Category: Article
-

ရွှေလက်ဒေါ်ခင်စန်းရီ-ပရိသတ်သန်းကျော်ရှိတဲ့ လိုင်စင်မဲ့ ဆေးကုသူ
အနောက်တိုင်းဆေးပညာ ဆရာဝန်နဲ့ တိုင်းရင်းဆေး သမားတော် မဟုတ်တဲ့ လိုင်စင်မဲ့ အပ်ပုန်း၊ ရမ်းကု တွေဟာ လူသိပ်မသိအောင် နေထိုင်လုပ်ကိုင်ကြရာကနေ အခုနှစ်ပိုင်းမှာ လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ရှိလာကြပါတယ်။ နိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါး လူပေါင်း ၂၄ သန်းကျော် အင်တာနက်အသုံးပြုကြတဲ့ မြန်မာမှာ လူသိများအောင် လုပ်ဆောင်ဖို့ ဆိုရှယ် မီဒီယာက အလွယ်ကူဆုံးနေရာ ဖြစ်ပါတယ်။ လေဖြတ်ဝေဒနာကို ၂ နှစ်ဝန်းကျင်ခံစားနေရတဲ့ ကိုဇော်ဟာ TikTok သုံးနေရင်း အမျိုးသမီးတစ်ဦးက သူ့လို ဝေဒနာရှင်တွေကို တစ်ကြိမ်တည်းနဲ့ သက်သာအောင် ကုသပေးနေတဲ့ရုပ်သံကို ဒီနှစ် အစပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ “ကျွန်တော်တို့လို လူနာတွေက ပျောက်ချင်တာပဲသိတာ။ ဒီလို ပျောက်အောင်ကုနိုင်တယ်ဆိုတာနဲ့ သွားကုချင်ကြတော့တာ” လို့ မိတ္ထီလာမြို့နယ်ထဲက ရွာတစ်ရွာမှာနေတဲ့ ကိုဇော်က ပြောပါတယ်။ လေဖြတ်ရောဂါလူနာတွေကို ဆေးကုပေးနေတယ်ဆိုတဲ့…
-

ကန့်လန့်ကာနောက်ကွယ်က ‘ဝ’ နှင့် စစ်တပ် ဆက်ဆံရေး
ရှမ်းတပ် SSPP/SSA နှင့် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့တော့မည်မဟုတ်ဟု UWSA ‘ဝ’ တပ်ဖွဲ့က ယမန်နေ့က ကြေညာခဲ့သည့် ဆုံးဖြတ်ချက်၏နောက်ကွယ်တွင် မည်သည့်အဖြစ်အပျက်များ ရှိနေပါသနည်း။ UWSA ဟုလူသိများသည့် ‘ဝ’ တပ်ဖွဲ့က ၎င်းတို့၏မဟာမိတ်များဖြစ်ကြသည့် ရှမ်းတပ် SSPP/SSA နှင့် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့တော့မည်မဟုတ်ဟု ၎င်းတို့ပိုင်သတင်းဌာနများမှတဆင့် ယမန်နေ့က ကြေညာခဲ့သည်။ “ဝ” တပ်ဖွဲ့ ဒုဥက္ကဌ ဦးကျောက်ကော်အမ်းက ၎င်း၏မဟာမိတ်များကို UWSA ‘ဝ’ တပ်ဖွဲ့ဌာနချုပ်ရှိရာ မြန်မာ-တရုတ်နယ်စပ် ပန်ဆန်း(ပန်ခမ်း)တွင် အစည်းအဝေးခေါ်ပြီး အဆိုပါဆုံးဖြတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း…
-

၂၀ (ခ) နှင့် ၂၀ (ဂ) ကို သုံးမည် ဆိုပါလား
ကြာသပတေး နေ့ တွင် နိုင်ငံကို အုပ်ချုပ်နေသော အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်ပေးမည့် ရွေးကောက်ပွဲအား မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၁၀၂ မြို့တွင် ပထမ အဆင့် အဖြစ် စတင် ပြုလုပ်သွားမည်ဟု ဆိုသည်။ ဤသည်က ဦးနု၏ ဖဆပလ အစိုးရ မှ လွတ်လပ်ရေးရပြီး ကာစ တိုင်းပြည် မတည်မငြိမ် ဖြစ်နေချိန်တွင် အဆင့်လိုက်ခွဲ ၍ ၁၉၅၁ ဇွန်လမှ ၁၉၅၂ ဧပြီ လ အထိ ကျင်းပခဲ့ရဖူးသည်။ ယခု မင်းအောင်လှိုင်သည်လည်း ထိုပုံစံကို အတုယူခဲ့ပုံရသည်၊ သို့သော် တဖက်တွင် ကြည့်မည် ဆိုလျင် ၎င်း၏ အာဏာသိမ်း လုပ်ရပ်ကြောင့်…
-

သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော
၄င်းတို့၏လုပ်ရပ်ကြောင့် သုံးစွဲသူများ အဖမ်းခံရနိုင်သည်ကိုသိလျှက်နှင့် တယ်လီနော သည် သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော(Telenor) ကုမ္ပဏီသည် ၄င်းတို့ထံတွင် သိမ်းဆည်းထားသော မြန်မာပြည်သူများ၏ အကဲဆတ်သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို အချိန်အတန်ကြာထိ စစ်အုပ်စုထံ လွှဲပြောင်းပေးနေခဲ့သည်။ ထို့အပြင် တယ်လီနောသည် စစ်ကောင်စီ ခိုင်းစေသည့်အတိုင်း တသွေမသိမ်း ဝဘ်ဆိုဒ်များအား ပိတ်ပစ်ခဲ့ခြင်း၊ ဖုန်းလိုင်းများပိတ်ပင်ခဲ့ခြင်း များပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့မှုများကြောင့် ထိခိုက်ခံခဲ့ရသူများတွင် လက်ရှိ စစ်အုပ်စုက အဓမ္မ အကျဥ်းချထားသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအဝင်ဖြစ်ခဲ့သည်။ “နော်ဝေနိုင်ငံက အမေ့ကို အမြဲထောက်ခံခဲ့ပေမဲ့ နော်ဝေကုမ္ပဏီက ဒါမျိုးလုပ်နေတယ် ဆိုတာကတော့ ထိတ်လန့်တုန်လှုပ်စရာပဲ။ တကယ့်ကို ကဲ့ရဲ့ရှုတ်ချစရာပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က နော်ဝေမီဒီယာ NRK ကို…
-

ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား
အရည်အသွေး မပြည့်ဝသည့် အဆောက်အအုံများ ရှိနေသည့် ရန်ကုန်၌ ငလျင်ကြီးတစ်ခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမည့်အရေးကို ပညာရှင်များက စိုးရိမ်လျက်ရှိသည် ရန်ကုန်မြို့မှာ နေထိုင်ဖို့ တိုက်ခန်း ရွေးချယ်ကြသူတွေအတွက် ထည့်သွင်း စဉ်းစားစရာအချက်တွေက အတော်များလှသည်။ ရေအလွယ်တကူရနိုင်လား။ သွားရေလာရေးလွယ်ကူရဲ့လား။ အမြဲတမ်းဆူညံနေတတ်တဲ့ အလှူခံဌာနတွေနဲ့ ဝေးရဲ့လား။ လုံခြုံရေးအရ စိတ်ချရရဲ့လား စသည်ဖြင့် များပြားလှသည်။ သို့သော် ရန်ကုန်တွင်နေရန် ရည်ရွယ်သူတို့အတွက် အရေးကြီးသော်လည်း ဘယ်တော့မှ ထည့်သွင်း စဉ်းစားလေ့မရှိသည့် အချက်တစ်ခုလည်း ရှိနေသည်။ ကိုယ်နေထိုင်သည့်တိုက်ခန်းက ငလျင်ဒဏ် ခံနိုင်ပါရဲ့လားဟူသည့်အချက် ဖြစ်သည်။ ရန်ကုန်သည် မြန်မာနိုင်ငံတွင် မြေငလျင်အန္တရာယ်ရှိသည့် ရာနှင့်ချီသော မြို့များအနက်မှ တစ်မြို့ဖြစ်သည်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့တွင် ငလျင်လှုပ်မည်ကို ပညာရှင်များက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲဖြစ်သည်။ ဒီလိုဆိုရင်…