Category: Movies


  • Song Sung Blue

    Song Sung Blue

    Song Sung Blue (2025) ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားကြီး Hugh Jackman (X-Men မင်းသား) နဲ့ မင်းသမီး Kate Hudson တို့ အဓိကပါဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဂီတဒရာမာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မေဝေါ်ကီ (Milwaukee) မြို့က သာမန်လူတန်းစား နှစ်ဦးဖြစ်တဲ့ Mike (Hugh Jackman) နဲ့ Claire (Kate Hudson) တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိက ပုံဖော်ထားတာပါ။ Mike က အရက်ဖြတ်ထားတဲ့ ဗီယက်နမ်စစ်ပြန် တစ်ဦးဖြစ်ပြီး နာမည်ကြီး အဆိုတော် Neil Diamond ရဲ့ သီချင်းတွေကို လိုက်ဆိုနေတဲ့ အပျော်တမ်း အဆိုတော်တစ်ဦးပါ။ Claire ကတော့ ကလေးနှစ်ယောက်မိခင် Single…

  • Bha Bha Ba

    Bha Bha Ba

    Bha Bha Ba (2025) အရူးများကမ္ဘာမှကြိုဆိုပါ၏ လူ‌တွေအားလုံးကတစ်ယောက်တစ်မျိုးနဲ့ ရူးနေကြတဲ့ အရူးတွေပါ။ ဒါပေမဲ့ ကိုယ့်ထက်ပိုရူးတဲ့ သူနဲ့တွေ့တဲ့အခါမှာတော့ကြောက်လန့် သွားတတ်ကြပါတယ်။ ဒီဇာတ်လမ်းမှာ အမည်မသိ လူစိမ်းတစ်ယောက်က ကီရာလာပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ စီကေ ဂျိုးဆက် ကို လူထုဟောပြောပွဲတစ်ခုအတွင်းမှာ ရဲရဲဝံ့ဝံ့ ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့သားဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဒီအမှုကို လိုက်လံဖြေရှင်းရပါတော့တယ်။ ပြန်ပေးဆွဲသူဟာ ဝန်ကြီးချုပ်ကို ဘာကြောင့်ဖမ်းဆီးရတာလဲ၊ သူ့ရဲ့နောက်ကြောင်းရာဇဝင်က ဘာလဲဆိုတာကို ဟာသနှောပြီး တဖြည်းဖြည်းချင်း ဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။

  • Gurram Paapi Reddy

    Gurram Paapi Reddy

    Gurram Paapi Reddy (2025) လောဘသားကောင်များ အလွဲအချော်ပေါင်းများစွာနဲ့ လူ့လောဘကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Crime Comedy ဇာတ်ကားတစ်ကားပါ။ ၂ နာရီကျော်ကြာ‌ပေမဲ့ လုံးဝပျင်းမသွားဘဲ ထိုင်ရယ်နေရမဲ့ကားမျိုးကြည့်ချင်သူများအတွက် ဒီကားကိုရွေးကြပါ။ အားလုံးရဲ့အချစ်တော် ယိုဂီဘာဘူလည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းက ပုံမှန်မဟုတ်တဲ့ ရာဇဝတ်မှုတစ်ခုနဲ့အတူ စတင်ထားတာဖြစ်ပြီး Gurram Paapi Reddy က မထင်မှတ်ဘဲ အဲ့ဒီအရှုပ်အထုပ်ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ရပါတယ်။ အေးအေးဆေးဆေးနေချင်တဲ့ သူ့ရဲ့ဘဝထဲကို ထူးဆန်းတဲ့ဇာတ်ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတဲ့အခါမှာတော့ အခြေအနေတွေဟာ သူထိန်းချုပ်လို့မရတော့ဘဲ လုံးဝ ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။ အထူးသဖြင့် လူရွှင်တော်ကြီး Brahmanandam နဲ့ အဖွဲ့သားတွေရဲ့ ကြားဝင်နှောက်ယှက်မှုတွေ၊ ငွေကြေးနဲ့ လောဘနောက်ကွယ်က အလွဲအချော်တွေကြားမှာ ဇာတ်ကောင်တွေဟာ ဘယ်သူ့ကိုယုံရမှန်းမသိအောင် ဖြစ်လာကြပါတယ် ပြောရရင် ရာဇဝတ်မှုတွေရဲ့…

  • Pillion

    Pillion

    Pillion (2025) မင်းသားကြီး Alexander Skarsgård နဲ့ Harry Potter ရုပ်ရှင်တွေထဲမှာ ဒက်ဒလေအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Harry Mellingတို့ အဓိကပါဝင်ထားတဲ့ Queer/BL ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားဟာ သမားရိုးကျ အချစ်ကားတွေနဲ့မတူဘဲ နာမည်ကျော် Call Me by Your Name ရုပ်ရှင်လိုမျိုး စိတ်ခံစားချက်ကို အသားပေးရိုက်ကူးထားတာပါ။ ဘဝကို ပုံစံခွက်ထဲမှာပဲ ဖြတ်သန်းနေတဲ့ Colin ဟာ တစ်နေ့မှာတော့ သူနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့၊ လွတ်လပ်ပြီး အရိုင်းဆန်တဲ့ ဆိုင်ကယ်သမား Ray နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Ray ရဲ့ ဆိုင်ကယ်နောက်ထိုင်ခုံမှာ လိုက်ပါရင်း တဖြည်းဖြည်းနဲ့ Colinရဲ့‌ အေးစက်‌‌နေတဲ့ ဘဝဟာလည်း ပိုမိုအသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ မြို့ပြရဲ့ မီးရောင်အောက်မှာ ဆိုင်ကယ်စီးရင်း…

  • Killer Whale

    Killer Whale

    Killer Whale (2026) လူအများစုက Killer Whale (Orca) တွေကို ချစ်စရာကောင်းတဲ့ သတ္တဝါတွေလို့ ထင်မှတ်ထားကြပေမဲ့ တကယ်တမ်းမှာတော့ သူတို့ဟာ ငါးမန်းဖြူတွေထက် ပိုမိုပါးနပ်ပြီး ရက်စက်တဲ့ သမုဒ္ဒရာရဲ့ ဘုရင်တွေပါပဲ။ ထရစ်ရှ်နဲ့ မက်ဒီတို့ သူငယ်ချင်းနှစ်ယောက်ဟာ အရင်က စီတိုဆိုတဲ့ Killerဝေလငါးကြီးရဲ့ အလှပြကန်မှာ အလုပ်တူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ စီတိုဟာ သူ့သားပေါက်လေးသေဆုံးပြီးနောက်ပိုင်းမှာ ထိန်းသိမ်းရေးဝန်ထမ်းတစ်ယောက်ကို သတ်လိုက်မိတာကြောင့် အခုအချိန်မှာတော့ စီတိုကို အလှပြတာမျိုးတွေမလုပ်တော့ဘဲ သီးသန့်ထိန်းသိမ်းထားကြပါတယ်။ စီတိုကိုသံယောဇဉ်ရှိကြတဲ့ ထရစ်ရှ်နဲ့မက်ဒီတို့ကလည်း အလုပ်ထွက်ပြီး ကိုယ့်ဘဝနဲ့ကိုယ် အနေဝေးသွားကြပါတယ်။ တစ်နေ့မှာတော့ ထရစ်ရှ်က သူ့သူငယ်ချင်းမက်ဒီကို အပန်းဖြေခရီးထွက်ရင်း စီတိုကိုထိန်းသိမ်းထားတဲ့‌ေနရာဆီသွားပြီး အလွမ်းပြေသွားနှုတ်ဆက်ကြမယ်လို့လာခေါ်ခဲ့ပါတယ်။ ဒီလိုပျော်စရာခရီးစဉ်ကနေ မထင်မှတ်တဲ့ အပြောင်းအလဲတွေကြောင့် ပင်လယ်ပြင်ခေါင်ခေါင်ကြီးထဲ ထရစ်ရှ်ရယ် မက်ဒီရယ် စီတိုရယ် ဆုံတွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို…