Colours of Time (2025) Colours of Time ကအတိတ်နဲ့ လက်ရှိကြားမှာလူတစ်ယောက်ရဲ့ ဘဝကိုအရောင်တစ်ရောင်ချင်းစီနဲ့ ပြန်လည်ဖော်ပြပေးတဲ့ ပြင်သစ်ဇာတ်ကားပါ။ ပြင်သစ်တွေကို အနုပညာအသားပေးဖွဲ့နွဲ့ရိုက်တဲ့နေရာမှာ ဘယ်သူမှမမီဘူးလို့တောင်ပြောလို့ရမယ်။ ဒီကားကလည်း အင်ပရက်ရှင်နစ်ခေတ်လို့ခေါ်ရမယ့် လူသားတွေ ဒီဘက်ခေတ် AI ကိုစပြီးမြည်းစမ်းကြည့်လာကြတဲံအချိန်လိုမျိုး 1800 ကျော်ကာလက လျှပ်စစ်မီးကိုစတင်သုံးစွဲလာကြချိန်..ပါရီမြို့ကြီးရဲ့ ပန်းချီကားချပ်တွေနေရာမှာ ဖြူမည်းဓာတ်ပုံတွေ အစားထိုးဝင်ရောက်လာချိန်ကို အတိတ်ကိုပြန်သွားတဲ့ပုံစံနဲ့ပြထားတယ်။ ဒီဘက်ခေတ် မိသားစုတစ်ခုက အမွေခွဲဖို့အတွက် သူတို့ရဲ့ဘိုးဘေးတွေပိုင်ခဲ့တဲ့ ရဲတိုက်ကြီးဆီကိုပြန်သွားပြီး အတိတ်ကိုခြေရာကောက်ရင်း မိသားစုဇစ်မြစ်ကို ပြန်ပြောသွားတဲ့ပုံစံနဲ့ဖော်ပြသွားတာ အရမ်းလှတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
Savage Hunt (2025) တောထဲမှာ လူတွေကိုပြန်ပြီး အမဲလိုက်သတ်ဖြတ်နေတဲ့ ဝက်ဝံတစ်ကောင်နဲ့ဖိုက်တဲ့ ဇာတ်ကြမ်းကားဖြစ်ပါတယ်။ ဒီဝက်ဝံက လူတွေအတွက် သားကောင်မဟုတ်တော့ဘဲ မုဆိုးပြန်ဖြစ်သွားတဲ့အခါ… ဘာကြောင့် လူတွေကိုသီးသန့်လိုက်သတ်ဖြတ်နေတာလဲဆိုတာ ကြည့်ရမယ့် Thriller Action ကားကောင်းပါ။
Fake Yourself a Merry Little Christmas (2025) ခရစ်စမတ်အချိန်အခါကို နောက်ခံထားပြီးအချစ်၊ မိသားစု၊ လိမ်ညာမှုလေးတစ်ခုကြောင့်ဖြစ်လာတဲ့ အလွဲလွဲအချော်ချော်တွေကိုပေါ့ပေါ့ပါးပါး ရယ်ရအောင် ဖော်ပြထားတဲ့ ဇာတ်ကားမျိုးပါ။ ခရစ်စမတ်ကို တစ်ယောက်တည်း မဖြတ်ချင်တဲ့အမျိုးသမီးတစ်ယောက်ဟာမိသားစုနဲ့ ပတ်ဝန်းကျင်ကိုအထင်မသေးအောင်ချစ်သူရှိတယ်လို့ လိမ်ပြောလိုက်ပါတယ်။ ဒီလိမ်ညာမှုကို ဆက်လက်ထားနိုင်ဖို့သူမဟာ လူတစ်ယောက်နဲ့ခရစ်စမတ်အတွက်“ချစ်သူအတု” အဖြစ် သဘောတူလိုက်ရပါတယ်။ ဒါပေမယ့်ဟန်ဆောင်အချစ်ကနေခံစားချက်အစစ်တွေ ပေါ်လာတဲ့အခါခရစ်စမတ်ရဲ့ နွေးထွေးမှုကသူတို့နှစ်ယောက်ရဲ့ ဘဝကိုတဖြည်းဖြည်း ပြောင်းလဲသွားစေပါတယ်။
Synthesized (2025) မာတင်က ရိုးရိုးအေးအေး ကွန်ပျူတာပြင်ဆရာတစ်ယောက်၊ ကျောင်းတုန်းက လက်လှမ်းမမှီနိုင်ခဲ့တဲ့အဟော့ဆုံးမိန်းကလေး ငယ်ချစ် ဗယ်လ်ကီရီကိုလက်ထပ်ထားတယ်။ သူတို့နှစ်ယောက်ကြားက မတူညီတဲ့ အယူအဆတွေစိတ်ဝင်စားမှုတွေဟာ အချိန်ကြာလာတော့အိမ်ထောင်ရေးကိုထိခိုက်ပြီးအက်ကြောင်းထင်စပြုလာတယ်။ နောက်ဆုံးတော့ ဗယ်လ်ကီရီဟာ နောက်တစ်ယောက်နဲ့ပေါ်တင်တွဲလိုက်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့တယ်။ ပြိုလဲကြေကွဲသွားတဲ့ မာတင်ဟာ သူဝါသနာပါတဲ့ ဂီတကို ပိုလုပ်ဖြစ်လာတယ်။ ဒါပေမယ့်လည်းတစ်ဖြည်းဖြည်းနဲ့ ဗယ်လ်ကီရီဘက်ကလူတွေပေးတဲ့ စိတ်ဒုက္ခတွေကြောင့် သူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းဟာ ဘယ်သူမှမသိလိုက်ပဲ ရုန်းကြွလာခဲ့ပါတယ်။ ဆန်းသစ်တဲ့တင်ပြပုံနဲ့ဆိုပေမယ့် ပေါ့ပေါ့ပါးပါးတင်ဆက်ထားတဲ့ အင်ဒီဆန်ဆန်ဗြိတိန် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။
Ordinary Girl in a Tiara (2025) မိန်းကလေးတစ်ယောက်ရဲ့ LGBTQ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ငယ်ငယ်ထဲက မက်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာအိမ်မက်ကို အကောင်ထည်ဖော်ရင်းနဲ့ ဖက်ရှင်ပွဲတစ်ခုမှာ တော်ဝင်မျိုးနွယ်အမျိုးသမီးတစ်ယောက်နဲ့တွေ့သွားရာကစပြီးအသစ်အသစ်သော လူမှုဘဝတွေကြားမှာသူ့အတွက် အရာအားလုံးက မလွယ်ကူပါဘူး။ ဒါပေမယ့် ကိုယ့်ပုံစံကို ထိန်းထားရင်း အချစ်အစစ်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ရှာဖွေသွားတဲ့အခါသူမရဲ့ဘဝက တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။