The Last Viking (2025) ဒီဇာတ်ကားကတော့ နာမည်ကြီး မင်းသားကြီး Mads Mikkelsen နဲ့ Nikolaj Lie Kaas တို့ ဦးဆောင်ပါဝင်ထားပြီး ၂၀၂၅ ခုနှစ်က ထွက်ရှိထားတဲ့ Dark Comedy ဇာတ်ကားသစ် “The Last Viking” (2025) ဖြစ်ပါတယ်။ ဒီကားကို Riders of Justice တို့၊ Men & Chicken တို့လို နာမည်ကြီးကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anders Thomas Jensen က ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကြားမှာ တော်တော်လေး ဟော့ဖြစ်နေတဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း Anker (Nikolaj Lie Kaas) ဆိုတဲ့ လူတစ်ယောက်ဟာ ဘဏ်ဓားပြတိုက်မှုနဲ့…
Peter Hujar’s Day (2025) ဘဝမှာ ဘာလုပ်လို့ ဘာကိုင်လို့ ဘာတွေ အလုပ်များနေမှန်း မသိပဲ တစ်နေ့တစ်နေ့ အဓိပ္ပါယ်မရှိ ကုန်ဆုံးသွားတယ်လို့ တွေးမိဖူးကြလား။ ဒါဆိုရင်တော့ လူနှစ်ယောက် အခန်းတစ်ခန်းမှာပဲ စကားပြောနေတာကိုပဲ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်ကြည့်ပါ။ ဒီဇာတ်ကားလေးကတော့ Ira Sachs က ရိုက်ကူးတင်ဆက်ထားတဲ့ အမေရိကန် မှတ်တမ်းရုပ်ရှင်အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ ပီတာ ဟူဂျာ ဆိုတဲ့ ဓာတ်ပုံဆရာနဲ့ လင်ဒါဆိုတဲ့ စာရေးဆရာမတို့နှစ်ယောက်က ပီတာရဲ့ အခန်းထဲမှာပဲ ပီတာတစ်ယောက် တစ်နေ့တာ ဘာလုပ်ခဲ့လဲဆိုတာကို နှစ်ယောက်သား မေးရင်းဖြေရင်း ထွေရာလေးပါး ရောက်တတ်ရာရာ ပြောရင်း သူ့ဟာနဲ့သူတော့ အဓိပ္ပါယ်ရှိနေတဲ့ အခြေအနေလေးကို ဆွတ်ပျံ့ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
Whisper in the Dark (2025) ဒီကားလေးကတော့ ခုနှစ်လေးတင် ပူပူနွေးနွေး ထွက်ထားတဲ့ သည်းထိတ်ရင်ဖို့ စိတ္တဇ ကားလေးပါ။ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အကြောက်လွန်ရောဂါ ခံစားနေရတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်ဖြစ်သူ ဂျယ်ရမီဟာ သူ့ရဲ့တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ တစ်ကိုယ်တည်း ပိတ်မိနေသူပါ။ အပြင်လောကကို ကြောက်ရွံ့လွန်းလို့ အခန်းအောင်းနေရင်း စည်းကမ်းတွေနဲ့ သူ့ဘဝသူ တည်ဆောက်ထားပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုံခြုံနေတဲ့ ကမ္ဘာလေးထဲကို ကြောက်မက်ဖွယ်ရာ အဘွားအိုတစ်ယောက်ရဲ့ ပုံရိပ်တွေ ဝင်ရောက်ခြောက်လှန့်လာပါတော့တယ်။ အတိတ်က ဖုံးကွယ်ထားတဲ့ မိသားစုလျှို့ဝှက်ချက်တွေ၊ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ဂျယ်ရမီ တစ်ယောက် သူ့စိတ်က ဖန်တီးတဲ့ အရာတွေနဲ့ လက်တွေ့ဘဝကြားမှာ ရုန်းကန်ရပါတော့တယ်။ ထူးခြားတာက သာမန် သရဲကားတွေလို jumpscare တွေချည်းပဲ…
The SpongeBob Movie: Search for SquarePants (2025) ဒီရုပ်ရှင်ကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ရှိထားတဲ့ SpongeBob ရုပ်ရှင်ဇာတ်ကားသစ် ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ SpongeBob ဟာ သူရဲဘောကြောင်သူ မဟုတ်ကြောင်း၊ ရဲရင့်တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့ သူဌေး Mr. Krabs ကို သက်သေပြဖို့ ကြိုးစားရာကနေ စတင်ထားပါတယ်။ ဒီလို သက်သေပြဖို့ ကြိုးစားရင်းနဲ့ SpongeBob ဟာ မထင်မှတ်ဘဲ “Flying Dutchman” လို့ခေါ်တဲ့ နာမည်ကြီး တစ္ဆေပင်လယ်ဓားပြကြီးရဲ့ နောက်ကို လိုက်မိသွားပါတယ်။ Flying Dutchman က SpongeBob ကို ရဲရင့်တဲ့ ပင်လယ်ဓားပြတစ်ယောက်ဖြစ်အောင် သင်ပေးမယ်လို့ ကတိပေးပြီး ပင်လယ်နက်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေ (Underworld)…
Killin’ Jim Kelly (2025) 1875 ခုနှစ် တက္ကဆက်ပြည်နယ်မှာ သူတစ်လူငါတစ်မင်းနဲ့ ကောင်းဘွိုင်တွေရဲ့လက်ထဲကခြောက်လုံးပြူးတစ်လက်ဟာ ဥပဒေတစ်ခုဖြစ်နေခဲ့တယ်။ လူဖြူလူမည်းခွဲခြားမှုကလည်း အရမ်းပြင်းထန်နေတဲ့အချိန်ဖြစ်ပြီး ခေတ်ကာလအခြေအနေဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကထားလုပ်ကိုင်နေကြတဲ့အချိန်တစ်ခုပေါ့.. နွားသူခိုး မြင်းသူခိုးတွေဟာလည်း သေနတ်တကားကားနဲ့ ထင်တိုင်းကျဲနေကြတဲ့အန္တရာယ်ကိုကာကွယ်ဖို့ မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ကိုယ်ပိုင်လုံခြုံရေးကောင်းဘွိုင်တွေကိုအလုပ်ခန့်ပြီး တာဝန်ပေးခဲ့ကြရတော့တယ်။ ဒီထဲမှာ လူမည်းကောင်းဘွိုင်တစ်ယောက်ဟာ သူ့မိတ်ဆွေတစ်ယောက်အသတ်ခံလိုက်ရပြီး ကျန်ရစ်သူမိသားစုကိုစောင့်ရှောက်ဖို့နဲ့ သူ့မိတ်ဆွေကိုသတ်သွားတဲ့သူကိုလက်စားခြေပြီး ဒီလိုသတ်ဖြတ်တဲ့အလုပ်ကိုစွန့်လွှတ်ပစ်ဖို့ကြားမှာ လွန်ဆွဲရတဲ့အကြောင်းလေးကိုပုံဖော်ထားတာပဲဖြစ်ပါတယ် ကြည့်ရှုခံစားကြပါဦး။