Category: Article

  • ဖရဲသီး တို့၏ စွန့်လွှတ်စွန့်စားမှု

    ဖရဲသီး တို့၏ စွန့်လွှတ်စွန့်စားမှု

    တချိန်က ကျောက်ဆိုင် ကျောက်သား ကြီး အလား ခိုင်မာ တောင့်တင်းလှပေသည်ဟု ယူဆခံထားရသော မြန်မာ စစ်တပ်သည် ယခုအခါ အတွင်း လှိုက်စား မှု များ ဖြင့် ချိနဲ့ ယိမ်းယိုင်လာနေပြီ ဖြစ်သည်။ “ဖရဲသီး” ဟု ခေါ်ကြသည့် စစ်တပ်တွင်း စပိုင်များ၏ ကွန်ယက်သည် ကြီးမား ကျယ်ပြန့်လာနေသည်။ ထိုသို့ ကျယ်ပြန့်လာခြင်းမှာလည်း လူထု ကို ရန်သူ သဖွယ် ပြုမူ နေမှု များ ကြောင့် စစ်တပ် အတွင်း ဂုဏ်သိက္ခာ ဟူ၍မရှိတော့ပဲ ကျင့်ဝတ်၊ စာရိတ္တများများ ပျက်ပြား လာနေမှု ကို လက်မခံနိုင် ဟု ယူဆလာနေခြင်း၊ မိမိတို့ ဆက်၍ ရှင်သန် ရပ်တည် သွားလိုသည့် စိတ်ရင်း…

  • မာနယ်ပလော အလွမ်း

    မာနယ်ပလော အလွမ်း

    (၁) သူသည် သတင်းခေါင်းစဉ်ကို အဆုံးအထိ ဖတ်လိုက်ပြီးသောအခါ သတင်းကို ဆက်မဖတ်သေးဘဲ ခဏရပ်ထားလိုက်၏။ သူ့လက်တွေ ရုတ်တရက် ပူနွေးလာနေကြ၏။ သူက စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ သတင်းကို အ‌သေအချာ ဆက်ဖတ်ရလေသည်။ “ကရင်အမျိုးသားအစည်းအရုံး (KNU) လက်‌အောက်ခံ တပ်မဟာ ၇ မာနယ်ပလောရှိ စစ်ကောင်စီ၏ ပွိုင့် ၉၁၃ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ပူးပေါင်းတပ်များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် စောတောနီးက လွတ်လပ်သော ကရင်အမျိုးသားမီဒီယာသို့ ပြောဆိုသည်။” သူက သတင်းဆုံးသည်နှင့် သတင်းဓာတ်ပုံများကို စိတ်လှုပ်ရှားစွာဖြင့်ပင် လိုက်ကြည့်သည်။ သောင်ရင်းမြစ်ကမ်းစပ်မှ ရိုက်ထားသော မာနယ်ပလော သစ်ပင်တောတန်းများကို တွေ့ရ၏။ တချိန်က သူသည် သည်သောင်စပ်တွင် လမ်းလျှောက်ခဲ့ဖူးသည်။…

  • နပခ ဇာတ်သိမ်းခန်း (ရုပ်သံ)

    နပခ ဇာတ်သိမ်းခန်း (ရုပ်သံ)

    အလံဖြူ​ထောင် လက်ကိုကြိုးချီလျက် အရွယ်စုံအမျိုးသား​တွေက ​ခေါင်းငိုက်စိုက်ချ လမ်း​လျှောက်​လာကြပါတယ်။ သူတို့ နဲ့ ခပ်လှမ်းလှမ်း​နောက်ဘက်မှာ​တော့ မီးခိုးလုံးကြီးကိုအတိုင်းသား​တွေ့ရပါတယ် ။ မီးခိုးထွက်​နေ​တဲ့ အ​ဆောက်အအုံကို ဒရုန်းနဲ့ အနီးကပ်ရိုက်ကူးထား​​တဲ့ မှတ်တမ်းရုပ်သံမှာအ​ဆောက်အအုံရဲ့ အလယ်တည့်တည့်​မှာ မီးပြင်းစွာ စွဲ​လောင်​နေ​ပါတယ်။အဲဒီအ​ဆောက်အဦး နဲ့ အနီး ဝန်းကျင်က အ​ဆောက်အအုံ ​တွေရဲ့ ​ခေါင်းမိုးအများစုမှာလည်း ပျက်စီး​နေပါ​တော့တယ်။ စစ်​တပ်ရဲ့ စစ်​ရေးပြအခမ်းအနား​တွေမှာမော်ကြွားလေ့ရှိ​တဲ့ အတွဲလိုက်ပစ်ဒုံးစင် တင်ကားနှစ်စီးလည်း အနီးရှိကွင်းပြင်မှာ မပစ်နိုင်​​တော့ပဲရပ်ထားလျက်တွေ့ရပါတယ် ။ အပျက်အစီးများစွာနဲ့ မီးစွဲ​လောင်​နေတဲ့ အ​ဆောက်အအုံ​တွေက ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့အချက်အချာအကျဆုံး အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးချုပ်ဖြစ်ပါတယ် ။ အထက်ပါမြင်ကွင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုရဲ့ ဇာတ်သိမ်းခန်းဖြစ်ပါတယ် ။အမ်းမြို့ အ​ခြေစိုက် နပခ ရဲ့ဇာတ်သိမ်းက ​မောင်​တောနခခ (၅) ဇာတ်သိမ်းနဲ့ မ​ရှေးမ​နှောင်းပြည်သူ​တွေမြင်​တွေ့​နေရတာပါ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပြီးရင်…

  • လူပြောများသည့် မာနယ်ပလောအကြောင်း

    လူပြောများသည့် မာနယ်ပလောအကြောင်း

    ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်သည့်သတင်းသည်လူပြောများခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မာနယ်ပလောသည် KNU သာမကတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတို့အတွက် အစဉ်အလာကြီးမားသည့်နေရာတစ်ခုဖြစ်သည်။ မနယ်ပလော (ကရင်ဘာသာ) ကို ဗမာလို အောင်ပွဲရ နယ်မြေ သို့မဟုတ် အောင်မြေ လို့အနီးစပ်ဆုံးဘာသာပြန်ဆိုနိုင်သည်။ မာနယ်ပလောကို သြဇာကြီးမားသည့်အထင်ကရ ကရင်ခေါင်းဆောင်ကြီးလည်းဖြစ် KNU ၏ ဥက္ကဋ္ဌဟောင်း လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြ ကိုယ်တိုင်ဦးစီးဦးဆောင်တည်ဆောက်ခဲ့သည့် KNU ဌာနချုပ်ဖြစ်ခဲ့ပြီး ၁၉၉၅ မတိုင်ခင် မာနယ်ပလောဒေသသည် KNU ၏ဌာနဆိုင်ရာရုံးများ၊ သင်တန်းအဆောင်အဦးများ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် အလွန်စည်ကားခဲ့ပြီး မဟာမိတ်အဖွဲ့အစည်းတို့၏ အခြေစိုက်ရာ နေရာြဖစ်သည်။ ကရင်လူမျိုးများအထွဋ်အမြတ်ထားသည့်အထိမ်းအမှတ်နေ့တွေဆိုရင်လည်း အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ လက်၀ှေ့ပွဲ၊ ဘောလုံးပွဲစသည့်…

  • မင်းအောင်လှိုင် အဖြေညှိရမည့် ပဟေဠိ များ

    မင်းအောင်လှိုင် အဖြေညှိရမည့် ပဟေဠိ များ

    ဒေါက်တာ ဆာဆာ ဦးဆောင်သော အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ခရီးစဉ် အတွင်း အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်များ၊ အထက်လွှတ်တော် အမတ်များ နှင့် တွေ့ဆုံခဲ့သည် ဟု သိရသည်။ ဒေါက်ဝာာ ဆာဆာ တွေ့ဆုံခဲ့သူများသည် ဇန်နဝါရီလ တွင် သမ္မတ ဖြစ်လာမည့် ဒေါ်နယ် ထရန့်၏ ယုံကြည်စိတ်ချခြင်း ခံထားရသူ များ ဖြစ်သည်။ NUG ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် အမေရိကန် အစိုးရသစ် နှင့် ဆက်‌ဆံရေး တည်ဆောက်သော ပမာဏ ခရီးစဉ် ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမည့် အထက်လွှတ်တော် အမတ် မာကို ရူဘီယို ရုံး…