒီအထဲမှာ ပါတယ်လို့ သိရပါတယ်။ ဦးကိုကိုကြီးက “ပါပါတယ်ဗျ။ အတည်ပြုပြီးပါပြီ။ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းပါခင်ဗျ” လို့ ပြောပါတယ်။ ဦးကိုကိုကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီကနေ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပြီး NLD က ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ပါဘူး။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ပြည်သူ့ပါတီကို တည်ထောင်ခဲ့ပြီး…
-

ညီမလေး ဘယ်သူ့ကို အားကိုးရမှာလဲ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ ချမ်းအေးလှတဲ့ မိုးတွင်းမနက်ခင်းတခုမှာ ပိတ်ဖြူစကိုခေါင်းပေါင်းပေါင်းထားတဲ့ အမျိုးသမီးငယ်တဦးဟာ ရင်ခွင်ထဲမှာ ရက်သားအရွယ်ပဲ ရှိပုံရတဲ့ ကလေးငယ်လေးကို ကျစ်ကျစ်ပါအောင် ပွေ့ထားရင်း မျက်ရည်တွေကျနေခဲ့တယ်။ ကလေးမိခင်ဟာ ဆုံးသွားရှာတဲ့ ရင်ခွင်ထဲက သူ့သားငယ်လေးအတွက် ယူကျူံးမရအောင် စိတ်ထိခိုက်နေခဲ့တာပါ။ ဘေးက မိန်းမဖော်လည်း ကလေးမိခင်လေးကိုဖေးမရင်း မျက်ရည်တွေဝဲနေခဲ့တယ်။ ကလေးနာရေး စီစဥ်ပေးဖို့ ရောက်လာတဲ့ ပရဟိတအသင်းသားတဦးက ကလေးအမေရဲ့ အသက်ကိုမေးတော့ ၂၄ ပဲ ရှိသေးတယ်လို့ ကလေးမိခင်က မျက်ရည်တွေနဲ့ဖြေတယ်။ ဘေးနားမှာလည်း မိန်းမဖော်တယောက်သာတွေ့လို့ ပရဟိတအသင်းဝင်က သူ့အဖေကောလို့ မေးလိုက်မိတယ်။ ကလေးမိခင်ငယ် ပြန်မဖြေနိုင်ရှာဘူး။ “အဖေ… ပါသွားတာ”လို့ ပြောရင်း ငိုနေတယ်။ ဘေးက အမျိုးသမီးက စုဆောင်းရေးဆွဲတာ ပါသွားတာလို့ ခပ်တိုးတိုးပြောပြတယ်။ ဘယ်ဘက်ကဆွဲတာပါသွားတာလဲလို့ ပြန်မေးတော့ ဘေးကအမျိုးသမီးက ခပ်တိုးတိုးသာဖြေခဲ့တာမို့ ရုပ်သံထဲမှာ…
-

ဗိုလ်မှူး ဒါဘော (ခေါ်) စောကိုကို – ကော်သူးလေ၏ မကြောက်မရွံ့သောစိတ်ဓာတ်
ရဲရင့်ပြီး ပြတ်သားသောလူငယ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးဒါဘောသည် ကျွန်ုပ်တို့၏ ကရင်တော်လှန်ရေးနှင့် မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော နွေဦးတော်လှန်ရေး၏ သက်ရှိသမိုင်းတွင် ၎င်း၏အမည်ကို ရေးထိုးထားပြီးဖြစ်သည်။ သူ၏ရဲစွမ်းသတ္တိသည် စစ်မြေပြင်တွင်သာမက မည်သည့်နေရာမှလာသည်ဖြစ်စေ၊ မည်သည့်ဒုက္ခမျိုးကို ခံစားခဲ့ရသည်ဖြစ်စေ လွတ်လပ်မှုသည် လူတိုင်းနှင့်သက်ဆိုင်သည်ဟူသော သူ၏ မယိမ်းယိုင်သောယုံကြည်ချက်တွင် တည်ရှိသည်။ သူသည် ရဲရင့်သည်၊ ယုံကြည်မှုရှိပြီး လူအများစုပင် အိပ်မက်မမက်ဝံ့သော လမ်းကို လျှောက်လှမ်းရန် မကြောက်သူဖြစ်သည်။ သူ၏ခေါင်းဆောင်မှုသည် သူ၏ရဲဘော်များကိုသာမက လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိသောဘဝကို ရှာဖွေနေသည့် လူငယ်များစွာကိုပါ လှုံ့ဆော်ပေးခဲ့သည်။ သူ၏တာဝန်ထမ်းဆောင်ရာတွင် ဗိုလ်မှူးဒါဘောသည် စိတ်ပျက်အားငယ်မှုများနှင့် မပြည့်စုံသော ကတိများ၏ လေးလံသောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်ခဲ့ရသည်။ သို့တိုင် သူသည် လှည့်မပြန်ခဲ့ပေ။ ဒေါသ သို့မဟုတ် စိတ်ပျက်အားငယ်မှုတို့ကို သူလက်မခံခဲ့ပေ။ ယင်းအစား သူသည် ပိုမိုခက်ခဲသောလမ်းကို ရွေးချယ်ခဲ့သည်။ ဆက်လက်တိုက်ပွဲဝင်ခြင်း၊…
-

အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်ဖို့အတွက် အဖေဖြစ်သူကို အမြန်မီးသင်္ဂြိုလ်ပြီး ရှေ့ထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ် ၆ တပ်ရင်း ဆေးမှူးက ၎င်းရဲ့အဖြစ်အပျက်ကို ကျည်ငါးသောင်းကမ်ပိန်းဖြစ်တဲ့ အနောက်ဖက်လွင်ပြင်သို့ကမ်ပိန်းမှာ ပြီးခဲ့ရက်ပိုင်းက အခုလို ပြောကြားခဲ့ပါတယ်။ ၎င်းကိုယ်တိုင် ခြေတစ်ဖက်မသန်တော့ပေမဲ့ လက်ရှိတော်လှန်ရေးကို နားတော့မယ်လို့ စိတ်ကူးတိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို မြင်ယောင်တဲ့အတွက် အသက်ရှင်နေသ၍ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ၄င်းကပြောဆိုခဲ့ပါတယ်။ Video-အနောက်မြောက်လွင်ပြင်သို့
-

စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်
သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။ ပေါက်ကွဲသံသည် ကိုမြကြီးရှိနေသည့်နေရာနှင့် တစ်မိုင်ခွဲလောက်အကွာကနေထွက်ပေါ်လာခြင်းဖြစ်ပြီး အသံကြားလိုက်ရသည် နှင့် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည်ကို ကိုမြကြီးတစ်ယောက်သိလိုက်သည်။ “ကျနော့အနေနဲ့ဒီလောက်ထိဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ်လို့တော့လုံးဝမထင်ထားခဲ့ဘူး။ အခုမနက်ဘဲ နယ်မြေရှင်းလင်း ရေးလုပ်ရင်း ကလေးလေးရဲ့ လက်တစ်ဖက်ကိုခြုံထဲမှာရှာလို့တွေ့တာ“ဟုဆိုကာ အားတင်းပြီးပြောပြနေဟန်တူသည့် ကိုမြကြီးဆီက ငိုသံတစ်ချက်တစ်ချက်ကြားရသည်။ ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများအတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် အောက်တိုဘာလ ၆…