Mrigatrishn (2025)
စရိုက်များ

သူမနာမည်က ချန်ဒါနာတဲ့။
ပုံဆွဲရတာ အရမ်းနှစ်သက်တဲ့ ပန်းချီဆရာမလေးတစ်ယောက်။
အုပ်ထိန်းသူတွေမရှိကြတော့ အဘိုးကြီးတစ်ယောက်က ခေါ်ထားပြီး မြေးအရင်းလိုစောင့်ရှောက်ပေးထားခဲ့တာ။
ခြံအကျယ်ကြီးထဲ ခြံစောင့်ရယ် သူတို့မြေးအဘိုးရယ်နဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေကြတာပေါ့။
ဒါပေမယ့် ချန်ဒါနာက ကျန်းမာရေးမကောင်းဘူးဗျ။
နုနယ်တဲ့ကလေးမမို့ တော်ရုံ အပြင်မလွှတ်လို့ သူတို့ခြံကြီးထဲကလွဲ အပြင်လောကဆီ မရောက်ဖူးဘူးပေါ့။
တစ်နေ့ နေဝင်ချိန်ကို ပန်းချီသွားဆွဲရင်း အပြန်လမ်းမှာလဲနေခဲ့လို့ ရွာကို စာရေးဖို့လာတဲ့ စာရေးဆရာတစ်ယောက်က ကယ်ပေးခဲ့ရသေးတယ်။
ဒါပေမဲ့ ဒီစာရေးဆရာက သူတို့ကိုဖုံးကွယ်ထားတဲ့ဇစ်မြစ်ရှိနေပါတယ် ဒီလိုနဲ့တစ်နေ့ ချန်ဒါနာ့ပုံကိုပြပြီး လူသတ်တရားခံဆိုတဲ့ ခေါင်းစဉ်နဲ့ ရဲတွေလိုက်ရှာကြလေတော့ ဘာမှမသိတဲ့ချန်ဒါနာတစ်ယောက် ထွက်ပြေးရဖို့ဖြစ်လာခဲ့ပါတော့တယ်။
ကဲ သူ့ရဲ့လူမသိတဲ့လျှို့ဝှက်ချက်တွေက ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ကြပါဦး။


Leave a Reply