Kombucha

Kombucha

Kombucha (2025)

ပရိတ်သတ်ကြီးတို့ရေ ကွန်ဘူချာ ကြိုက်တဲ့သူတွေ ရှိကြလားမသိဘူး..

ဒီတစ်‌‌ခေါက်မိတ်ဆက်‌ ပေးမယ့်ကားလေးကတော့ psycho thriller တစ်မျိုးဖြစ်တဲ့ Kombucha ပဲဖြစ်ပါတယ်။

ဂီတကို ရူးသွပ်ပေမယ့် ဂီတဟာ လူမွေးလူတောင် ပြောင်အောင်မထားနိုင်တဲ့အခါ လုခ် ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ကောင်မလေးရဲ့ တိုက်တွန်းမှုနဲ့ ဆင်ဘီအို ဆိုတဲ့ ကော်ပိုရေးရှင်း တစ်ခု မှာ အလုပ်ဝင်လိုက်ရပါတယ်။

ဒီကုမ္ပဏီက “အဖွဲ့အစည်း စည်းလုံးညီညွတ်ရေးအတွက်” ဆိုပြီး ဝန်ထမ်းတွေကို သူတို့ကိုယ်ပိုင် ကွန်ဘူချာဆိုတဲ့ လက်ဖက်ရည်ချဉ်တစ်မျိုးကို မဖြစ်မနေ သောက်ဖို့ တွန်းအားပေးပါတယ်။

ပထမတော့ ဒီအချိုရည်က အလုပ်ကို ပိုပြီး ကြိုးစားနိုင်စေတယ်၊ စိတ်ကိုလည်း ပိုတည်ငြိမ်စေတာ‌ကြောင့် လုခ်တစ်ယောက် အလုပ်သစ်မှာ ပျော်လာပါတော့တယ်။

ဒါပေမဲ့… ဒီ ကွန်ဘူချာဟာ သာမန်အချိုရည် မဟုတ်ပါဘူး

လုခ် ဒီအချိုရည်ကို သောက်ပြီးတဲ့နောက် သူ့အမူအရာတွေ ပြောင်းလဲလာပါတယ်။

အလုပ်ကို မနားမနေ လုပ်တဲ့ ” စက်ရုပ်” တစ်ကောင်လို ဖြစ်လာပါတယ်။

သူ့ရဲ့‌ကောင်မလေး အယ်လီစ် ကတော့ တစ်ခုခု မှားယွင်းနေပြီလို့ သံသယဝင်လာပြီး ကုမ္ပဏီရဲ့ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားရာမှ ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာပါ။

ဒီကားဟာ ဝန်ထမ်းတွေကို လစာနဲ့မတန်အောင် အလွန်အမင်း အလုပ်ကြိုးစားခိုင်းတဲ့ ခေတ်သစ် အလုပ်ခွင်ကြီးကို လှောင်ပြောင်ထားတဲ့ သရော်စာ တစ်မျိုးလို့ပြောလို့ရပါတယ်

ကွန်ဘူချာ ကနေတစ်ဆင့် လူသားတွေကို ဦးနှောက်ဆေးကြောပြီး အမိန့်နာခံတဲ့ ကော်ပိုရိတ်ဝန်ထမ်းတွေအဖြစ် ဘယ်လို ပြောင်းလဲပစ်လဲဆိုတာကိုလည်း ကြည့်ရမှာပါ။

အလုပ်ကို သေလောက်အောင် မလုပ်မိဖို့အတွက်လည်း ဒီရုပ်ရှင်က သတိပေးနေတဲ့ သင်ခန်းစာတစ်ခု ပေးပါလိမ့်မယ်….


Leave a Reply

Your email address will not be published. Required fields are marked *