Born to Raise Hell

Born to Raise Hell

Born to Raise Hell (2010)

ဒီဇာတ်လမ်းလေးကတော့ 911 ဖြစ်ရပ်ဆိုးကြီးအပြီးမှာ စစ်သွေးကြွတွေဟာအခုလိုလုပ်ရပ်လုပ်ဖို့ကိုငွေ‌ကြေးတွေကို မူးယစ်ဆေးဖြန့်ချီနေရာကနေ ရခဲ့တာကို အမေရိကန်ဖက်ကသိသွားပါတော့တယ်။

ဒီလိုနဲ့အမေရိကန်အစိုးရကဦးဆောင်းပြီး မူးယစ်ဆေးဝါးပိုင်းကကျွမ်းကျင်အရာရှိတွေကိုစုပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကိုထူထောင်ခဲ့ပါတယ်။

အဲဒီထဲကအဖွဲ့တစ်ခုမှာတာဝန်ထမ်းဆောင်နေတာကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ဖြစ်သူ စုံထောက်ဘော်ဘီပါ သူဟာလက်တလောတင်သူ့ရဲ့အလုပ်ပါတနာကို မူးယစ်ဂိုဏ်းတစ်ခု‌ကသတ်သွားလို့ လိုက်ပြီးလက်စားချေဖို့ကြိုးစားနေခဲ့တာပါ။

ဒါပေမဲ့ဘာသက်သေမှမရှိပဲသူတစ်ဦးထဲဖြစ်နေတဲ့အချိန်မှာ သူ့ပါတနာနေရာကိုအစားထိုးဖို့ စတီဗ်ဆိုတဲ့အရာရှိကရောက်လာပါတော့တယ်။

ဒီလိုနဲ့သူတို့နှစ်ဦးဘယ်လိုသဲလွန်စတွေရှာကြမလဲ ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာကိုကြည့်ရမယ့် Action ဇာတ်လမ်းလေတစ်ကားပဲဖြစ်ပါတယ်။

အဓိကဒီကားကိုကြည်ြသင့်တဲ့အချက်က သူတို့သံလွန်စရှာတဲ့အခါမှာဘယ်လိုနည်း ဘယ်လိုဉာဏ်နဲ့ရှာပြီး လက်စားချေတယ်ဆိုတာပါပဲ။

တကယ်ကိုစုံထောက်ဇာတ်လမ်းတွေစိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်‌လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *