It Ends (2025)

တင်ဆက်ခဲ့ပြီးသားဇာတ်ကားတွေထဲကမှ Southbound (2015), Dead end (2003) တို့နဲ့ Premise အတော်ကြီးဆင်တူနေတဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားသုံးကားလုံးဟာ လူ့ဘုံလောကမဟုတ်တဲ့လမ်းမကြီးတွေကိုအခြေခံထားလို့ပါပဲ။
ဒီကားမှာတော့ ကျောင်းပြီးကာစ သူငယ်ချင်းတစ်စု ကိုယ့်လမ်းကိုယ်မသွားကြခင် နောက်ဆုံးအနေနဲ့အတူတူဆုံပြီးတစ်ခုခုစားကြဖို့ထွက်လာခဲ့ကြပါတယ်။ စကားတပြောပြောနဲ့ကားမောင်းလာကြရင်းသူတို့သတိမထားလိုက်မိခင်မှာပဲ ဘယ်ကဘယ်လိုမှန်းမသိပဲအဆုံးမရှိ အစမရှိ အကွေ့မရှိတဲ့ လမ်းတစ်လမ်းပေါ်ကိုရောက်နေကြတယ်ဆိုတာ ရုတ်တရက်အားလုံးသဘောပေါက်မိသွားကြပါတယ်။
အဲ့ဒီကစပြီး သူတို့သိလိုက်တာက တစ်ခါတစ်ခါကားကြာကြာရပ်မိရင် တောအုပ်ထဲကနေ ကားကိုလုယက်ဖို့ပြေးလာကြတဲ့လူအုပ်ကြီးတစ်အုပ်ရှိတယ်။ အချိန်တွေဘယ်လောက်ကြာကြာ သူတို့ကားက ဆီကုန်မသွားသလို သူတို့ကိုယ်တိုင်လည်း မောပန်းတာ၊ ဆာလောင်တာ၊ အပေါ့အလေးစွန့်ချင်တာမျိုးလည်းလုံး၀ရှိမနေပါဘူး။
အဲ့ဒီလိုပဲ ကမ္ဘာပေါ်မှာရှိသမျှအချိန်တွေအားလုံးလက်ဝယ်ပိုင်ဆိုင်ခွင့်ရလိုက်တဲ့သူတို့တစ်စုဟာ ဘာကြောင့် ဒီနေရာကိုရောက်လာသလဲ၊ ဒါဟာ ဘယ်လိုနေရာတစ်ခုလဲဆိုတာကို အဖြေရှာဖို့ကြိုးစားကြရပါတော့တယ်။ Digital စနစ်နဲ့ငှားရမ်းဖို့ဖြန့်ချိထားတဲ့လောလောဆည်မှာ RT 100 နဲ့ပွဲထွက်ထားပြီး Neon က လည်း နောက်နှစ်ထဲမှာရုံတင်ပြသဖို့စီစဉ်ထားပါတယ်။


Leave a Reply