Headshot

Headshot (2011)

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2011 ခုနှစ်က ထွက်ရှိထားတဲ့ Headshot ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

“တူ”ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်ယောက်ပါ။

တစ်နေ့မှာတော့ မူးယစ်ဆေးမှောင်ခိုကူးတဲ့ စက်ရုံတစ်ရုံကို ၀င်စီးမိပါတော့တယ်။

ဖြစ်ချင်တော့ အဲ့စက်ရုံပိုင်ရှင်ဟာ ၀န်ကြီးရဲ့ညီဖြစ်နေတာပါ။

ဒါကြောင့်မို့ ရှေ့နေတစ်ယောက်က တူဆီကိုလာပြီး အမှုကိုပိတ်ပေးရင် ဘတ်ငါးသန်းပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။

ရိုးသားမှုကိုတန်ဖိုးထားတဲ့ တူဟာ ငြင်းလိုက်ပြီး ‌၀န်ကြီးရဲ့ညီကို ထောင်ထဲရောက်အောင်လုပ်မယ်လို့ ကြိမ်းဝါးလိုက်ပါတော့တယ်။

ဒါပေမယ့် ဥပဒေရဲ့အထက်မှာရှိနေတဲ့၀န်ကြီးရဲ့ညီကတော့ တူကို အကောက်ကြံပြီး ထောင်ထဲရောက်အောင်လုပ်လိုက်ပါတယ်။

အဲ့မှာပဲ တူဟာ လောကကြီးမှာ တရားမျှတမှုဆိုတာမရှိကြောင်း ကိုယ်တိုင်ဖန်တီးယူရကြောင်းကို သိသွားပါတယ်။

ဒီလိုနဲ့ တူဆီကို လူတစ်ယောက်ရောက်လာပြီး သူ့အတွက် အလုပ်လုပ်ပေးဖို့ပြောပါတော့တယ်။

ဘာအလုပ်လဲဆိုတော့ ဥပဒေနဲ့လက်လှမ်းမမီတဲ့ လူယုတ်မာတွေကို သုတ်သင်ရမယ့်အလုပ်ပါ။

ဒီတော့ ကျင့်၀တ်ကို တန်ဖိုးထားတဲ့တူတစ်ယောက် ဒီအလုပ်ကို လက်ခံပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲ။

ဥပဒေအထက်က လူယုတ်မာတွေကို သုတ်သင်ရင်း တူတစ်ယောက် ဘယ်လိုလူစားမျိုးဖြစ်လာမလဲ ဆိုတာကိုတော့ အတူစောင့်ကြည့်လိုက်ရအောင်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *