ဒေါက်တာ ဆာဆာ ဦးဆောင်သော အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ခရီးစဉ် အတွင်း အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်များ၊ အထက်လွှတ်တော် အမတ်များ နှင့် တွေ့ဆုံခဲ့သည် ဟု သိရသည်။

ဒေါက်ဝာာ ဆာဆာ တွေ့ဆုံခဲ့သူများသည် ဇန်နဝါရီလ တွင် သမ္မတ ဖြစ်လာမည့် ဒေါ်နယ်
ထရန့်၏ ယုံကြည်စိတ်ချခြင်း ခံထားရသူ များ ဖြစ်သည်။

NUG ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် အမေရိကန် အစိုးရသစ် နှင့် ဆက်‌ဆံရေး တည်ဆောက်သော ပမာဏ ခရီးစဉ် ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမည့် အထက်လွှတ်တော် အမတ် မာကို ရူဘီယို ရုံး နှင့်လည်း ဆက်သွယ်ရေး လမ်းကြောင်း တည်ဆောက် နိုင်ခဲ့သည် ဟု ဆိုသည်။ မည်သည့် အကြောင်းအရာ များ ‌ဆွေးနွေးခဲ့သည် ဆိုသည်ကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိပေ။

လူ့အခွင့် အရေး အထူး သံတမန် တွန် အင်ဒရူး သည် အိုင်စီစီ ရှေ့နေချုပ် ကာရင် ခန် နှင့် ၎င်း၏ ရုံးခန်း ရှိရာ ဟိဂ် တွင် တွေ့ဆုံခဲ့ပြီး မင်းအောင်လှိုင်အား ထုတ်ပြန်မည့် ဖမ်းဝရမ်း ထွက်ရှိက အကောင်အထည် ဖေါ်‌ ပေးရန် နိုင်ငံတကာ အား တောင်းဆိုလိုက်သည်။

မြန်မာ အရေး စဉ်ဆက် မပြတ် ရေးသားနေသူ ကာဗီ ချောင်ကစ်တဗွန် မှ မကြာမီက ဆီရီယား သမ္မတ အာဆတ် ပြုတ်ကျပြီး တိုင်းပြည်မှ ထွက်ပြေးခဲ့ရမှု သည် စစ်အာဏာသိမ်း အဖွဲ့အား ချောက်လှန့်လာနေပြီဟု အစချီကာ ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်မှ ထုတ်နှုတ် တင်ပြသွားပါမည်။

အာဆတ် မင်းဆက်သည် ဆီရီယား အား နှစ်ပေါင်း ၅၅ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ပြည်ပ အင်အားကြီး နိုင်ငံများက ပံ့ပိုး ပေးနေသည့် ကြားမှ အဘယ့်‌ ကြောင့် ရုတ်ခြည်း ပြိုလဲသွားခဲ့ရသနည်း ဆိုသည်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သုံးသပ်နေမည်သာ ဖြစ်သည်။

မြန်မာ နှင့် ဆီရီယား အခြေအနေသည် ကွဲပြားသည် ဆိုသော် ငြားလည်း အာဏာရှင်တို့ ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲခြင်း နှင့် ထုံအအ နိုင်ခြင်းတို့ ကြောင့် အနေအထားကို အမှန်အတိုင်း မသုံးသတ် တတ်ပဲ လုံခြုံစိတ်ချမှု ရှိသည်ဟု ယူဆကြသည့် နေရာတွင် အတူတူပင် ဖြစ်သည်။

သား အာဆတ်သည် နှစ်ပေါင်း ၂၅ နှစ်ကြာ အုပ်ချုပ်ခွင့် ရခဲ့သော်လည်း ၎င်း၏ အုပ်ချုပ်ရေး တရားဝင် ဖြစ်အောင် ပြုပြင်ပြောင်းလဲရန် မကြိုးစားပဲ အတိုက်အခံ များကို ဖိနှိပ် အုပ်ချုပ် ရန်သာ ပြဋ္ဌာန်းထားသည့် အာဏာရှင်တို့၏ လက်စွဲ စာအုပ် ကိုသာ အားကိုးခဲ့သူ ဖြစ်သည်။ အာဆတ်၏ ကျဆုံးခန်းသည် သဲထဲ ခေါင်းမြုပ်ထားသူ များ အတွက် လေ့လာစရာ ဖြစ်လာခဲ့သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် မင်းအောင်လှိုင် လူထု အပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်ခဲ့မှု များသည် အာဆတ် လုပ်ခဲ့သည်များ နှင့် အတူတူပင် ဖြစ်သည်။

NUG အပါအဝင် တော်လှန်ရေး အဖွဲ့များသည်လည်း ဘူမိနိုင်ငံရေး အနေအထား များ မှန်ကန် လာပါက အာဆတ်ကဲ့သို့ ဖြစ်လာနိုင်သည်ဟု တွက်ဆထားကြသည်၊ စစ်မြေပြင် အနေအထား ပြောင်းလဲသွားရန် အနောက်အုပ်စု မှ ပေးလာနိုင်သည့် အကူအညီများကို မျှော်လင့်လာကြသည်။

၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ကျေးလက် ဒေသ အများစု ပါဝင်သော နိုင်ငံ၏ ဧရိယာ တဝက်နီးပါးကို ထိန်းချုပ် နိုင်ခဲ့ကြသည်။

လာမည့် လ များ အတွင်း အိမ်နီးချင်းများ ဖြစ်သော ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့ လှုပ်ရှားလာမည်လော၊ ငြိမ်သက်နေမည်လော ဆိုသည်ကို နိုင်ငံတကာ က စီစစ် စောင့်ကြည့်လာကြမည် ဖြစ်သည်။ ထို လေးနိုင်ငံသည် မြန်မာ၏ အနာဂတ် ကို အဆုံးအဖြတ်ပေးလာနိုင်သည့် အနေအထား တွင် ရှိနေသည်။ ခန့်မှန်းရ ခက်ပြီး လုပ်ချင်တာ လုပ်တတ်သော ရုရှား သည် လက်နက်များ ထောက်ပံ့ပေးနေပြီး အမေရိကန်သည် ဩဇာလွှမ်းမိုး နိုင်သည့် အနေအထား တွင် ရှိနေသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် အာဆတ်၏ ကြမ္မာ ဆိုး မျိုး မှ ရှောင်နိုင်ရန် အာဆီယံ၏ အချက် ငါးချက် တွင် ပါရှိသည့် အတိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အစစ်အမှန် နှင့် အဓိပ္ပါယ် အပြည့်အဝ ရှိမည့် နိုင်ငံ‌ ရေး ဆွေးနွေးမှု မျိုး လုပ်ရတော့မည် ဖြစ်သည်။

စစ်တပ် အဖို့ စိမ်ခေါ်လာမှု ကြီးက ထိုကဲ့သို့ သော အခွင့် အလန်း ပြတင်းတံခါးကြီး ပိတ်မသွားမီ ဆုံးဖြတ်ရတော့မည့် အခြေအနေ နှင့် ရင်ဆိုင်နေရမှု ပင် ဖြစ်သည်။

အာဆတ်၏ ကျဆုံးခန်း သည် မင်းအောင်လှိုင် အတွက် စေ့ဆပ်‌ ‌ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာရန် အချက်ပေး ခေါင်းလောင်းသံကြီးပင် ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် ဆီရီယား တော်လှန်ရေး အဖွဲ့များအား နိုင်ငံတကာ မှ ပူးပေါင်း ထောက်ခံမှု ပေးသလို မျိုး မြန်မာ တော်လှန်ရေး အဖွဲ့များ ဖက်မှ ထိုသို့‌ သော နိုင်ငံများ ထွက်ပေါ်လာနိုင်သည်၊ လက်ရှိတွင် ထိုသို့ ဖြစ်နိုင်‌ ခြေ နည်းသေးသော်လည်း အနောက်အုပ်စု မှ လက်ရှိ အနေအထားထက် နှစ်ဆ တိုး ‌ထောက်ခံလာမည် ဆိုက စစ်ပွဲသည် အရှိန် မြင့်လာသည် နှင့် အတူ စစ်ကောင်စီ၏ လက်ရှိ အနေအထားများ သေချာပေါက် ပျက်ပြားသွားနိုင်ပေသည်။

မင်းအောင်လှိုင် အဖို့ အာဆတ်၏ အတွေ့အကြုံမှ သင်ခန်းစာ ယူမည်လော၊ သို့တည်းမဟုတ် ၎င်း၏ ပျက်သုံးရာ လမ်းကြောင်း အတိုင်း ဆက်လျောက်တော့မည်လော ဆိုသည်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည် ဟု ရေးသားထားသည်။

ခန့်မှန်းရ ခက်နေသော ထရန့် အစိုးရ၊ နိုင့်ထက် စီးနင်း လုပ်လာနေ‌ သော တရုတ် အစိုးရ အကြား တွင် ဒေါက်တာဆာဆာ နှင့် အဖွဲ့၏ ဝါရှင်တန် ခရီးစဉ်သည် ပဟေဠိ ဆန်လာပြီး အရွေ့ကြီး တခု ဖြစ်လာရန် တွန်းအား ဖြစ်လာခဲ့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soe Wai


Leave a Reply

Your email address will not be published. Required fields are marked *