Category: Movies

  • Red River

    Red River

    Red River (1988) Old But Gold ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ ၉၀ ပြည့်နှစ်ဖွားတွေမှာ ကောင်းဘွိုင်မရူးခဲ့တဲ့လူ ခပ်ရှားရှားပါပဲ။ အခုလည်း ကောင်းဘွိုင်ဇာတ်ကားကောင်းတစ်ခုကို ရှုစားစေချင်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အပြီး စီးပွားပျက်နေတဲ့ တောင်ပိုင်းပြည်နယ် တက္ကဆက်က နွားခြံပိုင်ရှင်တစ်ဦးနဲ့ သူ့ရဲ့ မွေးစားသားတို့ရဲ့ မြောက်ပိုင်းဒေသကို နွားအုပ်မောင်းပြီး ဝယ်သူသွားရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက် သားအဖ၊ မိတ်ဆွေတွေကြားက ချစ်ခြင်း၊ မုန်းခြင်း၊ ငွေကြေးနဲ့ မိန်းမအတွက် မနာလိုခြင်း၊ ကောင်းဘွိုင်တွေကြားက သစ္စာတရား စသဖြင့် ဆေးရောင်စုံခြယ်မှုန်းထားတဲ့ ဤဇာတ်ကားမှာ James Arness, Bruce Boxleitner, Gregory Harrison နဲ့ Laura Johnson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Richard Michaels…

  • Crimes and Misdemeanors

    Crimes and Misdemeanors

    Crimes and Misdemeanors (1989) နယူးယောက်ကာမှာ ဘုရားသခင်ကိုရှာဖို့ အလွတ်စုံထောက်ငှားတဲ့အကြောင်း ဝူဒီအယ်လန်က ဝတ္ထုတိုတစ်ပုဒ်ရေးဖူးတယ်။ အဲဒီဇာတ်မှာ စုံထောက်က ဘုရားသခင်ကိုရှာမတွေ့ဘဲ ဘုရားသခင်ကို ဖြစ်တည်မှုပဓာနဝါဒီတစ်ယောက်က သတ်လိုက်ပြီဆိုတာကိုပဲ သိခဲ့ရတယ်။ အင်ဂမာဘာ့ခ်မန်းက ဝူဒီအယ်လန်ကို လွှမ်းမိုးမှုအရှိဆုံး ဒါရိုက်တာလို့ အယ်လန်ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ အယ်လန်က ဘာ့ခ်မန်းက သူကြည့်ဖူးသမျှထဲ အကြီးကျယ်ဆုံးရုပ်ရှင်ဖန်တီးသူလို့မြင်ခဲ့တယ်။ ဒါကြောင့်မို့လည်း နေမယ် အယ်လန်ရဲ့တစ်ချို့ရုပ်ရှင်တွေက တစ်ခုခုကို ချပြတာမဟုတ်ဘဲ မေးခွန်းတစ်ခုခုထုတ်နေသလိုဖြစ်နေတာတွေလည်းရှိတယ်။ ဘာ့ခ်မန်းကတော့ အမြဲအဲဒီအလုပ်ကိုပဲ လုပ်ခဲ့တာပါ။ ဘာ့ခ်မန်းဟာ ဘုရားသခင်ကို ရှာတယ်။ ဖြစ်တည်မှုကို ရှာတယ်။ ဒါပေမဲ့ ဘာ့ခ်မန်းက ယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတာ။ အယ်လန်ကတော့ Absurdityနဲ့ Existentialismတို့ဘက် ပိုရောက်တယ်ဆိုတော့ သူက မယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတယ်။ သူ့Idolနဲ့ ဝူဒီအယ်လန်က ဆုံဖူးရင်းနှီးဖူးခဲ့တုန်းကတော့ ဘယ်လိုများအပေါက်အလမ်းတည့်ကြသလဲ မသိဘူးပေါ့။…

  • Mirigasirisham

    Mirigasirisham

    Mirigasirisham (2025) ပဟေဠိများရဲ့အဖြေ ကြင်စဦးလင်မယားနှစ်ယောက် အိမ်သစ်ကိုပြောင်းလာပြီးတော့ မိသားစုဘဝလေးထူထောင်ဖို့လုပ်ကြပါတော့တယ်။ အိမ်မှာဧည့်သည်တွေရှိနေတာမလို့ လွတ်လပ်ချင်ပေမဲ့ မလွတ်လပ်နိုင်ဖြစ်နေရာကနေ ယောက္ခမတွေလည်း အိမ်ပြန်လို့ နှစ်ကိုယ်တူကြည်နူးမယ်ကြံနေတာပေါ့။ ဒါပေမဲ့ အိမ်မှာလူနည်းတာနဲ့တစ်ပြိုင်နက် ထူးဆန်းတာတွေ စဖြစ်လာပါတော့တယ်။ ညဘက်မှာ အသံတွေကြားလိုကြား အိမ်ကိုဘယ်ကမှန်းမသိတဲ့ ကျောက်သင်ပုန်းတစ်ခုကရောက်လာပြီး ကြောင်နက်တစ်ကောင်ကပါ သူတို့ လင်မယားဓာတ်ပုံကို မျက်နှာတွေကိုပဲ ကုတ်ခြစ်သွားသလို ပုံမှန်မဟုတ်တာတွေ ဖြစ်လာတာပေါ့။ အဲဒီမှာ သူတို့ယောက်ဖပါ ရောက်လာပြီး ဒီဖြစ်ရပ်တွေက တိုက်ဆိုင်တာမဟုတ်ဘဲ သဘာဝလွန်ကိစ္စ တစ်ခုခုရှိနေတာကို သတိထားမိလာချိန်မှာတော့…

  • The Negotiator

    The Negotiator

    The Negotiator (2025) Il nibbio IMDB – 6.9 Rating လည်းမြင့် အကောင်းဆုံးရုပ်ရှင်ဆု Globo d’Oro 2025 လည်းရထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်ဦးဆောင်တဲ့ပူပေါင်းတပ်တွေက ဆာဒမ်ဟူစိန်ရဲ့အီရတ်ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ကာလဖြစ်ပြီး စစ်ရေးသတင်းအခြေအနေကိုအမှန် သိရဖို့အတွက် ဂျာနယ်လစ်တွေကအဆက်အသွယ်တွေနဲ့ အီရတ်နိုင်ငံတွင်းကိုဝင်ရောက်သတင်းယူရင်းနဲ့ အဖမ်းဆီးခံရ ပြန်ပေးဆွဲခံရ အသတ်ခံနေရတဲ့အချိန်လည်းဖြစ်ပါတယ်။ အီတလီနိုင်ငံ Il Manifesto သတင်းစာတိုက်ရဲ့ ဂျာနယ်လစ် ဂျူလီယာနာဆတ်ချ်ရီနာ ဟာသတင်းယူနေတုန်းမှာအကြမ်းအဖွဲ့တစ်ဖွဲ့ကပြန်ပေးဆွဲသွားပါတယ်။ နီကိုလာကယ်လီပါရီ ဦးဆောင်အဖွဲ့ဆွေးနွေးရေးအဖွဲ့က အခက်အခဲမျိုးစုံကြားက ဂျူလီယာနာကို ဘယ်လိုကယ်တင်မလဲဆိုတာလိုက်လံကြည်ရှုခံစားပေးပါဦး

  • Altered

    Altered

    Altered (2025) ဒီဇာတ်ကားလေးကတော့ ဟယ်ရီပေါ်တာပရိသတ်တွေရဲ့ အချစ်တော် Draco Malfoy မင်းသား Tom Felton ရဲ့ အသစ်ထွက်ရှိထားတဲ့ Sci-fi Action အမျိုးအစား ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ Tom Felton နဲ့ Elizaveta Bugulova တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ Timo Vuorensola ရိုက်ကူးထားပါတယ်။IMDb rating အနေနဲ့လည်း 6.1 လောက်ထိရရှိထားပါတယ်။ ကမ္ဘာကြီးဟာ နျူစစ်ပွဲကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူသားတွေအနေနဲ့ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ထိုလူသားတွေပြန်လည်တည်ဆောက်ထားတဲ့ကမ္ဘာကြီးမှာတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်လို့ရတဲ့ အဆင့်အတန်းမြင့် မျိုးရိုးဗီဇမြင့်(Genetics) တွေနဲ့ မပြုလုပ်နိုင်တဲ့ အပယ်ခံ ထူးခြားသူ(Specials) တွေဆိုပြီး ခွဲခြားထားပါတယ်။ လီယွန်နဲ့ ကလိုဝီတို့ကတော့ ထို ထူးခြားသူတွေထဲကဖြစ်ပြီးတော့ ထူးခြားသူတွေရဲ့ နယ်မြေမှာ နေထိုင်ပြီး စက်ပစ္စည်းများပြုပြင်ရင်း…