Category: Feature

  • တိုင်းပြည်မီးလောင်နေချိန်တွင် စောင်းတီးနေသူများ

    တိုင်းပြည်မီးလောင်နေချိန်တွင် စောင်းတီးနေသူများ

    သမိုင်းဟောင်းကို ပြန်ကြည့်လျှင် ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်လောင်နေချိန်တွင် ဧကရာဇ် နီရိုး (Nero) သည် စောင်းတီးကာ သီချင်းဆို အေးအေးလူလူ အပျော်ရှာနေခဲ့သည်ဟူသော မှတ်တမ်းရှိခဲ့ဖူးသည်။ ယနေ့ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှာလည်း ထိုပုံပြင်ပါ ဖြစ်ရပ်နှင့် တုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် ဆင်တူလျက်ရှိပါသည်။ နိုင်ငံအနှံ့အပြားတွင် စစ်မီးများ၊ စီးပွားရေးပျက်ကပ်မီးများနှင့် လူမှုရေးပြိုကွဲမှုမီးများ အရှိန်အဟုန်ပြင်းစွာ လောင်မြိုက်နေချိန်တွင် တာဝန်ရှိသူအချို့နှင့် အခွင့်ထူးခံလူတန်းစားတို့မှာမူ ပြည်သူတို့၏ ငိုရှိုက်သံကို မျက်ကွယ်ပြုကာ “စောင်းတီး” နေကြဆဲ ဖြစ်သည်။ တိုင်းပြည်မီးလောင်ရာတွင် အရှိန်အဟုန်အပြင်းဆုံးမှာ ပြည်သူတို့၏ အစာအိမ်ကို တိုက်ခိုက်နေသော “ကုန်ဈေးနှုန်း” နှင့် “ငွေကြေးဖောင်းပွမှု” မီးလျှံဖြစ်သည်။ နေ့စဉ်ဝင်ငွေနှင့် ထွက်ငွေ မမျှတတော့ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတို့သည် အခြေခံလူတန်းစားများ၏ ဘဝကို ပြာပုံအတိ ဖြစ်စေခဲ့သည်။ အုပ်ချုပ်သူလူတန်းစားအချို့က ကိန်းဂဏန်းအချက်အလက်အတုများဖြင့်…

  • မြို့ပြညရဲ့ အိမ်ပြန်လမ်းတွေ

    မြို့ပြညရဲ့ အိမ်ပြန်လမ်းတွေ

    ဒီနေ့ည အိမ်အပြန်လမ်းဟာ အိမ်ရောက်တာတောင် ရင်တုန်မပြေနိုင်လောက်အောင် ဆိုးဝါးလွန်းခဲ့ပါတယ်။ ခေတ်ပျက်နေတဲ့အချိန်မှာ ကိုယ်တိုင်ကြုံလိုက်ရတဲ့ အဖြစ်အပျက်မို့ အားလုံးသင်ခန်းစာယူနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ​ 🚩 မယုံကြည်ရတဲ့ ဖြစ်စဉ်များ ​ App ထဲက ကားနံပါတ်နဲ့ လာရပ်တဲ့ကားက တစ်ခြားစီ – “ကားပြင်နေလို့ အစားထိုးမောင်းတာပါ” ဆိုတဲ့ စကားကို ယုံမိပြီး တက်စီးခဲ့တာက ကျွန်တော့်အမှားပါ။ ​ လူတစ်ယောက် ထပ်တင်ဖို့ ကြိုးစားလာခြင်း – လမ်းတစ်ဝက်မှာ “သူ့သူငယ်ချင်းပါ” ဆိုပြီး လူတစ်ယောက်ကို ကားပေါ်ထပ်တင်ဖို့ ကြိုးစားလာတဲ့အတွက် အတင်းဆင်းခဲ့ရပါတယ်။ ​ ဟန်ဆောင်အကူအညီတောင်းမှ ပြေးသွားခြင်း – ဖုန်းထုတ်ပြီး တစ်စုံတစ်ယောက်ကို အကူအညီတောင်းသလို ဟန်ဆောင်လိုက်မှပဲ အဲဒီလူတွေ ကားမောင်းပြေးသွားပါတော့တယ်။ ​ 💔 လုံခြုံမှုပျောက်ဆုံးနေတဲ့ မြို့ပြ ​…

  • ဂမ္ဘီရကြက်ခြေ ပါကြရဲ့လား

    ဂမ္ဘီရကြက်ခြေ ပါကြရဲ့လား

    ပါတဲ့သူတွေဟာ ကံအထူးဆုံးလူသားတွေပါ ဂမ္ဘီရကြက်ခြေ ပါရှိခြင်းသည် ကောင်းသော အမှတ်အသားတစ်ခုဖြစ်ကြောင်း ကျွန်တော် ထောက်ခံပါသည်။ သို့သော် ဤလက်အမှတ်ပါရှိသူများသည် ဤဘဝတွင် လောကဓံကို အတော်အသင့် ခံစားကြရမည့်သူများ ဖြစ်သည်ဟု အတိအကျ ပြောလိုပါသည်။ သက်သက်သာသာနှင့် ဘာတစ်ခုမျှ အလကားရရှိခြင်း မရှိသလို၊ တစ်ကြိမ်တည်း ကြိုးစားရုံမျှဖြင့်လည်း အဆင်မပြေတတ်ပေ။ အနည်းဆုံး နှစ်ကြိမ် ကြိုးစားအားထုတ်ရသူများ ဖြစ်ပါသည်။ ဂမ္ဘီရကြက်ခြေ ပါရှိသူများ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁. အများအကျိုးဆောင် : လူပင်ပန်း၊ စိတ်ပင်ပန်းခံကာ အများအတွက် ဆောင်ရွက်ပေးရသူများ ဖြစ်သည်။ ၂. အားကိုးခံရသူ : လူအများ၏ အားကိုးအားထား ခံကြရသူများ ဖြစ်သည်။ ၃. အိပ်မက်ထူး : ထူးဆန်းသော အိပ်မက်များကို မြင်မက်လေ့ရှိသည်။ ၄.…

  • အမ်ပီတီ ဒုံးပျံ FTTH အင်တာနက်ဝန်ဆောင်မှု

    အမ်ပီတီ ဒုံးပျံ FTTH အင်တာနက်ဝန်ဆောင်မှု

    အမ်ပီတီ ဒုံးပျံ FTTH အင်တာနက်ဝန်ဆောင်မှုကို ဒဲ့ပြောပါမယ်။ မတ်လ ၁၃ ရက် နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှာ EPC က ကြိုးတွေ အကုန် ဖြ၊တ်ချသွားလို့ အင်တာနက် ဝန်ဆောင်မှု ပြတ်တောက် သွားပါတယ်။ အမ်ပီတီ Call center ကို အကြောင်းကြားပါတယ်။ ၄၈ နာရီ စောင့်ပါလို့ ပြောတယ်။ ဒီနေ့ ၄၈ နာရီပြည့်လို့ ပြန်ဆက်တော့ ဘာမှ မတတ်နိုင်တဲ့ ပုံစံမျိုးနဲ့ ဒီအတိုင်း ငြိမ်ခံလိုက် တိုင်စိုက် ကြိုးသွယ်ပြီးမှ ဝန်ဆောင်မှု ပြန်ရမယ်။ ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတာ သူတို့လည်း မသိဘူးတဲ့။ အင်တာနက်ဖိုးကျတော့ တရက် နောက်ကျတာနဲ့ အတိအကျ ဖြ၊တ်တယ်။ အင်တာနက်ကျတော့ ဘယ်တော့ရနိုင်မလဲဆိုတာ မပြောနိုင်တဲ့ ကမ္ဘာ့အံ့ဖွယ်…

  • “သေတပန် သက်ဆုံးတိုင်… ခင်ပွန်းဖြစ်သူ သင်္ဂြိုဟ်မည့်မနက်မှာ လိုက်ပါကွယ်လွန်သွားခဲ့တဲ့ အဘွားနှင့် အဘိုးတို့၏ အံ့မခန်းသံယောဇဉ်”

    “သေတပန် သက်ဆုံးတိုင်… ခင်ပွန်းဖြစ်သူ သင်္ဂြိုဟ်မည့်မနက်မှာ လိုက်ပါကွယ်လွန်သွားခဲ့တဲ့ အဘွားနှင့် အဘိုးတို့၏ အံ့မခန်းသံယောဇဉ်”

    ​မေတ္တာတရားဆိုတာ သေခြင်းတရားကတောင် ခွဲမရနိုင်ဘူးဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။ ​ အသက် (၉၆) နှစ်အရွယ် အဘိုး ဦးအေးသောင်းဟာ မတ်လ (၁၂) ရက်နေ့ ည (၁၀) နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဘိုးရဲ့ နာရေးအတွက် ပြင်ဆင်နေကြရင်း အဘိုးကို သင်္ဂြိုဟ်မည့်နေ့ မနက်မှာပဲ ဇနီးဖြစ်သူ အသက် (၉၄) နှစ်အရွယ် အဘွား ဒေါ်ညွန့်ခင်ဟာလည်း အဘိုးအပေါ်ထားတဲ့ သံယောဇဉ်စိတ်နဲ့ပဲ လိုက်ပါကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ​ ဘဝတစ်လျှောက်လုံး အတူလက်တွဲလာခဲ့ကြသလို နောက်ဆုံးခရီးမှာလည်း တစ်ယောက်တည်း မသွားစေဘဲ အတူတူ သွားနိုင်အောင် စောင့်ဆိုင်းနေခဲ့ကြသလား ထင်ရပါတယ်။ ခင်ပွန်းဖြစ်သူကို သင်္ဂြိုဟ်မယ့်နေ့မှာပဲ ဇနီးသည်က ထပ်မံကွယ်လွန်သွားတာကြောင့် အဘိုးနဲ့ အဘွားကို တစ်နေ့တည်း၊ တစ်ချိန်တည်းမှာပဲ အတူတူ သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။ ​…