Killin’ Jim Kelly

Killin’ Jim Kelly

Killin’ Jim Kelly (2025)

1875 ခုနှစ် တက္ကဆက်ပြည်နယ်မှာ သူတစ်လူငါတစ်မင်းနဲ့ ကောင်းဘွိုင်တွေရဲ့လက်ထဲကခြောက်လုံးပြူးတစ်လက်ဟာ ဥပဒေတစ်ခုဖြစ်နေခဲ့တယ်။

လူဖြူလူမည်းခွဲခြားမှုကလည်း အရမ်းပြင်းထန်နေတဲ့အချိန်ဖြစ်ပြီး ခေတ်ကာလအခြေအနေဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကထားလုပ်ကိုင်နေကြတဲ့အချိန်တစ်ခုပေါ့..

နွားသူခိုး မြင်းသူခိုးတွေဟာလည်း သေနတ်တကားကားနဲ့ ထင်တိုင်းကျဲနေကြတဲ့အန္တရာယ်ကိုကာကွယ်ဖို့ မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ကိုယ်ပိုင်လုံခြုံရေးကောင်းဘွိုင်တွေကိုအလုပ်ခန့်ပြီး တာဝန်ပေးခဲ့ကြရတော့တယ်။

ဒီထဲမှာ လူမည်းကောင်းဘွိုင်တစ်ယောက်ဟာ သူ့မိတ်‌ဆွေတစ်ယောက်အသတ်ခံလိုက်ရပြီး ကျန်ရစ်သူမိသားစုကိုစောင့်ရှောက်ဖို့နဲ့ သူ့မိတ်ဆွေကိုသတ်သွားတဲ့သူကိုလက်စားခြေပြီး ဒီလိုသတ်ဖြတ်တဲ့အလုပ်ကိုစွန့်လွှတ်ပစ်ဖို့ကြားမှာ လွန်ဆွဲရတဲ့အကြောင်းလေးကိုပုံဖော်ထားတာပဲဖြစ်ပါတယ် ကြည့်ရှုခံစားကြပါဦး။


Leave a Reply

Your email address will not be published. Required fields are marked *