📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Movies

  • Formalin Man

    Formalin Man

    Formalin Man (2004) “ဖော်မလင်လူသား” (၂၀၀၄) ဇာတ်ကားဟာ သေခြင်းတရားထက် ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်နဲ့ တာဝန်ယူမှုကို ဟာသ၊ ဒရာမာ ရသစုံလင်စွာ တင်ဆက်ထားတဲ့ ထိုင်းရုပ်ရှင်ကားကောင်း တစ်ကားပါပဲ။ မိသားစုသဖွယ် ချစ်ခင်ရတဲ့ တေးဂီတတီးဝိုင်းလေး ပျက်စီးမသွားစေဖို့ တီးဝိုင်းခေါင်းဆောင် ချက်ထောင်ဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့ဝိညာဉ်က ရုပ်ခန္ဓာထဲက မထွက်ဘဲ ဖော်မလင်ဆေးအကူအညီနဲ့ လူသေဘဝအတိုင်း ဝိုင်းကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်လမ်း‌လေးဟာ ချစ်ရသူတွေအတွက် သေဆုံးသွားတာတောင် အနားမှာ ရှိနေပေးချင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အလွမ်းအဆွေး၊ အားပေးမှုတွေနဲ့ ထိထိမိမိ ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပါ။ သိုသော်လည်း အမှန်တရား ပေါ်ပေါက်လာတဲ့အခါမှာတော့ တစ်ချိန်က ချစ်ခင်ကြောက်ရွံခဲ့တဲ့ ဝိုင်းတော်သားတွေက သူ့ကို လူသေ (ဖော်မလင်မန်း) အဖြစ် သိရှိပြီး ကြောက်လန့်တကြား စွန့်ခွာသွားကြပုံမှာ…

  • Headshot

    Headshot

    Headshot (2011) ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2011 ခုနှစ်က ထွက်ရှိထားတဲ့ Headshot ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း “တူ”ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်ယောက်ပါ။ တစ်နေ့မှာတော့ မူးယစ်ဆေးမှောင်ခိုကူးတဲ့ စက်ရုံတစ်ရုံကို ၀င်စီးမိပါတော့တယ်။ ဖြစ်ချင်တော့ အဲ့စက်ရုံပိုင်ရှင်ဟာ ၀န်ကြီးရဲ့ညီဖြစ်နေတာပါ။ ဒါကြောင့်မို့ ရှေ့နေတစ်ယောက်က တူဆီကိုလာပြီး အမှုကိုပိတ်ပေးရင် ဘတ်ငါးသန်းပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။ ရိုးသားမှုကိုတန်ဖိုးထားတဲ့ တူဟာ ငြင်းလိုက်ပြီး ‌၀န်ကြီးရဲ့ညီကို ထောင်ထဲရောက်အောင်လုပ်မယ်လို့ ကြိမ်းဝါးလိုက်ပါတော့တယ်။ ဒါပေမယ့် ဥပဒေရဲ့အထက်မှာရှိနေတဲ့၀န်ကြီးရဲ့ညီကတော့ တူကို အကောက်ကြံပြီး ထောင်ထဲရောက်အောင်လုပ်လိုက်ပါတယ်။ အဲ့မှာပဲ တူဟာ လောကကြီးမှာ တရားမျှတမှုဆိုတာမရှိကြောင်း ကိုယ်တိုင်ဖန်တီးယူရကြောင်းကို သိသွားပါတယ်။ ဒီလိုနဲ့ တူဆီကို လူတစ်ယောက်ရောက်လာပြီး သူ့အတွက် အလုပ်လုပ်ပေးဖို့ပြောပါတော့တယ်။ ဘာအလုပ်လဲဆိုတော့ ဥပဒေနဲ့လက်လှမ်းမမီတဲ့ လူယုတ်မာတွေကို သုတ်သင်ရမယ့်အလုပ်ပါ။ ဒီတော့ ကျင့်၀တ်ကို တန်ဖိုးထားတဲ့တူတစ်ယောက် ဒီအလုပ်ကို လက်ခံပြီးနောက်ပိုင်း…

  • Binny and Family

    Binny and Family

    Binny and Family (2024) မိသားစု ဒရာမာဟာသကာမျှော်လင့်နေသူတွေအဖို့ ဇာတ်ကားကောင်းတခု တင်ဆက်ပေးပါရစေ။ Rating မှာဆိုလဲ 7.6 ကို voting 5.3k တောင်ဆိုတော့ အထွေအထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်ကို မိသားစုနဲ့အတူ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စမလေးအရွယ်တည်းကပြောင်းလာရတဲ့ ဘင်နီ…. တရက်တော့ အဖိုးနဲ့အဖွားလန်ဒန်ကို လာမယ်ဆိုတော့ သူစိတ်ညစ်ရပြီလေ ရိုးရာဓလေ့ဦးစားပေးတဲ့ အဖိုးနဲ့ အဖွားဖြစ်သူက သူမနဲ့ အိပ်ခန်းတခန်းထဲအတူနေရမယ်ဆိုတော့ ခေတ်ဆန်တဲ့ လူငယ်ဆန်ဆန်သူမပုံစံနဲ့ မပြေလှဘူးပေါ့။ ဒီလိုနဲ့ တမိသားစုလုံး ရှေးရိုးစွဲလူကြီးမိဘတွေကြား ဟန်ဆောင်နေရင်း ဘယ်လိုအလွဲလေးတွေနဲ့ ကြုံတွေ့ပြီး ရယ်စရာ ပျော်စရာ ဝမ်းနည်းစရာရသတွေကို ပေးစွမ်းနိုင်မလဲဆိုတာကိုတော့…

  • Be with You

    Be with You

    Be with You (2018) Be with you ဆိုတဲ့ ကိုရီးယားကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားပြီး စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုလေးဖြစ်ပါတယ်။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ So Ji Sub, Son Ye Jin တို့ အဓိက ပါဝင်ထားပြီး Lee Yoo Jin, Kim Hyun Soo နဲ့ ကလေးသရုပ်ဆောင် Kim Ji Hwan တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိခင်ဆုံးရှုံးလိုက်ရတဲ့ အသက် ၇ နှစ်အရွယ် ကလေးလေး ဂျီဟိုဟာ သူ့မေမေ တိမ်လွှာတိုင်းပြည်ကို သွားတယ်လို့ ယုံကြည်နေပါတယ်။ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကို စီးပြီးတော့…

  • The Eel

    The Eel

    The Eel (1997) ယခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 1997 ခုနှစ်က ထွက်ရှိထားတဲ့ Eel ဆိုတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာမာရှီတဆိုတဲ့သူဟာ သူ့မိန်းမဖောက်ပြန်နေတယ်ဆိုပြီး တစ်စုံတစ်ယောက်က သတိပေးတာကြောင့် အိမ်ပြန်ပြီးချောင်းတဲ့အချိန်မှာ အဲဒီသတင်းမှန်နေတာကို မြင်သွားပါတယ်။ ဒါနဲ့ စိတ်မထိန်းနိုင်တော့ဘဲ နေရာမှာတင် ရာမာရှီတဟာ သူ့မိန်းမကိုသတ်လိုက်ပြီး ရဲစခန်းကို ကိုယ်တိုင်သွားအဖမ်းခံလိုက်ပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရာမာရှီတဟာ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေတဲ့အတွက် သူ့ကို အကျယ်ချုပ်နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီမှာ သူနဲ့အတူ ထောင်ထဲမှာမွေးထားတဲ့ ငါးရှဉ့်လေးကိုပါ ခေါ်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ ရာမာရှီတလည်း သူ့‌အမေအမွေပေးခဲ့တဲ့ပိုက်ဆံနဲ့ ဆံပင်ညှပ်ဆိုင်တစ်ခု ဖွင့်ထားတဲ့အချိန်မှာ ကီကိုဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ ရာမာရှီတရဲ့ဘ၀ထဲကို ရောက်လာပါတော့တယ်။ ဒီတော့ မိန်းမတွေကိုသာမက လောကကြီးကိုပါ စိတ်ကုန်သွားလို့ အိမ်မွေးတိရစ္ဆာန်အဖြစ် ငါးရှဉ့်တစ်ကောင်ကို အဖော်ပြုနေတဲ့ ရာမာရှီတတစ်ယောက် သူ့ဘ၀ထဲ ကီကို၀င်ရောက်လာတဲ့အခါ…