Incarnation of the Devil 2 (2021)

၂၀၁၈ Titisan Setan ရဲ့နောက်ဆုံးတွဲအဖြစ်ထွက်ရှိလာတဲ့ Titisan Setan: Chapter Two ဖြစ်ပါတယ်။ နာမည်နဲ့အကြောင်းအရာချင်းသာဆင်ပြီး ဇာတ်လမ်း သီးသန့်တစ်ခုစီမို့တန်းကြည့်လို့ရပါတယ်။
ဇာတ်လမ်းကတော့ ရီကိုဆိုတဲ့ နာမည်ကျော်အပ်ချုပ်ဆရာလေးတစ်ယောက် သူ့ဆီကိုပဟေဠိဆန်ဆန်အမျိုးသမီးတစ်ယောက်ရောက်လာပြီး ဝတ်စုံတစ်ထည်မှာကြားခဲ့ပါတယ်။
အဲ့ဒီအချိန်နဲ့တစ်ပြိုင်တည်းမှာပဲ သူတို့ရပ်ကွက်ထဲမှာ အမျိုးသားတွေဆက်တိုက်ပျောက်ဆုံးနေပြီး သောင်းကျန်းနေတဲ့သရဲမတစ်ယောက်လက်ချက်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ပျောက်ဆုံးသွားတဲ့အထဲမှာ ရီကို့အရင်းနှီးဆုံး သူငယ်ချင်းတွေပါ ပါဝင်လာတဲ့အချိန်မှာတော့ ဒီဖြစ်စဉ်တွေဟာ သူနဲ့တိုက်ရိုက်သက်ဆိုင်လာပါတော့တယ်။
၂၀၁၈ နာမည်ကျော် ဘောလိဝုဒ်ရုပ်ရှင် Stree ကိုကျောရိုးယူထားတာပါ။ ဘာတွေကွာသွားလဲဆိုတာတော့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။



Leave a Reply