Incarnation of the Devil 2 (2021) ၂၀၁၈ Titisan Setan ရဲ့နောက်ဆုံးတွဲအဖြစ်ထွက်ရှိလာတဲ့ Titisan Setan: Chapter Two ဖြစ်ပါတယ်။ နာမည်နဲ့အကြောင်းအရာချင်းသာဆင်ပြီး ဇာတ်လမ်း သီးသန့်တစ်ခုစီမို့တန်းကြည့်လို့ရပါတယ်။ ဇာတ်လမ်းကတော့ ရီကိုဆိုတဲ့ နာမည်ကျော်အပ်ချုပ်ဆရာလေးတစ်ယောက် သူ့ဆီကိုပဟေဠိဆန်ဆန်အမျိုးသမီးတစ်ယောက်ရောက်လာပြီး ဝတ်စုံတစ်ထည်မှာကြားခဲ့ပါတယ်။ အဲ့ဒီအချိန်နဲ့တစ်ပြိုင်တည်းမှာပဲ သူတို့ရပ်ကွက်ထဲမှာ အမျိုးသားတွေဆက်တိုက်ပျောက်ဆုံးနေပြီး သောင်းကျန်းနေတဲ့သရဲမတစ်ယောက်လက်ချက်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့အထဲမှာ ရီကို့အရင်းနှီးဆုံး သူငယ်ချင်းတွေပါ ပါဝင်လာတဲ့အချိန်မှာတော့ ဒီဖြစ်စဉ်တွေဟာ သူနဲ့တိုက်ရိုက်သက်ဆိုင်လာပါတော့တယ်။ ၂၀၁၈ နာမည်ကျော် ဘောလိဝုဒ်ရုပ်ရှင် Stree ကိုကျောရိုးယူထားတာပါ။ ဘာတွေကွာသွားလဲဆိုတာတော့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။
Incarnation of the Devil (2018) မလီဆာက စည်းကမ်းကြီးတဲ့အဘွားကို လိမ်ညာပြီးတော့ သူ့ချစ်သူ ဘာရာနဲ့အတူအပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ အိမ်ပြန်ချိန်မှာတော့ သူ့ချစ်သူက သူ့အဖေရဲ့အပန်းဖြေအိမ်ကိုခဏဝင်ကြည့်ရမယ်လို့ဆိုတဲ့အတွက် လိုက်သွားရာကနေ ကားပျက်သွားတဲ့အတွက်အဲ့ဒီအိမ်မှာပဲ ညအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့ရောက်ပြီး မကြာခင်မှာပဲ ဒေါသထွက်နေတဲ့ ဝိဉာဉ်ပုံရိပ်တစ်ခုရဲ့ နှောင့်ယှက်မှုကို တွေ့ကြုံလာရပြီးမလီဆာ သူငယ်ချင်းဖြစ်တဲ့ ဂတ်ဘီတို့စုံတွဲရောက်လာချိန်မှာတော့ ခြောက်လှန့်မှုတွေအဆုံးစွန်ကြမ်းတမ်းလာခဲ့ပြီး ဂတ်ဘီတို့ထွက်ပြေးရတဲ့အထိဖြစ်လာပါတော့တယ်။ တစ်ခါမှ သရဲတစ္ဆေဇာတ်လမ်းနောက်ကြောင်းမရှိခဲ့ဖူးတဲ့ ဒီအပန်းဖြေအိမ်ရဲ့ခြောက်လှန့်မှုတွေဟာ ဘယ်သူ့ကြောင့်လဲ? ဒီအိမ်ရဲ့အစွဲမဟုတ်ရင် သရဲက ဘယ်နေရာက ပါလာနိုင်မလဲ? သူ့ရဲ့ရည်ရွယ်ချက်က ဘာတွေဖြစ်မလဲ? ဆက်လက်ရှုစားကြပါ။
Basang Basa (2025) အမေဖြစ်သူက နောက်အိမ်ထောင်ပြုသွားလို နှစ်ယောက်တည်းကျန်နေခဲ့ရတဲ့ ညီအစ်မနှစ်ယောက်.. အစ်မဖြစ်သူတိုနက်က ညီမလေးကျောင်းဆက်တက်ရဖိုအရေး သူကျောင်းဆက်မတက်ဘဲ အလုပ်ထွက်လုပ်ပြီး အမကြီးအမိရာပီသပေးခဲ့ပါတယ်။ ညီအစ်မနှစ်ယောက်တည်းမို အားကိုးရာရှာရင်း သူတိုတိုက်မှာ security ဂျာအိုကို တိုနက်က မျက်စိကျသွားပါတယ်။ ဒါပေမယ့် တိုနက်မသိခဲ့တာက သူစားချင်လွန်းလို ထမင်းဖိတ်ကျွေး အထာပေးရင်း ဥထားတဲ့ တိုနက်ရဲ့ငှက်ပျောသီးကို ညီမဖြစ်သူနီနေးက ခွာစားပြီးသားဖြစ်နေတာပါ ဒီတော့ ညီအစ်မနှစ်ယောက် ငှက်ပျောသီးလုရင်း ရန်စောင်ရင်း နီနေးကို အိမ်ကနှင်ထုတ်တဲ့အထိဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ ဂျာအိုရဲ့ငှက်ပျောသီးက ဘယ်မျောက်ကလေးဆီမှာ ပျော်မွေ့မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။
Arjun Chakravarthy (2025) တက်လမ်း Arjun Chakravarthy: Journey of an Unsung Champion အဖေမရှိ အမေမရှိတဲ့ဘဝကနေ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော်အာဂျွန်။ ကျွန်တော့်နေ့စဉ်ဘဝကတော့ ကြုံရာအိမ်ရှေ့ဖိနပ်ချွတ်ကနေ နိုးထလာခြင်းက စခဲ့တာပေါ့ အမေမရှိတော့ဘူးဆိုပေမဲ့ အမေက နာမည်တော့ ပေးခဲ့ရှာပါတယ် အာဂျွန်ချက်ကရာဗာသီတဲ့ မသိရင် ဘုရင်နာမည်လိုလိုပေါ့ဗျာ ဒါပေမဲ့ စားဖို့တောင် အနိုင်နိုင်ပေါ့ တစ်နေ့ ကျွန်တော်နိုးလာတော့ မရှိတဲ့အမေကို စော်စော်ကားကားပြောနေတဲ့ ဦးလေးတစ်ယောက်ကို ထိုးလိုက်မိတယ် အဲဒီဦးလေးက ပြန်ရိုက်တော့ လူကြီးတစ်ယောက်က ဝင်ဆွဲပေးရှာတယ် အဲဒီလူကြီးကြောင့် ကျွန်တော့်ဘဝတစ်ခုလုံးက လုံးဝပြောင်းလဲသွားခဲ့တာပေါ့ဗျာ ဒီလူကြီးရဲ့ဘဝက စိတ်ဝင်စားဖို့တော့အကောင်းသားဗျ ကျွန်တော်တစ်ခါမှမကြားဖူးတဲ့ ကာဘက်ဒီကစားနည်းရဲ့ ဆရာတဲ့လေ သူ့မှာရှိသမျှ အင်အား ခွန်အား ရည်မှန်းချက် ဒါတွေအကုန် ဒီကစားနည်းထဲနှစ်မြှုပ်ထားတဲ့ နည်းပြဆရာတစ်ယောက်။ ကျွန်တော်က…
Warning: Do Not Play (2019) သရဲကား ကောင်းကောင်းရှာနေသူတွေအတွက် ဒီနေ့မှာတော့ 2019 ခုနှစ်ထွက် သရဲကားကောင်းတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ အဓိကသရုပ်ဆောင်တွေကတော့ မင်းသမီး Seo Yea Ji နဲ့ မင်းသားကြီး Jin Seon Kyu တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. သရဲဇာတ်လမ်းတို တစ်ခု ရိုက်ဖို့အတွက် ဇာတ်ညွှန်းကို ရအောင်မရှာနိုင်ရင် အလုပ်ပြုတ်ကိန်းဆိုက်နေတဲ့ ဒါရိုက်တာမလေး ဘတ်မီဂျောင်းအကြောင်းပဲ ဖြစ်ပါတယ် ။ ဒီလိုနဲ့ ဘတ်မီဂျောင်းဟာ သူ့ ဂျူနီယာလေး တစ်ယောက်ဆီကကြားတဲ့ သတင်းအစအန တစ်ခုကို ဆုပ်ကိုင်ရင်း ဒယ်ဂျွန်းအထိ ရောက်လာခဲ့ပါတော့တယ် ။ သူသိထားရတာကတော့ “သရဲရိုက်ထားတဲ့ ရုပ်ရှင်” ဆိုတဲ့အကြောင်းပါပဲ ။ ဒါပေမဲ့ ရုပ်ရှင်နာမည်နဲ့…