Category: Movies


  • The Headless General Who Stole the Book of Heaven

    The Headless General Who Stole the Book of Heaven (2023) ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီးချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကိုအပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကိုကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာမှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်းရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။ မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီးဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။…

  • The Legend of Jade Sword

    The Legend of Jade Sword

    The Legend of Jade Sword (2020) ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ကျိယိချွမ်းအနေနဲ့ မင်းသား(Jiang Qi Lin) ၊ယွိချီရွှယ်အနေနဲ့ မင်းသမီး(Tang Jing Mei) တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Jade Sword (2020)ဆိုတဲ့Movieလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီးကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။ ဒါပေမယ့် နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြားပဋိပက္ခတွေလည်း ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်။ ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက် မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီထွက်ခွာဖို့လုပ်ခဲ့ကြတယ်​ ​ မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့ရမလဲ … သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာဘယ်တွေဖြစ်ကြဦးမလဲ…. နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့ အကြံအစည်ကရော…

  • The Boy and the Dog

    The Boy and the Dog

    The Boy and the Dog (2025) ဒီကားလေးကတော့ တစ်ရှူးဘူးလေး ဘေးနား အဆင်သင့်ချပြီးမှ ကြည့်သင့်တဲ့ ကားမျိုးပါ။ ခွေးချစ်သူတွေတင် မကဘူး… ဘဝမှာ အထီးကျန်ဖူးတဲ့သူတိုင်း၊ ဆုံးရှုံးမှုတစ်ခုခုကို ခံစားဖူးတဲ့သူတိုင်း ဒီကားလေးကို ကြည့်ပြီးရင် ရင်ထဲမှာ ဆို့နင့်ပြီး နွေးထွေးသွားမယ့် ခံစားချက်မျိုး ရစေမှာ အသေအချာပါပဲ။ Naoki ဆုရ နာမည်ကျော် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသားချော Fumiya Takahashi နဲ့ Nanase Nishino တို့ အဓိကပါဝင်ထားတဲ့ တာမွန်ဆိုတဲ့ ခွေးကလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး ငလျင်နဲ့ ဆူနာမီ ဘေးအန္တရာယ်ကြီး ဖြစ်ပြီးတဲ့နောက်”တာမွန်” ဆိုတဲ့ ခွေးလိမ္မာလေးတစ်ကောင်ဟာ သူ့ရဲ့…

  • Mastiii 4

    Mastiii 4

    Mastiii 4 (2025) အချစ်ဗီဇာ ကုဋေ ၄၀ ကုန်ကျခံရိုက်ကူးထားတဲ့ မယားကြောက်များအဖွဲ့ ရုံတင်ကားလေး တင်ဆက်ပေးချင်ပါတယ်။ မယားတွေကိုလည်းကြောက် ခံမပြော နားမထောင်တဲ့ ယောကျာ်းသားများအတွက် ဘယ်လိုလွတ်မြောက်ဖို့ကြိုးစားမယ်ဆိုတာ ပါးစပ်မစိအောင်ရယ်မောရင်း ကြည့်ရှုရမှာပါ။ သူငယ်ချင်း ၄ ယောက် လင်မယား ၄ တွဲရှိပါတယ်။ တစ်တွဲကပဲ အိမ်ထောင်ရေးသာယာပြီး ကျန် ၃ တွဲကတော့ ရတာမလို လိုတာမရနဲ့ တိတ်တိတ်ပုန်း ပြဿနာတက်နေရှာတာပေါ့။ ဒီလိုနဲ့ ဒီ ၃ ယောက်က သူတို့ သူငယ်ချင်းအိမ်ထောင်ရေး ဘယ်လိုအဆင်ပြေတယ်ဆိုတာ ချောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ထူးဆန်းတာက သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်သူက တစ်နှစ်ကို တစ်ပတ်လုံးလုံး ခရီးထွက်တတ်တာပါ။ ဒီတစ်ခေါက်ခရီးသွားမဲ့ရက်ရောက်တော့ သူတို့တွေ အိမ်ထဲဝင်ပြီး လျှို့ဝှက်ချက်ရှာပါတော့တယ်။ သူတို့ဘာတွေများတွေ့ရှိသွားမလဲ မျှော်မှန်းထားသလို သူတို့အိမ်ထောင်ရေးရော အဆင်ပြေသွားမှာလားဆိုတာကိုတော့…။