Warning: Do Not Play

Warning: Do Not Play

Warning: Do Not Play (2019)

သရဲကား ကောင်းကောင်းရှာနေသူတွေအတွက် ဒီနေ့မှာတော့ 2019 ခုနှစ်ထွက် သရဲကားကောင်းတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ အဓိကသရုပ်ဆောင်တွေကတော့ မင်းသမီး Seo Yea Ji နဲ့ မင်းသားကြီး Jin Seon Kyu တို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ..

သရဲဇာတ်လမ်းတို တစ်ခု ရိုက်ဖို့အတွက် ဇာတ်ညွှန်းကို ရအောင်မရှာနိုင်ရင် အလုပ်ပြုတ်ကိန်းဆိုက်နေတဲ့ ဒါရိုက်တာမလေး ဘတ်မီဂျောင်းအကြောင်းပဲ ဖြစ်ပါတယ် ။

ဒီလိုနဲ့ ဘတ်မီဂျောင်းဟာ သူ့ ဂျူနီယာလေး တစ်ယောက်ဆီကကြားတဲ့ သတင်းအစအန တစ်ခုကို ဆုပ်ကိုင်ရင်း ဒယ်ဂျွန်းအထိ ရောက်လာခဲ့ပါတော့တယ် ။

သူသိထားရတာကတော့ “သရဲရိုက်ထားတဲ့ ရုပ်ရှင်” ဆိုတဲ့အကြောင်းပါပဲ ။

ဒါပေမဲ့ ရုပ်ရှင်နာမည်နဲ့ ဒါရိုက်တာနာမည်ကလွဲပြီး သတင်းအစအန ရမလာတဲ့အခါ ဘတ်မီဂျောင်းက အွန်လိုင်းပေါ်ကို ပို့စ်တင်ပြီး မေးပါတော့တယ် ။

ဒီအခါမှာတော့ “ warning “ ရဲ့ ဒါရိုက်တာ ဂင်ဂျယ်ဟျွန်းဆိုတဲ့လူက ပို့စ်ကို ဖျက်ပေးဖို့ တောင်းဆိုရာက အစပြုပြီး နှစ်ယောက် တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ် ။

“ warning “ က တကယ်ပဲ သရဲကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်လား ။

အဲဒီရုပ်ရှင်ကို ပြသခွင့်တောင် ပိတ်လိုက်ရတဲ့အကြောင်းအရင်းကရော ဘာတွေရှိနေမလဲ ။

ရုပ်ရှင်နဲ့ ပတ်သက်သမျှ အရာအားလုံးကို ဖျောက်ဖျက်ချင်နေတဲ့ ဂင်ဂျယ်ဟျွန်းနဲ့ “ warning “ ကို ပြန်အသက်သွင်းဖို့ စိတ်အားထက်သန်နေတဲ့ ဘတ်မီဂျောင်းတို့နှစ်ယောက်မှာ ဘယ်သူက အနိုင်ရမလဲ ။

နောက်ဆုံးမှာ တကယ်ပဲ လက်ရာမြောက်တဲ့ သရဲကားတစ်ကား ထွက်လာမလားဆိုတာကိုတော့ Warning : Don’t Play ရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *