Category: Movies
-

Baahubali: The Epic
Baahubali: The Epic (2025) ဘာဟုဘာလီရုပ်ရှင်တွေရဲ့ ခမ်းနားတဲ့တင်ဆက်မှုကိုတမ်းတနေတဲ့ အိန္ဒိယရုပ်ရှင် ပရိသတ်တွေအာသာပြေစေမဲ့ The Epicဗားရှင်းကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းတလေဂူးအသံမရသေးတာမို့ ဟင်ဒီအသံနဲ့ပဲကြည့်လို့ရဦးမှာပါ။ အရင်ဆုံးပြောရရင် ဒီဘာဟုဘာလီရုပ်ရှင်က ဇာတ်လမ်းအသစ်မဟုတ်ဘဲ အရင်ထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားကို ပိုကောင်းတဲ့ နည်းပညာတွေ၊ (Deleted Scenes)ဖြတ်ထုတ်ထားခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ၊ပိုခမ်းနားတဲ့ Visual Effects(VFX)တွေ၊ ပိုကောင်းမွန်တဲ့ နောက်ခံတေးဂီတ တေးသီချင်းတွေနဲ့အတူပေါင်းစပ်ပြီး ပိုပြည့်စုံအောင် ပြန်လည်တင်ဆက်ထားတဲ့ Remastered Special Editionသဘောမျိုးပါပဲ။ဒါရိုက်တာရာဂျာမူလီက ဘာဟုဘာလီရဲ့ ဇာတ်လမ်းအသစ်ကိုရိုက်ကူးမယ်လို့ တရားဝင်ကြေညာတာ မတွေ့ရသေးပါဘူး။ ရုပ်ရှင်ကတော့ အားလုံးသိကြတဲ့အတိုင်း မဟေ့ရှ်မာတီပြည်ကြီးက ထီးနန်းလုပွဲကြီးလို့ဆိုရမှာပဲ။ သားတော်ဘာဟုဘာလီရဲ့ မိမိဇစ်မြစ်ကို ပြန်ရှာဖွေရင်း၂၅နှစ်တိုင်အကျဉ်းချခံထားရတဲ့မိခင်ဖြစ်သူကိုကယ်တင်ပြီး ထီးနန်းကိုပြန်ယူပုံနဲ့ ဖခင်ဖြစ်သူဘာဟုဘာလီရဲ့အတိတ်ဇာတ်ကြောင်း ပြန်လည်တင်ဆက်ထားပုံတို့ကိုပေါင်းစည်းထားတာမို့သုံးနာရီကျော်ကြာ တ၀ကြီးခံစားကြည့်ရှုကြပါဦး။ Download Links 1 Yoteshin 6.7 GB 1080p 2…
-

Nuremberg
Nuremberg (2025) ဒုတိယကမ္ဘာစစ်ကြီးအပြီး နာဇီတွေ အမေရိကန်တပ်ဖွဲ့ကို အညံ့ခံအပြီးမှာ Nuremberg Trials ဆိုတဲ့ နာဇီခေါင်းဆောင်များကို စစ်တရားရုံးတင် စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါတယ်။ ရုံးတင်ခံရတဲ့ နာဇီခေါင်းဆောင်တွေထဲမှာ ဟစ်တလာရဲ့ လူယုံတော် နာဇီပါတီခေါင်းဆောင်အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဟာမန်ဂိုဝါရင်းလည်း ပါခဲ့ပါတယ်။ စစ်တရားရုံးတင်မဲ့အချိန် မတိုင်ခင်အထိ ဒီနာဇီစစ်ခေါင်းဆောင်တွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မသွားဖို့အတွက် အမေရိကန်တပ်ဖွဲ့ဟာ စိတ်ပညာရှင်ဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက်ခေါ်ပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီထဲမှာ ဒေါက်တာကယ်လီ ဆိုသူကတော့ နာဇီခေါင်းဆောင်ကြီး ဟာမန်ဂိုဝါရင်းရဲ့ ယုံကြည်မှုကို အရယူနိုင်ခဲ့ပြီး သူ့ရဲ့အတွင်းရေးတွေအထိ လေ့လာမှတ်တမ်းယူနိုင်သူ ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ Nuremberg Trials အတွင်း အဖြစ်အပျက်တွေနဲ့ ဟာမန်ဂိုဝါရင်းရဲ့အကြောင်းကို စိတ်ဝင်စားဖွယ် လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
-

It Ends
It Ends (2025) တင်ဆက်ခဲ့ပြီးသားဇာတ်ကားတွေထဲကမှ Southbound (2015), Dead end (2003) တို့နဲ့ Premise အတော်ကြီးဆင်တူနေတဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားသုံးကားလုံးဟာ လူ့ဘုံလောကမဟုတ်တဲ့လမ်းမကြီးတွေကိုအခြေခံထားလို့ပါပဲ။ ဒီကားမှာတော့ ကျောင်းပြီးကာစ သူငယ်ချင်းတစ်စု ကိုယ့်လမ်းကိုယ်မသွားကြခင် နောက်ဆုံးအနေနဲ့အတူတူဆုံပြီးတစ်ခုခုစားကြဖို့ထွက်လာခဲ့ကြပါတယ်။ စကားတပြောပြောနဲ့ကားမောင်းလာကြရင်းသူတို့သတိမထားလိုက်မိခင်မှာပဲ ဘယ်ကဘယ်လိုမှန်းမသိပဲအဆုံးမရှိ အစမရှိ အကွေ့မရှိတဲ့ လမ်းတစ်လမ်းပေါ်ကိုရောက်နေကြတယ်ဆိုတာ ရုတ်တရက်အားလုံးသဘောပေါက်မိသွားကြပါတယ်။ အဲ့ဒီကစပြီး သူတို့သိလိုက်တာက တစ်ခါတစ်ခါကားကြာကြာရပ်မိရင် တောအုပ်ထဲကနေ ကားကိုလုယက်ဖို့ပြေးလာကြတဲ့လူအုပ်ကြီးတစ်အုပ်ရှိတယ်။ အချိန်တွေဘယ်လောက်ကြာကြာ သူတို့ကားက ဆီကုန်မသွားသလို သူတို့ကိုယ်တိုင်လည်း မောပန်းတာ၊ ဆာလောင်တာ၊ အပေါ့အလေးစွန့်ချင်တာမျိုးလည်းလုံး၀ရှိမနေပါဘူး။ အဲ့ဒီလိုပဲ ကမ္ဘာပေါ်မှာရှိသမျှအချိန်တွေအားလုံးလက်ဝယ်ပိုင်ဆိုင်ခွင့်ရလိုက်တဲ့သူတို့တစ်စုဟာ ဘာကြောင့် ဒီနေရာကိုရောက်လာသလဲ၊ ဒါဟာ ဘယ်လိုနေရာတစ်ခုလဲဆိုတာကို အဖြေရှာဖို့ကြိုးစားကြရပါတော့တယ်။ Digital စနစ်နဲ့ငှားရမ်းဖို့ဖြန့်ချိထားတဲ့လောလောဆည်မှာ RT 100 နဲ့ပွဲထွက်ထားပြီး Neon က လည်း နောက်နှစ်ထဲမှာရုံတင်ပြသဖို့စီစဉ်ထားပါတယ်။
-

Lookout
Lookout (2025) ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ကိုယ့်ကိုကိုယ် ပြန်ရှာဖွေဖို့အတွက် စိတ်လက်အပန်းဖြေဖို့ အနေနဲ့ လူသူဝေးတဲ့ တောအုပ်တစ်ခုမှာ တောမီးစောင့်ကြည့်ရေး မျှော်စင် တာဝန်ယူဖို့ ဓာတ်ပုံဝါသနာရှင် မယ်လီဆာတစ်ယောက် ထွက်လာခဲ့ပါတယ်။ သူမရဲ့အလုပ်က တစ်ရက်တာ ၂ ကြိမ် တောမီးသတင်းစောင့်ကြည့်မှု သတင်း ပင်မစခန်းကို ပို့ဖို့ပဲ ရှိပါတယ်။ ကျန်တဲ့အချိန်တွေကို သူမစိတ်ကြိုက် ပတ်ဝန်းကျင်ကို ဓာတ်ပုံလိုက်ရိုက်ပြီး အချိန်ဖြုန်းဖို့ ဆုံးဖြတ်ထားတာပါ။ တစ်လတာ ရက် ၃၀ လုံးလုံး တစ်ယောက်တည်း နေရတဲ့အခါမှာ အထီးကျန်သလိုတွေ မြင်ချင်ရာမြင်တာတွေ ဖြစ်တတ်ပေမယ့် မယ်လီဆာက မကြောက်တတ်သူမို့ မမှုပေမယ့် တစ်နေ့မှာ တောင်တက်သမား တစ်ယောက်ကို တောထဲမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကယောင်ခြောက်ခြား ဖြစ်နေတာကို တွေ့ပြီး အချိန်မီ ကယ်တင်ခဲ့ရပါတယ်။ အဲဒီအမျိုးသမီးက “ကျွန်မမှာ…
-

Gangnam Blues
Gangnam Blues (2015) ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တို့ အချစ်တော်မင်းသား Lee Min Ho, The Doctors နဲ့ Love Story in Havard မင်းသား Kim Rae Won တို့ အဓိကပါဝင်ထားတဲ့ နာမည်ကြီး အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဂန်းနမ်မှာ မြို့ပြဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်းကြောင့် မြေယာဈေးကွက် ဖြစ်ပေါ်လာပြီး စီးပွားရေးသမားတွေနဲ့ လူမိုက်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ ကာလကို အခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂင်ဂျုံဒယ် (Lee Min Ho)နဲ့ ဘဲ့ယုံဂီ (Kim Rae Won) တို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူတူ ကြီးပြင်းလာခဲ့ပြီး…