📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Movies

  • Holy Cash

    Holy Cash

    Holy Cash (2025) မက္ကဆီကန်-အမေရိကန်လူရွှင်တော်ကြီး ပေါလ်ရိုဒရီဂတ်ဇ်ရဲ့ ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ထောင်ထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့တဲ့ လူလိမ် ပါဘလို။ ထောင်ထဲကို ကိုယ်လုံးတီးဝင်ခဲ့တဲ့အတွက် ပြန်ထွက်ချိန်မှာ ထောင်ကအစောင့်တွေ စနောက်ပြီးပေးလိုက်တဲ့ သင်းအုပ်ဆရာဝတ်စုံနဲ့ ထွက်ချလာခဲ့ပါတယ်။ ဒီမှာပဲ ဘာသာရေးနဲ့လုပ်စားတာက ငွေရလွယ်တာကို ပါဘလိုတစ်ယောက်သိသွားပြီး ဘာသာရေးကိုခုတုံးလုပ် လိမ်စားဖို့ ကြံပါတော့တယ်။ နိုင်ငံအဆင့်ထိ တီဗီရှိုးကနေတဆင့်လိမ်စားဖို့ အချီကြီးကြံခဲ့တဲ့ ပါဘလိုတစ်ယောက် ဘယ်လိုအလွဲအချော်တွေနဲ့ ကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။

  • Chainsaws Were Singing

    Chainsaws Were Singing

    Chainsaws Were Singing (2025) အသစ်အဆန်းများပြုလုပ်တတ်တဲ့ အင်ဒီဇာတ်ကားထဲမှာမှ သွေးသံတရဲရဲဖြစ်နေပမေယ့် ဟာသဆန်တဲ့ ဇာတ်ကားမျိုးကိုကြိုက်တဲ့သူအတွက်တော့ ဒီဇာတ်ကားက ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ပြောရမှာပါ။ ဇတ်လမ်းအကျဉ်း တွမ်နဲ့ မာရီယာတို့နှစ်ယောက်ဟာ အမှတ်မထင်ဘဲ အဝေးပြေးလမ်းမတစ်ခုမှာ တွေ့သွားပြီး ချစ်ကြိုက်သွားတဲ့ သမီးရည်းစားနှစ်ဦးဖြစ်ပါတယ်။ နှစ်ယောက်အတူရှိနေလိုက်ရတဲ့အချိန်ဟာ အကြာကြီးမဟုတ်ပေမယ့်လည်း အချစ်ကြီးတဲ့အတွက် လက်တွဲမဖြုတ်ဖို့စဉ်းစားထားကြသူနှစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလို လွှစက်ကြီးကိုင်ထားတဲ့လူတစ်ယောက်က သူလာတဲ့လမ်းမှာ တွေ့ကရာလူမှန်သမျှကို လွှနဲ့ဖြတ်ပြီး လိုက်သ-တ်နေတာပါ။ ဒီလိုနဲ့ လွှစက်လူသ-တ်သမားကြီးဟာ မာရီယာကိုတွေ့သွားတဲ့နောက်ပိုင်းမှာ မာရီယာ့ကို မသ-တ်ဘဲ ကားနဲ့ ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ တွမ်ဟာ မာရီယာ့ကို ကယ်ဖို့အတွက် သူ့သူငယ်ချင်း ဂျန်နဲ့ တောအုပ်အနီး ခရီးတော်ပုံစထွက်လာပါတော့တယ်။

  • Friend: The Great Legacy

    Friend: The Great Legacy

    Friend: The Great Legacy (2013) ဒီတစ်ခေါက် ပြန်လည်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားကတော့ ၂၀၀၁ခုနှစ်က နာမည်ကြီးခဲ့တဲ့ “Friend” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ၁၇နှစ်အကြာမှာ ဖြစ်ပျက်တဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ Castတွေအဖြစ် Friend 1 တုန်းကပါဝင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Yu Oh Seong, Joo Jin Mo တို့အပြင် မင်းသားချော Kim Woo Bin ကလည်း အသစ်ပါဝင်လာပါတယ်။ ဇာတ်လမ်းကတော့ သူငယ်ချင်းဖြစ်သူကို သတ်မှုနဲ့ ထောင်ကျ‌နေခဲ့တဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင် အီဂျွန်ဆော့ (Yu Oh Seong) ဟာ ၁၇ နှစ်အကြာမှာ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ ဒါပေမဲ့ သူ ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ ဦးဆောင်ခဲ့တဲ့ဂိုဏ်းကို သစ္စာဖောက်ခေါင်းဆောင်သစ်တစ်ဦးက အုပ်ချုပ်နေပြီး…

  • Sunflower

    Sunflower

    Sunflower (2006) ဒီတစ်​ခေါက် တင်ဆက်​ပေးမယ့် ဇာတ်ကား​လေးက​တော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Action, Drama အမျိုးအစားဖြစ်တဲ့ Sunflowerဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်​ဆောင်​တွေက​တော့ နာမည်ကြီးမင်းသားမင်းသမီး​တွေဖြစ်တဲ့ Kim Rae-won, Kim Hae-sook, Heo Yi-jae, Kim Byeong-ok, Kim Jung-tae, Han Jung-soo တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း လူသတ်မှုနဲ့ ​​ထောင်ဆယ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ထယ်ရှစ်(Kim Rae-won)က သူ့လုပ်ရပ်ကို​ နောင်တရပြီး လူ​ကောင်းတစ်​ယောက်အဖြစ် ​နေသွားဖို့ ​နေကြာပန်း စား​သောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အို့ဂျာ (Kim Hae-sook)ကို ကတိ​ပေးခဲ့ပါတယ်။ ​နေကြာပန်း ဆိုင်ပိုင်ရှင် အို့ဂျာက ​ထောင်ထွက် ထယ်ရှစ်ကို သားအဖြစ်​မွေးစားပြီး သမီးအရင်းဖြစ်သူ ဟီဂျူ(Kim Hae-sook)နဲ့အတူတူ တက္ကသိုလ်တက်နိုင်​အောင် ​ထောက်ပံ့​ပေးမယ်လို့…

  • Nak Loves Mak Sooo Much

    Nak Loves Mak Sooo Much

    Nak Loves Mak Sooo Much (2025) ဒီဇာတ်ကားလေးကတော့ အားလုံးသိပြီးသား ပီမက်နဲ့မယ့်နက်တို့ရဲ့အကြောင်းကို ခေတ်ဆန်ဆန်အနေနဲ့ပြန်လည်ရိုက်ကူးထားတာပါ။ နက်က သူအရမ်းကိုမှချစ်ရတဲ့မက်နဲ့ သေကွဲကွဲခဲ့ရတာကြောင့် နောက်ဘဝမှာ မက်နဲ့အတူချစ်ခွင့်ရဖို့အတွက် ကြိုးစားချိန် ရက်၃၀ရခဲ့ပါတယ်။ ဒီရက်၃၀အတွင်းမှာ မက်အနေနဲ့ နက်ကို ချစ်ရေးမဆိုခဲ့ရင် တကယ်အချစ်စစ်နဲ့မချစ်မိကြရင် နက်ဟာ မက်နဲ့ထပ်ကွေကွင်းရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် နက်တစ်ယောက် ချစ်ရသူမက်နဲ့နီးစပ်သွားမလား ဒီမစ်ရှင်အောင်မြင်ပါ့မလား။ နောက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာ “မက်ကို အရမ်းချစ်တဲ့နက်” ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြရအောင်ပါ။