Category: Movies
-

Pamali: The Little Devil
Pamali: The Little Devil (2025) အင်ဒိုနီးရှားနိုင်ရဲ့နာမည်ကျော် horror ဂိမ်းနဲ့ ရုပ်ရှင် universe ဖြစ်တဲ့ Pamali Universe ရဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားတွဲတွေဟာ အင်ဒိုနီးရှားရိုးရာ အယူသီးမှုနဲ့ တားမြစ်ချက်တွေကိုအခြေခံထားတာဖြစ်ပြီး အဲ့ဒါတွေကိုချိုးဖောက်မိတဲ့ အခါ ကျိန်စာသင့်တာ အန္တရာယ်တွေနဲ့ရင်ဆိုင်တွေ့ရတာတွေကြုံရတတ်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ တူယွလ် လို့ခေါ်တဲ့ ကလေးငယ်ပုံသဏ္ဍာန်ရှိ မကောင်းဆိုးဝါးအကြောင်းကို ဗဟိုပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အမ်ဘာဆိုတဲ့ သားသမီးနှစ်ယောက်မိခင် မုဆိုးမတစ်ဦးဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် အားကိုးရာမဲ့နေချိန်မှာလမ်းဘေးမှာ ကောက်ရခဲ့တဲ့ ငွေထုပ်တစ်ထုပ်ကို အိမ်ယူသွားခဲ့မိပါတယ်။ အဲ့ဒီညမှာပဲ သူတို့ တစ်မိသားစုလုံးဟာ တူယွလ်မကောင်းဆိုးဝါးရဲ့ခြောက်လှန့်မှုကိုခံခဲ့ရပြီး မိုးမလင်းခင်မှာပဲ အမ်ဘာ တစ်ယောက်ပျောက်ချင်းမလှပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီမတိုင်ခင်ကတည်းက သူတို့ရွာထဲမှာ မကြာခဏငွေပျောက်ဆုံးမှုတွေ တစ်နှစ်တစ်ခါ လူပျောက်မှုတွေပါ အမြဲဖြစ်ပေါ်နေပြီး ပျောက်ဆုံးသူတွေကအမြဲတမ်း အမျိုးသမီးတွေဖြစ်လေ့ရှိပါတယ်။ သူတို့အမေပျောက်ဆုံးမှုကိုလိုက်ရှာမယ့် အမ်ဘာရဲ့သမီး…
-

Kombucha
Kombucha (2025) ပရိတ်သတ်ကြီးတို့ရေ ကွန်ဘူချာ ကြိုက်တဲ့သူတွေ ရှိကြလားမသိဘူး.. ဒီတစ်ခေါက်မိတ်ဆက် ပေးမယ့်ကားလေးကတော့ psycho thriller တစ်မျိုးဖြစ်တဲ့ Kombucha ပဲဖြစ်ပါတယ်။ ဂီတကို ရူးသွပ်ပေမယ့် ဂီတဟာ လူမွေးလူတောင် ပြောင်အောင်မထားနိုင်တဲ့အခါ လုခ် ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ကောင်မလေးရဲ့ တိုက်တွန်းမှုနဲ့ ဆင်ဘီအို ဆိုတဲ့ ကော်ပိုရေးရှင်း တစ်ခု မှာ အလုပ်ဝင်လိုက်ရပါတယ်။ ဒီကုမ္ပဏီက “အဖွဲ့အစည်း စည်းလုံးညီညွတ်ရေးအတွက်” ဆိုပြီး ဝန်ထမ်းတွေကို သူတို့ကိုယ်ပိုင် ကွန်ဘူချာဆိုတဲ့ လက်ဖက်ရည်ချဉ်တစ်မျိုးကို မဖြစ်မနေ သောက်ဖို့ တွန်းအားပေးပါတယ်။ ပထမတော့ ဒီအချိုရည်က အလုပ်ကို ပိုပြီး ကြိုးစားနိုင်စေတယ်၊ စိတ်ကိုလည်း ပိုတည်ငြိမ်စေတာကြောင့် လုခ်တစ်ယောက် အလုပ်သစ်မှာ ပျော်လာပါတော့တယ်။ ဒါပေမဲ့… ဒီ ကွန်ဘူချာဟာ သာမန်အချိုရည် မဟုတ်ပါဘူး…
-

Mrigatrishna
Mrigatrishn (2025) စရိုက်များ သူမနာမည်က ချန်ဒါနာတဲ့။ ပုံဆွဲရတာ အရမ်းနှစ်သက်တဲ့ ပန်းချီဆရာမလေးတစ်ယောက်။ အုပ်ထိန်းသူတွေမရှိကြတော့ အဘိုးကြီးတစ်ယောက်က ခေါ်ထားပြီး မြေးအရင်းလိုစောင့်ရှောက်ပေးထားခဲ့တာ။ ခြံအကျယ်ကြီးထဲ ခြံစောင့်ရယ် သူတို့မြေးအဘိုးရယ်နဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေကြတာပေါ့။ ဒါပေမယ့် ချန်ဒါနာက ကျန်းမာရေးမကောင်းဘူးဗျ။ နုနယ်တဲ့ကလေးမမို့ တော်ရုံ အပြင်မလွှတ်လို့ သူတို့ခြံကြီးထဲကလွဲ အပြင်လောကဆီ မရောက်ဖူးဘူးပေါ့။ တစ်နေ့ နေဝင်ချိန်ကို ပန်းချီသွားဆွဲရင်း အပြန်လမ်းမှာလဲနေခဲ့လို့ ရွာကို စာရေးဖို့လာတဲ့ စာရေးဆရာတစ်ယောက်က ကယ်ပေးခဲ့ရသေးတယ်။ ဒါပေမဲ့ ဒီစာရေးဆရာက သူတို့ကိုဖုံးကွယ်ထားတဲ့ဇစ်မြစ်ရှိနေပါတယ် ဒီလိုနဲ့တစ်နေ့ ချန်ဒါနာ့ပုံကိုပြပြီး လူသတ်တရားခံဆိုတဲ့ ခေါင်းစဉ်နဲ့ ရဲတွေလိုက်ရှာကြလေတော့ ဘာမှမသိတဲ့ချန်ဒါနာတစ်ယောက် ထွက်ပြေးရဖို့ဖြစ်လာခဲ့ပါတော့တယ်။ ကဲ သူ့ရဲ့လူမသိတဲ့လျှို့ဝှက်ချက်တွေက ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ကြပါဦး။
-

Frontline – Yokohama Bay
Frontline – Yokohama Bay (2025) ဒီရုပ်ရှင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ အစောပိုင်းကာလ အပျော်စီးသင်္ဘောပေါ်က ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ကြည့်ရှုသူရဲ့ နှလုံးသားကို ထိရှစေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်က ရောဂါကူးစက်မှုကြားက မရေရာမှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့အတူ အသက်တွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ ပေးဆပ်မှုတွေကို ပေါ်လွင်အောင် ပုံဖော်ထားတာမို့ ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ သူတို့ရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာ စာနာမိစေမှာ အမှန်ပါပဲ။ လူသားဆန်မှုနဲ့ မေတ္တာတရားကို အဓိကထား တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ ကပ်ရောဂါကာလကို ဖြတ်သန်းခဲ့ဖူးသူ တိုင်းအတွက် ရင်ထဲမှာ နွေးထွေးမှုနဲ့အတူ ဝမ်းနည်းမှုကိုပါ တစ်ပြိုင်နက် ခံစားရစေမယ့် မှတ်တမ်းတင် ဂုဏ်ပြုလွှာ…
-

Wicked: For Good
Wicked: For Good (2025) 2024 တုန်းက Wicked ဆိုတဲ့ အမည်နဲ့ Musical/Fantasy ထွက်ရှိခဲ့ပြီး အတော်လေးအောင်မြင်ခဲ့တဲ့ မူဗီဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသားမင်းသမီးတွေဆိုရင်လည်း Michelle Yeoh, Jeff Goldblum တို့လို ဝါရင့်သမာရင့်ကြီးတွေအပြင် အသံပါဝါသိပ်ကိုကောင်းကြတဲ့ Cynthia Erivo တို့ Ariana Grande အပြင် မင်းသားချော Jonathan Bailey အစရှိတဲ့ နာမည်ကျော်များစွာ ပါဝင်အားဖြည့်ထားတဲ့ ဇာတ်လမ်းပါ။ [ပထမကား မကြည့်ရသေးရင် စပွိုင်လာဖြစ်နိုင်လို့ အညွှန်းဆက်မဖတ်သင့်ပါ] ပထမကားမှာတုန်းက အယ်လ်ဖီဟာ Oz တိုင်းသူပြည်သားတွေရဲ့ အထင်လွဲမှုကို ခံခဲ့ရပြီး သူ့ကို ဆိုးသွမ်းသူစုန်းမကြီးအဖြစ် အားလုံးက သတ်မှတ်လိုက်ကြပါတယ်။ အယ်လ်ဖီက နာမည်ဆိုးကြောင့် တောထဲ ပုန်းရှောင်နေချိန်မှာ ဂလင်ဒါကတော့ ကျော်ကြားမှုတွေ…