Category: Feature


  • The Asahi Shimbun ဝင်းလက်တောက်ပသော ပန်းရောင်ဝတ်စုံဖြင့် သွယ်လျသော ခန္ဓာကိုယ်အချိုးအစားကို ပြရင်း အသက် ၆၆ နှစ်ရှိ ဂျပန်အမျိုးသမီးကြီးတဦးသည် သာမန်အားဖြင့် သူ့အသက်၏ သုံးပုံတပုံခန့်ရှိ ပြိုင်ပွဲဝင်များအတွက်သာ ဖြစ်သော မယ်ပြိုင်ပွဲတခု၌ ၁၆ စင်တီမီတာ ဒေါက်မြင့်ဖိနပ်စီးပြီး ယုံကြည်မှုအပြည့်ဖြင့် ဟန်ပါပါ လျှောက်ပြသည်။ ပရိသတ်အာရုံအောက်၌ သူလျှောက်ပြမှုက တမိနစ်သာသာမျှသာ ကြာသည် ဆိုသော်ငြား “ကျွန်မက ကြယ်တပွင့်ပါ။ ဒါက ကျွန်မရဲ့ အခိုက်အတန့်ပါပဲ” ဟု ဂျန်ကို ဆာကာအိ က ပြောသည်။ မယ်စကြဝဠာ ဂျပန် (Miss Universe Japan) ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရသည့် အသက်အကြီးဆုံး ပြိုင်ပွဲဝင် ဖြစ်သည့် ဆာကာအိ ကို လက်ခုပ်ဩဘာသံများ တခဲနက် ပေးကြသည်။ သူသည်…

  • အမျိုးသား ပြည့်တန်ဆာများနဲ့ သူတို့ဘဝ၊ သူတို့ အခက်အခဲများ

    ရန်ကုန်မြို့ရဲ့ တခုသော မြို့နယ်ထဲက ရထားလမ်းနဲ့ အပြိုင်ဖြစ်နေတဲ့ ကွန်ကရစ်လမ်းလေးဘေးမှာ ကိုတိုးတိုး တယောက်တည်း မတ်တတ်ရပ်နေတယ်။ အချိန်ကလည်း ညနေစောင်း မှောင်ရီဝိုးတဝါး ဖြစ်နေပြီ။ ဒီလမ်းထဲမှာ ဈေးသည် တချို့ကလည်း ဈေးသိမ်းပြီးလို့ လူတွေလည်း ပြတ်စပြုနေပြီ။ ကိုတိုးတိုး ဝတ်စားထားတာက ဂျင်းဘောင်းဘီ အတို၊ တီရှပ်အကျႌ လက်တို ဖြစ်နေပေမယ့်၊ သူ့ဟန်ပန်၊ သူ့အမူအရာ တွေက မိန်းကလေးတဦးလို သွားလာ၊ လှုပ်ရှားနေတာကို တွေ့ရတယ်။ ခဏ အကြာမှာ သူ့အနားကို ယောက်ျားလေး ၂ ဦး ကပ်လာပြီး စကားတွေ တီးတိုးပြောကြတယ်။ ပြီးတော့ အဲဒီထဲက ကောင်လေးတယောက်က ပိုက်ဆံ ထုတ်ပေးတာကို မြင်ရတယ်။ အဲဒီနောက်တော့ ပိုက်ဆံပေးတဲ့ ကောင်လေးက ထွက်သွားပြီး ကိုတိုးတိုးနဲ့ ကျန်ခဲ့တဲ့ ကောင်လေး…

  • သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ရတဲ့ သူမ

    နှစ်အကြာကြီးထိ သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ရတဲ့ သူမတို့အကြောင်းလေး ပုံ့ပြောပြမယ်…. လူရယ်လို့ဖြစ်လာပြီမို့ လောကဒဏ်ရဲ့ ရိုက်နှက်မှုကို ခံရတာ သိပ်တော့ မဆန်းလှပါဘူး…ဒါပေမဲ့ အဲ့ဒီ့ လောကဒဏ် ဆိုတာကြီးက သူတို့ သားအမိကိုမှ ခဏခဏ လွှဲ လွှဲ ရိုက်နေတာကတော့ အရမ်းကို ရင်နာစရာ ကောင်းလှပါတယ်….. သူတို့သားအမိ ပုံ့ဆီရောက်လာပုံလေးက ထူးဆန်းတယ်…ပုံ့ ဖွင့်ထားတာ ဘိုးဘွားရိပ်သာဆိုတော့ ပုံမှန်ဆို သားသမီးတွေက ပစ်သွားတဲ့ မိအိုဘအိုတွေဘဲ ရောက်လာတတ်ကြတယ်…သူတို့ကတော့ ထူးထူးခြားခြား မအေကိုယ်တိုင်က သူ့သမီးလေးကို ရိပ်သာအပ်ပါရစေဆိုပြီး ခွင့်လာတောင်းခဲ့တာ…. သူတို့ သားအမိ ပုံ့ဆီရောက်လာခဲ့တာ ခုဆောင်းတွင်းဆို တနှစ်ပြည့်ခဲ့ပြီ…သူတို့ရဲ့ ဇာတ်လမ်းလေးဟာ ရင်နာစရာကောင်းလွန်းလို့ ရေးဖို့တောင် စကားလုံးတွေ ရှာမရခဲ့ဘူး…ဒါပေမဲ့ လောကကို လွယ်လွယ်အရှုံးပေးတတ်ကြသူတွေကို တွေ့တိုင်း ဒီသားအမိအကြောင်းလေးကို ရေးပြချင်ခဲ့မိပါတယ်…. ×××××××××××××××× မနှစ်ကဆောင်းရာသီရဲ့…

  • ကျနော် မနေ့တနေ့က မြို့ထဲဘက် ခဏသွားရင်း ဘတ်စ်ကားပေါ်နဲ့ လမ်းဘေးပလပ်ဖောင်း တွေပေါ်မှာ မှတ်ပုံတင်ပြီးသား Sim Card တွေကို တစ်ခုကိုမှ မြန်မာငွေ တစ်ထောင်ကျပ်နဲ့ လိုက်လံရောင်းချနေကြတာကို တွေ့ခဲ့ရတယ်ဗျ…။ ကျနော်တို့ မြန်မာလူမျိုးဆိုတာကလည်း စျေးပေါပြီဆိုတာနဲ့ အရည်အသွေးဆိုတာကို လှည့်မကြည့်တော့ဘူး… အဲ့ဒီ့ Sim Card တွေကို ဝယ်လိုက်ကြတာဆိုတာ အုန်းအုန်းထပဲဗျို့…။ အဲ…ပြောချင်တဲ့ ပြဿနာက အခုမှစမှာပါ… ကျနော်ရန်ကုန်ပြန်ရောက်ကထဲက ကျနော့်သူငယ်ချင်းတစ်ယောက်ကို မဆက်သွယ်မိတာ ကြာနေလို့ဆိုပြီး ကျနော် ဖုန်းခေါ်လိုက်မိတယ်… သူ့ဘက်က ဖုန်းမကိုင်ဘူးဗျ… သုံးလေးခါ ကျနော်ဆက်ခေါ်တယ်…မကိုင်ဘူး…။ အဲဒါနဲ့ ကျနော်လည်း သူ့မိဘတွေဆီ ဖုန်းဆက်ကြည့်လိုက်တော့… သူ့အမေ ကျနော့်ကိုပြောလိုက်တဲ့စကားက… “သားရေ…သားသူငယ်ချင်း အန်တီ့သားကတော့ အင်းစိန်ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ၆ လရှိပြီ… ဖုန်းလည်း အသိမ်းခံထားရတယ်…” တဲ့ဗျာ…။…

  • VPN အသုံးပြုလို့မရတဲ့ ပြဿနာ

    ပြည်တွင်းမှာလူသုံးများတဲ့ VPN အချို့ချိတ်ဆက်မရမှုတွေ ပြန်လည်ဖြစ်ပွား ယခုရက်ပိုင်းအတွင်းပြည်တွင်းမှာလူသုံးများတဲ့ VPN တွေချိတ်မရတဲ့ပြဿနာဖြစ်ပေါ်နေပြီးဒါဟာအချို့‌ သော VPN တွေအနေနဲ့ပိတ်ပင်ခံရတာဖြစ်နိုင်တယ်လို့နည်းပညာကျွမ်း ကျင်သူတွေက သုံးသပ်‌ ပြောပြပါတယ်။ Facebook မှာ VPN ချိတ်မရပေမယ့်အခြားသော TikTok,YouTube တို့ကဲ့သို့သော Social လူမှုကွန်ရက်တွေကတော့လွယ်လွယ်ကူကူအသုံး ပြုလို့ရနေသေးတယ်လို့လူမှု့ကွန် ရက်အသုံးပြုသူ User တွေကပြောပါတယ်။ “VPN ချိတ်မရဘူးဆိုတာကလူသုံးများတဲ့ VPN တွေပါ။လူအရမ်းအ သုံးများတဲ့ VPN တွေပေါ့လေ၊ဒါတွေကလူသုံးတာအရမ်းများလာတဲ့အခါပိတ်သွားတာမျိုးဖြစ်တတ်တယ်။တချို့ VPN တွေဆိုအပြီးပိတ်သွားတာမျိုးသုံးမရတာမျိုးရှိတတ်ပါတယ်။ ဒါပေမဲ့ Free VPN တွေကအများကြီးရှိတော့ တခုမရတခုချိတ်သုံးကြည့်ရမှာပါ။ VPN အား လုံးကိုလိုက်ပိတ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ VPN အမျိုးအစားပေါင်းများစွာရှိနေပါတယ်”လို့ မြန်မာနိုင်ငံသားအိုင်တီနည်းပညာရှင်တယောက်က ပြောပါတယ်။ အခုလို VPN အများစုကိုအသုံးပြုလို့မရတာ VPN တွေအပိတ်ခံရတာဟာသိပ်စိုးရိမ်စရာမလိုဘဲ၊Google နဲ့ Play Store တွေမှာ…