” ဗျာ … မာမီ … ဘာပြောလိုက်တယ် ” ” ဟုတ်တယ် … သား … မာမီ … ရဲသူ နဲ့ လက်ထပ်တော့မယ် ” ” ဟာ … သား သဘောမတူဘူး မာမီ … ရဲသူ အကြောင်း … မာမီ ဘယ်လောက်သိလို့လဲ …” ဒုန်း အုံး ဝုန်းးးးးး … ခလွမ်းးးးး…. ဇွဲမာန် တစ်ယောက် ဒေါသထွက်ကာ ဧည့်ခန်းတွင်း စားပွဲခုံပေါ်မှ အလှတင်ထားသော ဖန်ပန်းအိုးလေးအား ပေါက်ခွဲ ပစ်လိုက်သည်။ ” အို … ကိုကို … စိတ်လျော့ပါ … မာမီ ကို နားလည်ပေးလိုက်လေ…
သြဂုတ်လအလယ်သို့ရောက်သောအခါတွင် စာမေးပွဲနီးပြီဖြစ်၍ ပျော်စရာကိစ္စလေးများ အငွေ့ပျံကာ ဖင်ထောင်ကျက်ကာလသို့ တဖန်ပြန်လည်ရောက်ရှိခဲ့လေသည်၊ တက္ကသိုလ်ကျောင်းသားဘဝသည် မြန်မာဇာတ်ကားထဲကလို အချိန်တိုင်းပျော်နေရသည်မဟုတ်၊ အပယ်လေးဘုံတွင်ရှိသော အသူရကယ်ဘုံနှင့် ခပ်ဆင်ဆင်တူလေသည်၊ အသူရကယ်ဘုံတွင် နေ့စံညခံများရှိသကဲ့သို့ တက္ကသိုလ်တွင်လည်း နှစ်လစံ နှစ်လခံ စနစ်ဖြင့် လည်ပတ်လေသည်။ တစ်ခုသောနေ့လည်ခင်း ၃ နာရီခန့်တွင် ကျွန်ုပ်သည် ထမင်းစားပြီးအိပ်ပျော်နေရာမှ ဘေးနားကဟိန်းထက်၏ ဝူးဝူးဝါးဝါးအသံဆိုးကြီးကြောင့် လန့်နိုးလာလေသည်၊ အိပ်ချင်မူးတူးနှင့် မျက်နှာသစ်ပြီး ကျောင်းဝန်းထဲ၌စာလုပ်ရန် ထွက်လာခဲ့လေသည်။ ကော်ရစ်ဒါသို့အရောက်တွင် စာလုပ်နေသော ကျောင်းသားကျောင်းသူများအပြည့် ဖြစ်နေသောကြောင့် ထိုင်ခုံအလွတ်မရှိတော့ချေ၊ ကဲ….နေရာမရတော့လည်း အဆောင်ပြန်ရုံပေါ့ ဟု တွေးကာ အပြန်လမ်းလျှောက်အလာတွင် ထိုင်ခုံတန်းတစ်ခုအပေါ်တွင် တစ်ယောက်ထဲစာလုပ်နေသော စုမြတ်နိုးအား တွေ့လိုက်လေသည်၊ ကျွန်တော်က “ ဟေ့…မြတ်နိုး တစ်ယောက်တည်းလား….. ဒီထိုင်ခုံမှာ ထိုင်မယ်နော်” “ အင်း….ရဲမာန်…ထိုင်လေ စာတော့ အော်မကျက်နဲ့နော်……
ထို့နောက် ရေလည်ဘုရားရှိ တံတားပေါ်ကတဆင့် မိတ္ထီလာကန်ရေပြင်အား နှစ်ယောက်သားငေးကြည့်နေလေသည်၊ ကျွန်တော့်ကိုကျွန်တော် ဟေ့ကောင် ရည်းစားစကား ပြောရမယ့် အချိန်ရောက်ပြီ… ပြောတော့လေဟု ကျွန်တော့်ကိုကျွန်တော် သတိပေးလိုက်လေသည်၊ သို့သော် ဘာစကားမှ နှုတ်ခမ်းက မထွက် ထမင်းလုံးသစ္ဆေစီးသလို အာစီးကပ်နေ၍ စကားလုံးများအစား တံတွေးများကိုမျိုချနေရသည်၊ ထိုစဉ် သူမက “ ကန်ရေပြင်ကို ဖြတ်လာတဲ့လေလေးက ရှူလို့ကောင်းတယ်နော်” “ ဟုတ်တယ်အစ်မ…ကောင်းတယ်..အင်း” ထို့နောက် တစ်မိနစ်မျှ ပြန်လည်ငြိမ်သက်သွားလေသည်။ ကျွန်တော်က ပြန်အားမွေးကာ “ အစ်မ…..အစ်မကိုပြောစရာရှိတယ်” “ အင်း…ပြောလေ..ဘာပြောမလို့တုန်း” “ ဟိုလေ…ဟို ကျွန်တော် အစ်မကိုချစ်တယ်” ဟု တုံးတိကြီး ပြောမိလိုက်လေသည်။ နောက်ထပ်ဘာပြောရင်ကောင်းမလဲဟု စဉ်းစား၍လည်းမရ။ နှလုံးခုန်သံများအရမ်းမြန်လာကာ ကမ္ဘာလောကကြီးတစ်ခုလုံး ရပ်တန့်နေသည်ဟုပင်ခံစားရလေသည်။ သူမကတော့ မျက်နှာပင်မပျက်… အေးပေါ့လေ…. သူမလိုချောမောလှပသောသူအဖို့ ရည်းစားစကားအပြောခံရသည်မှာ…
၂၀၁၁ ခုနှစ် နွေရာသီကျောင်းပိတ်ရက် အစပိုင်းတွင် ဖြစ်သည်။ ကျွန်တော်သည် တဝမ်းကွဲအစ်ကို သင်ပေးထားသော အခြေခံနုတ်များဖြစ်သည့် C D Am F ကို အိမ်ရှေ့ကအဖီတွင် ဒေါင်ဒေါင်ဒင်ဒင်ဖြင့် ဂစ်တာတီး လေ့ကျင့်နေလေသည်။ ထိုအသံကို ဖြိုခွင်းလိုက်သူမှာ မာတာမိခင် ဒေါ်ခင်လေး ဖြစ်လေသည်။ “ ရဲမာန်….သားရေ……ဆယ်တန်း အဆောင်သွားဖို့ ပြင်ပြီးပြီလား ” “ ဗျာ ဟုတ်….သိမ်းပြီပြီ အမေ ” “ အေးအေး၊ ပစ္စည်းတွေ သေချာစစ်နော်….အရင်နှစ်တုန်းကလို အတွင်းခံဘောင်းဘီတွေ ကျန်ခဲ့ဦးမယ် ” “ အကုန်ထည့်ပြီးပြီ အမေ ” ကျွန်တော်အဖို့ တော်တော် စိတ်ညစ်သွားလေသည်၊ ကိုးတန်းဖြေပြီးလို့ နားရသည်မှာ တစ်ပတ်ပင်မပြည့်သေး..။ ယခု ဆယ်တန်းအတွက် နွေရာသီပတ်ရက်ကတည်းက သွားရတော့မည် ဖြစ်သည်။…
ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ် ဒီအကြောင်းအရာဟာ တကယ့်ဘဝဇာတ်ကြောင်း ဝန်ခံချက် ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ တနင်္လာနေ့မနက်ခင်း အလုပ်သွားဖို့ ပြင်ဆင်နေရင်း အသေးအဖွဲကိစ္စလေးတစ်ခုနဲ့ စကားများခဲ့ကြတယ်။ ပေါင်မုန့်ပေါ် ထောပတ်သုတ်ပုံ မသပ်မရပ်ဖြစ်နေတာကို ကျွန်တော် စိတ်ဆိုးပြီး ခက်ထန်တဲ့စကားလုံးတွေနဲ့ ပြောလိုက်မိတယ်။ ကျွန်တော့်စကားသံတွေဟာ မိုးခြိမ်းသလို အခန်းထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။ အကယ်၍ ဘာဖြစ်လာမယ်ဆိုတာကိုသာ ကျွန်တော် ကြိုသိခဲ့ရင်၊ မျက်လုံးမှိတ်ပြီး ဒီပေါင်မုန့်ကို အသံတိတ်စားပစ်လိုက်မယ်၊ ပြီးတော့ သူ့ကို ပြုံးပြလိုက်မိမှာပါ။ ဒါပေမဲ့ ကျွန်တော် မလုပ်ခဲ့မိဘူး။ ကျွန်တော့်ရဲ့ လေသံကြောင့် သူ နာကျင်ခဲ့ရတယ်။ သူ့ပန်းကန်ကို တွန်းဖယ်လိုက်ပြီး ထမင်းစားပွဲကနေ ဘာမှမစားဘဲ နှုတ်ဆက်စကားတောင် မဆိုဘဲ အလုပ်ကို သွားခဲ့တယ်။ ကျွန်တော်လည်း ဒေါသထွက်နေခဲ့တာကြောင့် နှစ်ယောက်စလုံး အရင်စပြီး ပြန်အဆင်ပြေအောင်…