ကျွန်တော့်ရဲ့ဇာတိမြို့လေးက

ဆန့်ကျင့်ဘက်နှစ်မျိုးနဲ့ကျော်ကြားတယ်

တစ်ခုက စာပေပယိတ္တိသင်ကြားပို့ချတဲ့စာသင်တိုက်ကြီးတွေရှိပြီး

သာသနာတော်နေလိုလလိုထွန်းပတယ်

နောက်တစ်ခုကတော့ ပြည့်တန်ဆာလုပ်ငန်း အင်မတန်ထွန်းကားလွန်းလို့

“ဖာပေါဖုတ်ထူ ပခုက္ကူ”လို့တောင် စာချိုးခံရတယ်

ကျွန်တော်တို့မြို့ဟာ

ပြည့်တန်ဆာရပ်ကွက် သီးသန့်ရှိတယ်

အဲဒီရပ်ကွက်ဟာ မြို့မြောက်ဘက်အစွန်ဆုံးရပ်ကွက်ပဲ

အဲဒီရပ်ကွက်ကို မြောက်ကုန်း သို့မဟုတ် ကျောက်ကုန်းလို့

ခေါ်ကြပါတယ်

တစ်နေ့တော့ သတင်းထူးတစ်ခုထွက်လာတယ်

“မြောက်ကုန်းက ဖာသည်မိကြည်မှာ

နို့သုံးလုံးရှိတယ်”

ဘာပြောကောင်းမလဲ…

ပခုက္ကူတစ်မြို့လုံး ရှိရှိသမျှယောက်ျား

အရွယ်ရောက်ပြီးသားရော အရွယ်မရောက်တရောက်ရော

အကုန်မြောက်ကုန်းရောက်ကုန်ကြပါလေရော

ဟိုဒင်းပြုချင်တာထက် မိကြည်ရဲ့ထူးခြားဆန်းကြယ်မှုကို

မြင်ဖူးချင်ကြတာကိုး…

တစ်ချို့ကလည်း မယုံလို့လာကြည့်ကြတာ…

ဟိုရောက်တော့ လူကများလွန်းပြီး

မိကြည်ရဲ့ပေါက်စျေးကလည်း မြင့်သွားလိုက်တာ အံ့မခန်း

သာမန်ပြည့်တန်ဆာကို ဟိုသင်းပြုရင် ငါးကျပ်

အလွန်ဆုံးတစ်ဆယ်ပေါ့

မိကြည်က ဘယ်လောက်မှတ်သလဲ…

ငါးရာတဲ့ဗျာ…

မိကြည်ရဲ့စျေးတန်းကြားတာနဲ့

တစ်ချို့က လှည့်ပြန်သွားကြတယ်…

“မယုံတော့ မယုံဘူးကွာ

ဒါပေမယ့် ကြည့်ရမယ့် စျေးကများလွန်းတယ်

တတ်နိုင်ဘူး”

ဒါဆို…

ငါးရာပေးပြီးကြည့်တဲ့သူ မရှိဘူးလားဆိုတော့

ရှိပါတယ်

သုံးယောက်…

သူရဲကောင်းသုံးယောက် မြို့ထဲပြန်ရောက်လာတော့

ကာလသားတွေက ဝိုင်းမေးကြတယ်

“မိကြည်မှာ နို့သုံးလုံးရှိတာ တကယ်လား”ဆိုပြီး…

အဲဒီသုံးယောက်က တစ်လေသံတည်းပြန်ပြောတယ်

“သုံးလုံးရှိတာက ဟုတ်တယ်

နှစ်လုံးက သူ့နဂိုပါရင်းနို့

တစ်လုံးက အလယ်ခေါင်မှာပေါက်နေတဲ့

ကြွက်နို့ကြီးဟ…”တဲ့…

ဖြစ်ပုံက

မိကြည်ရဲ့ပါရင်းပစ္စည်းနှစ်ခုရဲ့အလယ်မှာ

ကြွက်နို့ကြီးပေါက်နေတာပါ

ဒါကိုပဲ သူတို့ ပြည့်တန်ဆာအချင်းချင်း

“မိကြည်က နို့သုံးလုံးတော့…”ဆိုပြီး စနောက်ကြရင်း

ဖာခေါင်းတွေကကြားပြီး မြို့ထဲကို သတင်းလွှင့်လိုက်တာ

ခုခေတ်လိုဆို ဖွတယ်၊ ပွဲဆူအောင်လုပ်တယ်ပေါ့…

လိမ်တယ်လို့ပြောရအောင်ကလည်း

မိကြည်မှာနို့သုံးလုံးရှိနေတာက အမှန်ပဲလေ

မယုံလို့သွားကြည့်တဲ့သူတွေ ငါးရာပေးကြရတာပေါ့

သုံးယောက်ကြည့်တော့ ထောင့်ငါးရာ…

မိကြည်လည်း အဆင်ပြေ၊ သူ့ရဲ့ခေါင်းတွေလည်း အိုကေပေါ့

ဘာပြောပြော

မယုံလို့ကြည့်ချင်တဲ့သူတွေဆီက ငါးရာရအောင်လုပ်နိုင်တဲ့

ပြည့်တန်ဆာတွေရဲ့ဉာဏ်ကိုတော့ မချီးမွမ်းပဲကို မနေနိုင်ဘူး

အေးတာပဲ…

ဇော်သစ်


Leave a Reply

Your email address will not be published. Required fields are marked *