Category: Movies


  • The Piper

    The Piper

    The Piper (2015) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် Pied Piper of Hamelin ဆိုတဲ့ ဂျာမန်ပုံပြင်ကို Horror ပုံစံနဲ့ ပြန်လည်ပုံဖော်ထားတဲ့ ကိုးရီးယား Horror/Mystery ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိမှာပါ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ Miracle in Cell No. 7 နဲ့ Kingdom ထဲက မင်းသားကြီး Ryu Seung Ryong၊ Lee Sung Min၊ Chun Woo Hee နဲ့ Lee Joon…

  • Born to Raise Hell

    Born to Raise Hell

    Born to Raise Hell (2010) ဒီဇာတ်လမ်းလေးကတော့ 911 ဖြစ်ရပ်ဆိုးကြီးအပြီးမှာ စစ်သွေးကြွတွေဟာအခုလိုလုပ်ရပ်လုပ်ဖို့ကိုငွေ‌ကြေးတွေကို မူးယစ်ဆေးဖြန့်ချီနေရာကနေ ရခဲ့တာကို အမေရိကန်ဖက်ကသိသွားပါတော့တယ်။ ဒီလိုနဲ့အမေရိကန်အစိုးရကဦးဆောင်းပြီး မူးယစ်ဆေးဝါးပိုင်းကကျွမ်းကျင်အရာရှိတွေကိုစုပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကိုထူထောင်ခဲ့ပါတယ်။ အဲဒီထဲကအဖွဲ့တစ်ခုမှာတာဝန်ထမ်းဆောင်နေတာကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ဖြစ်သူ စုံထောက်ဘော်ဘီပါ သူဟာလက်တလောတင်သူ့ရဲ့အလုပ်ပါတနာကို မူးယစ်ဂိုဏ်းတစ်ခု‌ကသတ်သွားလို့ လိုက်ပြီးလက်စားချေဖို့ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ဘာသက်သေမှမရှိပဲသူတစ်ဦးထဲဖြစ်နေတဲ့အချိန်မှာ သူ့ပါတနာနေရာကိုအစားထိုးဖို့ စတီဗ်ဆိုတဲ့အရာရှိကရောက်လာပါတော့တယ်။ ဒီလိုနဲ့သူတို့နှစ်ဦးဘယ်လိုသဲလွန်စတွေရှာကြမလဲ ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာကိုကြည့်ရမယ့် Action ဇာတ်လမ်းလေတစ်ကားပဲဖြစ်ပါတယ်။ အဓိကဒီကားကိုကြည်ြသင့်တဲ့အချက်က သူတို့သံလွန်စရှာတဲ့အခါမှာဘယ်လိုနည်း ဘယ်လိုဉာဏ်နဲ့ရှာပြီး လက်စားချေတယ်ဆိုတာပါပဲ။ တကယ်ကိုစုံထောက်ဇာတ်လမ်းတွေစိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်‌လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

  • Our Girls

    Our Girls

    Our Girls (2025) Oscar ဆုရ ဒါရိုက်တာ Mike van Diem ရိုက်ကူးပြီး ၂၀၂၅ ခုနှစ်၊ Netherlands Film Festival မှာ ဖွင့်ပွဲဇာတ်ကားအဖြစ် ပြသခဲ့တဲ့ Drama/Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ သံယောဇဉ်ကြီးမားတဲ့ မိတ်ဆွေ သူငယ်ချင်း မိသားစုနှစ်စုဟာ နှစ်တိုင်းလိုလို Austrian Alps တောင်တန်းဒေသမှာ အတူတကွ အားလပ်ရက် ခရီးထွက်လေ့ရှိကြပါတယ်။ ဒီနှစ်ခရီးစဉ်မှာတော့ မမျှော်လင့်ထားပဲ ကံဆိုးမိုးမှောင်ကျပါတော့တယ်။ သူတို့ရဲ့ ဆယ်ကျော်သက် သမီးပျိုနှစ်ယောက် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာ မိဘတွေဟာ အခက်ခဲဆုံး ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။ သမီးတစ်ယောက် အသက်ရှင်ဖို့အတွက် နောက်တစ်ယောက်က ပေးဆပ်ရမယ့် အခြေအနေမျိုး၊ တစ်ယောက်ကို ကယ်တင်ဖို့ အခြားတစ်ယောက်ကို စွန့်လွှတ်ရမယ့် ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်းတွေ…

  • Sakral

    Sakral

    Sakral (2018) မယ်လီနာဟာ လွန်ခဲ့တဲ့နှစ်တစ်ချို့က အမြွှာကလေးမွေးခဲ့ပေမယ့် ကလေးတစ်ယောက်ကမီးတွင်းမှာတင်ဆုံးပါးသွားခဲ့ပြီး ဖလော်ရာဆိုတဲ့ သမီးလေးတစ်ယောက်သာ အဖတ်တင်ကျန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် မယ်လီနာဟာ စိတ်ကျရောဂါ၊ စိုးရိမ်သောကလွန်ကဲမှုတွေကိုလက်ရှိခံစားနေရတာပါ။ မကြာခင်မှာပဲ သူတို့မိသားစုထဲမှာ ထူးဆန်းတဲ့သေဆုံးမှုတွေ၊ အရိပ်အယောင်တွေကိုတွေ့ကြုံလာရပြီး မယ်လီနာကိုယ်တိုင်ကပါ စိတ်ကျန်းမာရေးမကောင်းသလိုနဲ့ထူးဆန်းတဲ့အပြုအမူမျိုးတွေကိုလုပ်လာပါတော့တယ်။ ဒီဖြစ်စဉ်တွေအားလုံးရဲ့နောက်ကွယ်ကအကြောင်းရင်းဟာ မီးတွင်းထဲမှာဆုံးပါးသွားတဲ့ ကလေးနဲ့တစ်စုံတစ်ရာဆက်စပ်နေမယ်ဆိုတာ သိသာနေပေမယ့် ဆက်စပ်မှုဟာ ဘယ်လိုပုံစံအကြောင်းတရားမျိုးနဲ့လဲ၊ သေဆုံးသွားတဲ့ကလေးရဲ့ဝိဉာဉ်က ရှင်ကျန်နေခဲ့တဲ့တစ်ယောက်ကိုမနာလိုဝန်တိုမှုလား၊ ဒါမှမဟုတ် မိခင်နဲ့ဖခင်ကိုမကျေနပ်တာမျိုးလား? ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

  • The Ruse

    The Ruse

    The Ruse (2025) ဒဲလ်ဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချို့ယွင်းချက်ကြောင့် လတ်တလောအလုပ်က အနားပေးခံထားရပေမယ့် လူအင်အားလိုအပ်ချက်ကြောင့် ဒုတိယအကြိမ်အခွင့်အရေးရခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ်းစပ်နားက အိမ်ကြီးတစ်လုံးမှာနေထိုင်တဲ့သက်ကြီးရွယ်အိုအမျိုးသမီးကြီးဖြစ်တဲ့ အိုလီဗီယာကိုပြုစုပေးဖို့ပါပဲ။ အိုလီဗီယာဟာ ကျိကျိတက်ချမ်းသာသလို တစ်ချိန်က အအောင်မြင်ကြီးအောင်မြင်ခဲ့တဲ့ ဂီတစာဆိုတစ်ဦးဖြစ်တာကြောင့်မာန်မချသေးတာရော၊ မှတ်ဉာဏ်ချို့ယွင်းမှုကြောင့်လက်ပေါက်ကပ်တာတွေရောတွေကြောင့် အတော်ဆက်ဆံရခက်သူဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းသူနဲ့ပိုသိလာရတာကတော့ သူ့အရင်သူနာပြုဟာ အေဂျင်စီကိုလည်းမဆက်သွယ်၊ သူ့မိသားစုကိုလည်းမဆက်သွယ်ပဲပျောက်ချင်းမလှပျောက်ဆုံးသွားတယ်ဆိုတာရယ်၊ ဘေးပတ်ဝန်းကျင်ကစကားတွေရော အိုလီဗီယာကိုယ်တိုင်ရဲ့စကားတွေရောကြောင့်ပါ ဒီအိမ်ကြီးဟာ သရဲခြောက်နေတယ်ဆိုတဲ့အချက်တွေပါ။ ဇာတ်ကားတစ်ခုလုံးကို မြုပ်ကွက် လှည့်ကွက်တွေ အပြည့်နဲ့ဖန်တီးထားပြီး သိချင်စိတ်ကို တစ်ရိပ်ရိပ်တက်လာအောင်ဆွဲဆောင်နိုင်တဲ့ Slow-burn thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။