Category: Celebrity
-

သရုပ်ဆောင်ဒေါင်းက ထိုင်း PBS ရုပ်သံလိုင်း၌ စီးရီးတခုရိုက်ကူးနေ
နွေဦးတော်လှန်ရေးမှာ ပြည်သူဘက်က ရပ်တည်ပါဝင်နေတဲ့ သရုပ်ဆောင်မင်းသား ဒေါင်းက ထိုင်း PBS ရုပ်သံလိုင်းမှာ စီးရီးတခု ရိုက်ကူးနေပြီး သူကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တကားကိုလည်း သူ့ပရိသတ်တွေဆီ အခမဲ့ပြသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ဒေါင်းက ထိုင်း PBS ရုပ်သံလိုင်းက ရိုက်ကူးတဲ့ ထိုင်းစီးရီးတကားမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတယ်လို့ ပြောပါတယ်။ လက်ရှိရိုက်ကူးနေတဲ့ စီးရီးထဲမှာတော့ ထိုင်းလူမျိုးတယောက်အနေနဲ့ ဝင်ရောက် သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းတပုဒ် ဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင်ဒေါင်းက “အဲဒီကာရိုက်တာနဲ့ အတူဆုံးဖြစ်အောင် ကျနော် ကြိုးစားခဲ့ပါတယ်။ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မဆိုင်တဲ့ ကာရိုက်တ်တခု ဖြစ်တဲ့အတွက် ကျနော် တော်တော်တော့ လေ့လာထားပါတယ်။ လေ့လာတဲ့နေရာမှာ ဘာသာစကားပါ ပါနေတာကျတော့ ကျနော့်အတွက် အများကြီး အမှတ်တရဖြစ်တယ်။…
-

ခြေနှစ်ချောင်း ကယ်မိလို့ ပြဿနာ အတုံးလိုက်တွေ့သွားရတဲ့ ဇာဇာထက်
၂၀၂၆ ကတော့ ကံကောင်းခြင်းပြသာနာတွေနဲ့အစပြု😁ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ ကျောက်မြောင်းထဲအပြန် ဟိုအပတ် ဗုဒ္ဓဟူးညနဲ့ ကြာဿပတေးည မလွှကုန်းလမ်းထိပ် စတွေ့တာ1:46am စကားစပြောမေးမြန်းတော့ 1:54am ငါ့နှယ်လမ်းမှာအချိန်မတော် ကိုယ်နဲ့လဲမသိတဲ့ခလေးမလေးတစ်ယောက် tik tok ဆော့နေလို့စိတ်ပူပြီး ကားရပ်မေး သူပြောတဲ့အိမ်နေရာ ကျောက်မြောင်းစျေးနား မိဘမောင်နှမညီမသားချင်းစာနာစွာ ကူညီလိုက်ပို့ပေးခဲ့တာကို သူ့အိမ်ကကျေးဇူးမတင်တဲ့အပြင် တရားခံလိုဖုန်းတွေဆက် စစ်မေးနေလို့ ဘာသိချင်တာလဲမေးလိုက်တော့ ဒီဖုန်းဘယ်ကရတာလဲဘယ်လိုတွေ့တာလဲ ဘယ်လို ပတ်thet တာလဲတရားခံလိုစစ်မေးပြီး သူဆက်နေတာက ကိုယ့်ဖုန်းကိုဆက်တာသူ့လူကကျေးဇူးတင်စကားပြောချင်လို့ဖုန်းနံပါတ် တောင်းထားတာ ကိုယ်တွေလိုက်ပို့တာကိုတောင် လိုက်ပို့ခံရသူက recording ပါဖမ်းထားသတဲ့ကွယ် ဖမ်းထားလဲဂရုမစိုက် နင့်တို့ဟာမလေးကိုပို့ပြီးအိမ်ပြန်ရောက်တော့ 2:11am အမလေးလူတွေများ ကိုယ့်ကိုပြောသွားတာ နင်တို့ဘာသာလျှာရှည်ပြီး ကူညီတာနင်တို့ကိစ္စတဲ့ ဪ အေး ငါတို့လဲ နောက်နောင်ဆို မည်သူ့ကိုမျှ မကူညီ မသနား မစာနာတော့ပါဟေ့ မိကောင်းဖခင်သားသမီးကတော့ ကိုယ့်မိဘမောင်နှမသားချင်းကို အဲ့လိုကူညီတဲ့သူကို ကျေးဇူးတင်တာပဲကြားဖူးတာ…
-

အကယ်ဒမီပေးပွဲတက်ရောက်နေစဉ် ဖွေးဖွေးရဲ့ မောင်လေး ရုတ်တရက်ဆုံးပါး
နေပြည်တော်မှာ အကယ်ဒမီပေးပွဲတက်ရောက်နေစဉ် ဖွေးဖွေးရဲ့ မောင်လေး ရုတ်တရက်ဆုံးပါး 🥹 သရုပ်ဆောင် ဖွေးဖွေးရဲ့ မောင်လေးဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားတယ်လို့ သိရပါတယ်။ မောင်ဖြစ်သူဆုံးပါးသွားချိန်မှာ မိခင်နဲ့ အမဖြစ်သူတို့ဟာ အကယ်ဒမီပေးပွဲကိုတက်ရောက်ဖို့ နေပြည်တော်ကိုရောက်ရှိနေချိန်ပဲဖြစ်ပါတယ်။ ယခုလိုမိသားစုမစုံလင်သေးချိန်မှာ မောင်လေးဖြစ်သူထွက်ခွာသွားလို့ ဖွေးဖွေးကတော့ ယူကြုံးမရဖြစ်နေခဲ့တာပါ။ မောင်လေးဖြစ်သူကတော့ အမောဖောက်ပြီးဆုံးပါးသွားတာဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပေမယ့် တိကျသေချာတဲ့ အဖြေကိုတော့ မသိရှိရသေးပါဘူး။ ဖွေးဖွေးဟာ ဖခင်ဖြစ်သူကိုဆုံးရှုံးထားရတာလည်း သိပ်မကြာသေးခင်နှစ်ပိုင်းကပဲဖြစ်ပါတယ်။
-
အောင်ဇမ္ဗူ ဖြစ်စဉ်ကနေ မြန်မာ့အနုပညာလောကတခုလုံးကို သတိပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ
အောင်ဇမ္ဗူ ဖြစ်စဉ်ကနေ မြန်မာ့အနုပညာလောကတခုလုံးကို သတိပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ ဇာတ်မင်းသား အောင်ဇမ္ဗူနဲ့ လူပြက်အဖွဲ့ကတော့ ပရိသတ်ကို တရားဝင် တောင်းပန်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေမှာ စကားတခွန်း ရှိပါတယ်။ “ကျွန်တော်၊ ကျွန်မ မသိလို့ ဥပဒေကို ချိုးဖောက်မိပါတယ်” ဆိုပေမယ့်လည်း ဥပဒေအရတော့ အပြစ်ပေးခံရမှာပါပဲ။ မြန်မာ့အနုပညာလောက အထူးသဖြင့် ပရိသတ်နဲ့ အများဆုံး ထိတွေ့ရတဲ့ ရုပ်ရှင်နဲ့ ဇာတ်သဘင်လောကမှာ တဖက်သားကို ချိုးနှိမ်ပြီး ဟာသလုပ်နေကြတာဟာ နှစ်ပေါင်း များစွာရှိပါပြီ။ အဝလွန်တဲ့သူ၊ အသားမည်းတဲ့သူ၊ သွားခေါတဲ့သူ၊ အရပ်ပုတဲ့သူ၊ စကားမပီတဲ့သူ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည် စသဖြင့် ခန္ဓာကိုယ် ထူးခြားတဲ့သူတွေကို ပြင်းပြင်းထန်ထန် ဟာသ လုပ်ခဲ့ကြပါတယ်။ ဒီလိုဟာသမျိုးကိုမှ နှစ်ခြိုက်တဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ ဒါပေမယ့်…
-

သမီးဖြစ်သူ ရွှေကြိုမယ် ဖြစ်တာနဲ့ NUG နဲ့ PDF တွေကို အကြမ်းဖက်တွေလို့ ပြောဆို
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်အဖြစ် ရွေးချယ်ခံရတဲ့ စာရင်းမှာ မဥမ္မာဖြိုး (ခ) အကြိုင် လည်း ပါဝင်ခဲ့ပါတယ်။ ရွှေကြိုမောင်မယ် ရွေးချယ်တာကို ပြည်သူလူထုအများစုက စိတ်မဝင်စားကြပေမယ့် ရွှေကြိုမယ် အကြိုင် ရဲ့ အမေဖြစ်သူက “NUG နဲ့ PDF တွေကို အကြမ်းဖက်တွေ” လို့ ပြောဆိုခဲ့တာကြောင့် လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ “စင်္ကာပူမှာ နေတုန်းက ကျွန်မရဲ့ ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး နေရ၊ ထိုင်ရ၊ ပြောဆိုရတာတွေ ရှိပါတယ်။ မဟုတ်ရင် စင်ကာပူမှာ ဆက်နေလို့ရမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေကို ပြုလုပ်လျက်ရှိတဲ့ NUG နှင့် PDF အဖွဲ့တွေကိုလည်း ထောက်ခံ အားပေးခြင်း မရှိပါဘူး။ မြန်မာပြည်ကို…