ဖက်တီးမ ကြမ္မာငင်ပြီလား ဖက်တီးမရဲ့ ပဲခူးက အချဥ်ပေါင်း ဆိုင်သစ်ကြီးဟာ ကြီးကျယ်ခမ်းနားစွာ ဖွင့်ပြီး ၂ ရက်အကြာမှာ ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ ဆိုင်းဘုတ်တွေပါ ပြန်ဖြုတ်လိုက်ရပြီး ဝယ်သူလာရင်တောင် မရောင်းရဲတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဆိုင်စဖွင့်ချင်း ရောင်းအားကောင်းလို့ လမ်းပါ ပိတ်ခဲ့ရပေမယ့် မနေ့က စပြီး တံခါးတွေ ပိတ်ထားတယ်လို့ သိရပါတယ်။ တချို့ကလည်း စည်ပင်နဲ့ ငြိတာ၊ FDA နဲ့ ငြှိတာလို့ ထင်ကြေးပေးနေကြပါတယ်။ ထမင်းစား ရေသောက်တာတောင် လိုင်းပေါ်တင်နေတဲ့ ဖက်တီးမ တယောက်လည်း အခုကိစ္စကို ရေငုံနှုတ်ပိတ် နေတယ်လို့ သိရပါတယ်။ လုပ်ငန်း တခု လုပ်မယ်ဆိုရင် ဥပဒေအကြောင်းအရာတွေ အားလုံးကို လိုက်နာမှသာ တရားဝင်မှာ ဖြစ်ပါတယ်။ လိုင်းပေါ်မှာ စျေးရောင်းတာနဲ့ မြေပြင်မှာ စျေးရောင်းတာ…
မဲဆောက်မှာပြုလုပ်တဲ့ အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ပြုလုပ်တဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာအဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ လာရောက်သီဆိုဖျော်ဖြေပေမဲ့ မြန်မာအသိုင်းအဝိုင်းက သွားရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့တယ်လို့ မဲဆောက် မြန်မာအသိုင်းအဝန်းဆီက သိရပါတယ်။ ဒီဖျော်ဖြေပွဲကို မဲဆောက်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (အမ်ဖိုရုံး) ဝင်းအတွင်းမှာ ဒီနေ့ ဒီဇင်ဘာ ၆ ရက်နဲ့ မနက်ဖြန် ဒီဇင်ဘာ ၇ ရက် နှစ်ရက်ဆက်ကျင်းပမှာဖြစ်ပြီး မြန်မာအဆိုတော်တွေဖြစ်တဲ့ အိမ့်ချစ်၊ မေလသံစဉ်၊ ဝေလနဲ့ နောနော်တို့လည်း ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံကနေ လာရောက်သီဆိုဖျော်ဖြေသူတွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် လာရောက်မဲပေးဖို့ စည်းရုံးလှုံ့ဆော်ရာမှာ ပါဝင်ထားကြသူတွေဖြစ်တာကြောင့် သွားရောက်ကြည့်ရှုတာမျိုးမလုပ်ဘဲ…
အိမ်ထောင်မကျခင်ကတည်းက အိမ်ရဲ့အသုံးစရိတ်စာရင်းကို လင်းမြဖူးဆီ စာရင်းပြငွေထုတ်ခိုင်းခဲ့တဲ့ ပိုင်တံခွန်ရဲ့မိဘတွေအပေါ်ထားတဲ့ နောက်ကွယ်ကစိတ်ဓာတ်ကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး အိမ်ပေးခဲ့တဲ့စာချုပ်မှာ အိမ်သားတွေအားလုံးကို ရှေ့နေနဲ့ လက်မှတ်ထိုးခိုင်းကတည်းက တစ်မိသားစုလုံး နာကျင်ခဲ့ရတယ်တဲ့ အခုဖြစ်နေတဲ့ပြသနာနဲ့ပတ်သက်ပြီး မိဘတွေခံစားနေရတာကို မကြည့်ရက်တော့လို့ ပထမဆုံးဖြေရှင်းခြင်းပါ။ အရင်ကတော့ လူတချို့ရဲ့အနှိမ်ခံပဲ ဖြစ်ခဲ့တာ။ ကောင်းပေးခဲ့ဖူးတဲ့အရာတွေကြောင့် ခေါင်းငုံ့သည်းခံပေးပြီး ငြိမ်ပေးနေခဲ့တာပါ။ ဘာသက်သေမှ မရှိလို့ လူတွေပြောနေသမျှက မှန်နေလို့ ကြောက်လို့ ငြိမ်နေခဲ့တာ မဟုတ်ပါဘူး။ အခု လူတွေစွပ်စွဲနေကြသလိုလည်း ငွေကြေးကြောင့် လုံးဝမဟုတ်တာ ကာယကံရှင်တွေသာ အသိဆုံးပါ။ ကိုယ့်မောင်ကို ချစ်တဲ့စိတ်နဲ့ မလုပ်ရက်ခဲ့လို့ အစ်မတစ်ယောက်အနေနဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ စိတ်လျှော့ချခဲ့တာ။ နင့်ဆီက ငွေ မပြောနဲ့ နင့်ကိုယ်ရေးကိုယ်တာတောင် မိသားစုက ဝင်မစွက်ဖက်ခဲ့ဖူးဘူးနော်။ နင် ကောင်းစားဖို့အတွက်ပဲ ဘာအကျိုးမှ မမျှော်ကိုးခဲ့ပဲ တတ်နိုင်သလောက်…
တူမဖြစ်သူအကြောင်း တိုက်ခိုက်ရေးနေကြလို့ ဖြစ်စဉ်အမှန်တွေကို ချပြလာတဲ့ လင်းမြဖူးရဲ့ အဒေါ်👏 သရုပ်ဆောင် ပိုင်တံခွန်ရဲ့ ဇနီးသည် လင်းမြဖူးကို အချို့ပရိသတ်တွေက ပိုင်တံခွန်မိဘနှစ်ပါးကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်နေကြတာကို မမြင်ချင်တော့တာကြောင့် အဒေါ်ဖြစ်သူက ဖြစ်စဉ်တွေကိုချပြလာခဲ့တာပါ။ ပိုင်တံခွန်နဲ့ ရည်းစားစဖြစ်ချိန်ကစလို့ ပိုင်တံခွန်ထိန်းသိမ်းခံရချိန်တွေမှာလည်း လင်းမြဖူးဟာ ယောက္ခမဖြစ်သူကို ဖေးမအကူညီတွေပေးခဲ့ကြောင်းနဲ့ ပိုင်တံခွန်နဲ့မိခင်တို့ကြားဆက်ဆံရေးမပြေလည်တိုင်း လင်းမြဖူးကသာ ဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း အဒေါ်ဖြစ်သူကပြောပါတယ်။ ပိုင်တံခွန်မင်္ဂလာဆောင်ပြီးနောက် တူရကီသို့ ဟန်းနီးမွန်းထွက်နေချိန် သူတို့ရဲ့ Penthouse သို့ အမ ဖြစ်သူက လာရောက်ခဲ့ပြီး လင်းမြဖူး၏မိဘတွေအား ‘OTS’ တွေဟု ပြောဆိုခဲ့တာကို တူရကီမှပြန်လာချိန် လင်းမြဖူး သိခဲ့ပြီး ဖုန်းဆက်မေးမြန်းရာမှ ပြဿနာတွေဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ အမဖြစ်သူက အဆိုပါပြဿနာအား မိခင်ဖြစ်သူကိုပြောပြရာမှ ပိုင်တံခွန်ရဲ့ မိခင်က စမိုင်းအားဖုန်းဆက်ပြီး ထပ်မံစော်ကားခဲ့တာဖြစ်ကြောင်း သူမက…