လူမှုကွန်ရက်မှာ သမီးဆိုးလို့ လူသိများတဲ့ ShweThet အကောင့်ပိုင်ရှင် မသက်ကို ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်က ပြင်ဦးလွင်မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ ထပ်မံအမှုဖွင့်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှရဲ့ နိုင်ငံခြားခရီးစဥ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဥ်ကို ခိုင်းနှိုင်းရေးထားတဲ့ Post နဲ့ စစ်တပ်အရာရှိတွေကို ဝေဖန် Live လွှင့်ပြောဆိုမှုတွေကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ထပ်မံအမှုဖွင့်ထားတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က “အမေစုက နိုင်ငံခြားခရီးစဥ်သွားရင် စမတ်ကျအောင် ဘယ်လို ဝတ်စားဆင်ယင်တတ်တာ။ ဘယ်အခမ်းအနားမှာ ဘာဝတ်ရမယ်ဆိုတာ ရွေးတတ်တယ်။ ဒေါ်ကြူကြူလှရဲ့ ဝတ်စားဆင်ယင်မှုက တောကျတယ်။ အဲဒီလိုတွေမြင်ရတော့ နိုင်ငံတော် ပုံရိပ်ကျတယ်ဆိုပြီး တင်ထားတဲ့ ပို့စ်ရယ်၊ စစ်တပ်အရာရှိတွေကိုလည်း…
လူတစ်ယောက်ရဲ့ သမိုင်းဟာပြင်မရဘူး.. စာခိုးချပြီး စာရေးဆရာမလုပ်ပေမယ့် ပြဿနာတွေတက်ခဲ့တာ အားလုံးအသိ.. မဂ်လာစျေး ဘေထုပ်သည်ဘဝကနေ အမေစုဘေးနားရောက် လယ်ဆယ်ဘဏ်က ချေးငွေသိန်း ၂ သောင်းမှာ နိုင်ငံရေးငွေကြားထဲကဖြောင်ပြီးမြောက်ဒဂုံကအိမ်ဝယ်တယ်.. ရှားရှားပါးပါး တခုတည်းသော MRTV 4 အင်တာဗျူး Let’s Talk အတွက် ကိုဇင်အောင်ကခေါ်မေးတာ အပိုင်း ၁ လွှင့်ပြီး လူတကာဝိုင်းဆဲလို့ အပ်ိုင်း ၂ ကိုကြေငြာပြီးမလွှင့်တော့ပဲ မယ်လိုဒီ let’a talk အစားဝင်ခြင်းခံရတယ်.. လူတကာဆယ်လီတကာပတ်ဆဲလို့ သူနဲ့အဆင့်အတန်းတူ ပညာမတတ် အောက်တန်းစား Follower တွေတိုးလာပြီး လူသိလာတယ်.. အမေစုကိုအသုံးချပြီး အမေစုပုံရင်ထိုးတွေလုပ်ရောင်းတယ်.. အဲ့ကတည်းက ကြာကန်ရွာသူမရဲ့ သမိုင်းကြောင်းကောင်းသလားမကောင်းဘူးလား ထွေထွေထူးထူးတောင် ပြောနေစရာမလိုဘူးဟယ်.. စာဖတ်တတ်သူတိုင်း ဦးနှောက်ပါရင် စဥ်းစားတတ်တယ်.. သူက ကိုယ့်အစွမ်းအစ ကိုယ်ပိုင်အရည်အချင်းကြောင့် နာမည်ကြီးလာပြီး…
ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေကြောင်း သိရသည်။ သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ကာ ၎င်းသည် လူမှုကွန်ရက်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ စျေးရောင်းချသူတစ်ဦးဖြစ်သည့်အပြင် အနုပညာရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့အား လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုမှုများ ပြုလုပ်လေ့ရှိခဲ့သည်။ ထိုကဲ့သို့ သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကို၏ ပြောဆိုမှုအချို့ကြောင့် နစ်နာမှုရှိခဲ့သည်ဆိုကာ ဒေါ်အေသင်ကိုက သမီးဆိုးကို မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်၌ လူချင်းတွေ့ဆုံရှင်းလင်းရန် ကနဦးတွင် တောင်းဆိုခဲ့သော်လည်း သမီးဆိုးက တွေ့ဆုံခြင်းမရှိသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းတွင် ဒေါ်အေသင်ကိုက ပုဒ်မ ၆၆(ဃ)ဖြင့် တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်၊ ထို့နောက် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ထွက်ခွာရန် အောက်တိုဘာ ၁၂ရက်က ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိချိန်တွင် သက်ဆိုင်ရာက သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ “လောလောဆယ်တော့…
ပြည်သူတွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။ အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။ “ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁ မရိုက်ရခြင်းအကြောင်းရင်းပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။ ယခင်က စစ်ကောင်စီရဲ့…
အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကို လေဆိပ်တွင် အဖမ်းခံရပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည် အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကိုအား ယမန်နေ့ ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးပြီး ပြင်ဦးလွင်ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ခရီးစဥ်အမှတ် 8M 335 ဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာမည့် သက်ကိုကို…