Category: Movies

  • Baaghi 4

    Baaghi 4 (2025) “စိတ်ကူးယဉ်ချစ်သူ” မင်းသားချော တိုက်ဂါးရှရော့ဖ်ရဲ့ ဘာဂီရုပ်ရှင်စီးရီးတွေထဲမှာ ဘတ်ဂျက် ရူပီးသန်းရှစ်ရာ သုံးပြီးရိုက်ကူးခဲ့တဲ့လေးကားမြောက်ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီးဆန်ဂျေးဒတ်၊ ပန်ချာပီမင်းသမီး ဆိုနမ်ဘာဂျ်ဝါတိုနဲ့အတူ ၂၀၂၁ခုနစ် မယ်စကြဝဠာလေး ဟာနက်ဇ်ဆန်ဒူးရဲ့ဟင်ဒီပွဲဦးထွက်ရုပ်ရှင်ပေါ့။ ပထမကားမှာ ချစ်သူကိုကယ်တယ်၊ ဒုတိယကားမှာ ချစ်သူဟောင်းရဲ့ကလေးကို ကယ်တယ်၊ တတိယကားမှာ အစ်ကိုဖြစ်သူကိုကယ်ခဲ့တဲ့ တိုက်ဂါးရှရော့ဖ် ဒီရုပ်ရှင်မှာ ဘယ်သူ့ကို ကယ်တင်ရဦးမှာလဲ…။ ဒဏ်ရာအပြင်းအထန်ရခဲ့တာကြောင့် ဦးနှောက်ထိခိုက်သွားတဲ့ ရော်နီတစ်ယောက် အချိန်တစ်ခုထိကိုမာဝင်နေခဲ့ပါတယ်။ သတိပြန်ရလာတဲ့အချိန်မှာတော့ အာလီရှာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကို တသသရွတ်ရင်းထင်ယောင်ထင်မှားလောကကြီးထဲမှာ ရှင်သန်နေခဲ့တာပေါ့။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ အစ်ကိုဖြစ်သူက ဒီအာလီရှာဆိုတဲ့ မိန်းကလေးက တကယ်မရှိပါဘူးလို ရှင်းပြပေမယ့် တကယ့်လောကမှာ အာလီရှာမရှိရင် ထင်ယောင်မှားမှုထဲမှာပဲ ရှင်သန်လိုက်မယ်ဆိုပြီး ခေါင်းမာနေခဲ့ပါတယ်။ တစ်ရက်တော့ အိမ်မှာ သောင်းကြမ်းနေလို ရဲတပ်ဖွဲက လာဖမ်းသွားပြီးနောက်မှာတော့ ရော်နီ့စိတ်တွေငြိမ်သွားခဲ့ပါသေးတယ်။…

  • Párvulos: Children of the Apocalypse

    Párvulos: Children of the Apocalypse

    Párvulos: Children of the Apocalypse (2024) ဆယ်လ်ဗဒေါ၊ အိုလီဗာနဲ့ဘင်ဂျမင်တို့ဟာ မိဘမဲ့ညီအစ်ကိုသုံးယောက်ဖြစ်ပြီးဖုတ်ကောင်ကပ်ဘေးကြောင့် ပျက်စီးသွားရတဲ့ကမ္ဘာမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းရှင်သန်နေရတဲ့ ကလေးသုံးယောက်ဖြစ်ပါတယ်။ သူတို့နေထိုင်ရာအိမ်ကြီးက လူသူမနီးတဲ့တောအုပ်ထဲမှာရှိတဲ့အတွက် ပြင်ပအန္တရာယ်တွေကနေ ကင်းသင့်သလောက်ကင်းပေမယ့် ဝမ်းရေးအတွက်အစာရှာထွက်ရချိန်တွေမှာတော့အပြင်လောကမှာရှိတဲ့ ဖုတ်ကောင်တွေ၊အသက်ရှင်ကျန်ရစ်သူတွေကိုလိုက်သုတ်သင်နေတဲ့ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်တွေကိုလည်းသတိထားရပါသေးတယ်။ အဲ့ဒါတွေအပြင် သူတို့ရဲ့မြေအောက်ခန်းမှာ ကြောက်စရာလျှို့ဝှက်ချက်တစ်ခုကိုလည်းထိန်းသိမ်းထားသေးပြီး ဒီအိမ်ကနေ ရေကြည်ရာမြက်နုရာကို စွန့်ခွာထွက်မသွားနိုင်တာ အဲ့ဒါကလည်း အကြောင်းရင်းတစ်ခုအနေနဲ့ပါရှိနေပါတယ်။ တင်ဆက်ပုံ၊ဇာတ်လမ်းဇာတ်ကွက်၊အရောင်တွေကအစ ထူးခြားလှပတဲ့ လက်ရာမြောက်ဇာတ်ကားတစ်ကားအဖြစ်ရှုစားကြရမှာပါ။ ဒါ့အပြင် ကမ္ဘာပျက်သွားတာကို ပုံဖော်ထားတဲ့စိတ်ကူးကလည်းအတော်ဆန်းသစ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အယူအဆတစ်ခုဖြစ်တာကိုတွေ့မြင်ကြရပါလိမ့်မယ်။ (တစ်ခုရှိတာကတော့ စိတ်မသက်မသာဖြစ်စရာ၊ မသတီစရာ၊ မြင်ကွင်းတွေလည်းအများကြီးပါဝင်တဲ့အတွက် စိတ်ခိုင်မှကြည့်ကြစေလိုပါတယ်။)

  • Ponyboi

    Ponyboi

    Ponyboi (2025) Intersex ဒွိလိင်တစ်ဦးဖြစ်သူ ပိုနီဘွိုင်းဟာ မိဘများနှင့် ဆက်ဆံရေးမပြေလည်တော့သည့်အတွက် အိမ်ကနေထွက်လာပြီး နယူးဂျာစီမှာ ကိုယ့်ဘဝကိုယ်ကျောင်းရင်း နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီ‌လို့ခေါ်တယ့် လူတစ်ယောက်ရဲ့အကူအညီနဲ့ နေစရာရော အလုပ်အကိုင်ပါရရှိခဲ့ပါတယ်။ သို့ပေမယ့်အလုပ်အကိုင်က ကောင်းရောင်းကောင်းဝယ်တော့မဟုတ်ပါဘူး။ နေ့ခင်းဘက်မှာ အဝတ်လျှော်လုပ်ငန်းလုပ်ရပေမယ့် ညခင်းဘက်မှာတော့ ပြည့်တန်ဆာတစ်ဦးအဖြစ်နဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်များနှင့်ပါ ပတ်သတ်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီကိုယ်တိုင်က ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးရဲ့ခင်ပွန်းဖြစ်ပေမယ့် ပိုနီဘွိုင်းအပါအဝင် မိန်းမတစ်ကာနှင့် ပတ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ပိုနီဘွိုင်းနဲ့ ဗင်နီရဲ့မိန်းမ အိန်ဂျယ်လ်နဲ့က အလွန်ခင်မင်ခဲ့ကြပြီး အရင်းအနီးဆုံးသူငယ်ချင်းတွေပါ ဖြစ်လာပါတယ်။ ဒီလိုမျိုး အရှုပ်ထုပ်တွေနဲ့ပြည့်နေတဲ့ ပိုနီဘွိုင်းတစ်ယောက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကပါ ဒွိဟဖြစ်နေစေတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လက်ခံမှုတစ်ခု၊ ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့ အချိန်တစ်ခုကိုရောက်လာခဲ့ပါတယ်။ ကောင်းမွန်သောရောက်လာခြင်းတော့မဟုတ်ပါဘူး။ အပြဲပြဲအကွဲကွဲဖြစ်ရမယ့် အခြေအနေတစ်ခုနဲ့ပါ။ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။ ဒီဇာတ်ကားလေးဟာ ၂၀၁၉မှာဒီနာမည်နဲ့ပဲထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပိုနီဘွိုင်းသရုပ်ဆောင်သူဟာလည်း…

  • Long Live the King: Mokpo Hero

    Long Live the King: Mokpo Hero

    Long Live the King: Mokpo Hero (2019) အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ မင်းသား Kim Rae Won နဲ့ မင်းသမီး Won Jin A တို့ အဓိကပါဝင်ထားပြီး .. လူကြမ်းကြီးကနေ နိုင်ငံရေးသမားဖြစ်သွားတဲ့ Action, Ro-com အမျိုးအစားလေးဖြစ်တဲ့ Long Live the King : Mokpo Hero ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း မို့ဖိုမြို့က လူဆိုးခေါင်းဆောင် ဂျန်ဆယ်ချူး (Kim Rae Won) ဟာ ဈေးသည်တွေကို အနိုင်ကျင့်ဗိုလ်ကျပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးပါ… တစ်နေ့မှာတော့ မို့ဖိုဗဟိုဈေးကိုဖြိုဖျက်ပြီး အဆင့်မြင့်အပန်းဖြေစခန်းဆောက်ဖို့လုပ်ကြတဲ့ အာဏာရှိလူတွေကြောင့် ဈေးသူဈေးသားတွေ ဆန္ဒပြကြတဲ့အခါ ဖြိုဖျက်ဖို့ကို…

  • Waktu Maghrib 2 (2025)

    Waktu Maghrib 2 (2025)

    Waktu Maghrib 2 (2025) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Waktu Maghrib ဇာတ်ကားရဲ့ နောက်ဆက်တွဲရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ထဲက ဂျက်တီဂျာဂျာရွာရဲ့ အဖြစ်အပျက်ပြီးလို့ အနှစ် ၂၀အကြာ၊ ဂျက်တီဂျာဂျာရွာရဲ့ ဘေးချင်းကပ်ရပ်မှာရှိတဲ့ ဂီရီထရီတိုရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ဝူလန်နဲ့ ယိုဂိုဆိုတဲ့ ဝမ်းကွဲမောင်နှမနှစ်ယောက်ပါ။ ဇာတ်လမ်းကို ယိုဂိုတို့ ကျောင်းက ကျောင်းသားလေးတွေ ကျောင်းဘောလုံးပွဲ ကန်ကြတာနဲ့စဖွင့်ထားပါတယ်။ ဒီပွဲကို ဝူလန်က လိုက်မကြည့်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝူလန်ပါအတူလိုက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဘောလုံးပွဲအပြီးမှာ ဝူလန်၊ယိုဂိုနဲ့ ဘောလုံးအသင်းထဲက ကျောင်းသားလေး ၆ယောက်ဟာ ကားတစ်စီးနဲ့ အိမ်ပြန်ကြပါတယ်။ ဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာ လူတစ်ယောက်ကို ဝင်တိုက်မိခဲ့ပြီး ဝူလန်ကလည်းရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒါကြောင့် ကားဆရာနဲ့ ကျောင်းသားလေးတွေဟာ ရဲကို ယာဉ်တိုက်မှုအတွက် အကြောင်းကြားပြီး ပျောက်သွားတဲ့…