Sakral (2018)

မယ်လီနာဟာ လွန်ခဲ့တဲ့နှစ်တစ်ချို့က အမြွှာကလေးမွေးခဲ့ပေမယ့် ကလေးတစ်ယောက်ကမီးတွင်းမှာတင်ဆုံးပါးသွားခဲ့ပြီး ဖလော်ရာဆိုတဲ့ သမီးလေးတစ်ယောက်သာ အဖတ်တင်ကျန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် မယ်လီနာဟာ စိတ်ကျရောဂါ၊ စိုးရိမ်သောကလွန်ကဲမှုတွေကိုလက်ရှိခံစားနေရတာပါ။
မကြာခင်မှာပဲ သူတို့မိသားစုထဲမှာ ထူးဆန်းတဲ့သေဆုံးမှုတွေ၊ အရိပ်အယောင်တွေကိုတွေ့ကြုံလာရပြီး မယ်လီနာကိုယ်တိုင်ကပါ စိတ်ကျန်းမာရေးမကောင်းသလိုနဲ့ထူးဆန်းတဲ့အပြုအမူမျိုးတွေကိုလုပ်လာပါတော့တယ်။
ဒီဖြစ်စဉ်တွေအားလုံးရဲ့နောက်ကွယ်ကအကြောင်းရင်းဟာ မီးတွင်းထဲမှာဆုံးပါးသွားတဲ့ ကလေးနဲ့တစ်စုံတစ်ရာဆက်စပ်နေမယ်ဆိုတာ သိသာနေပေမယ့် ဆက်စပ်မှုဟာ ဘယ်လိုပုံစံအကြောင်းတရားမျိုးနဲ့လဲ၊ သေဆုံးသွားတဲ့ကလေးရဲ့ဝိဉာဉ်က ရှင်ကျန်နေခဲ့တဲ့တစ်ယောက်ကိုမနာလိုဝန်တိုမှုလား၊ ဒါမှမဟုတ် မိခင်နဲ့ဖခင်ကိုမကျေနပ်တာမျိုးလား?
ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။


Leave a Reply