Red River (1988)

Old But Gold ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
ကျွန်တော်တို့ ၉၀ ပြည့်နှစ်ဖွားတွေမှာ ကောင်းဘွိုင်မရူးခဲ့တဲ့လူ ခပ်ရှားရှားပါပဲ။
အခုလည်း ကောင်းဘွိုင်ဇာတ်ကားကောင်းတစ်ခုကို ရှုစားစေချင်ပါတယ်။
အမေရိကန်ပြည်တွင်းစစ်အပြီး စီးပွားပျက်နေတဲ့ တောင်ပိုင်းပြည်နယ် တက္ကဆက်က နွားခြံပိုင်ရှင်တစ်ဦးနဲ့ သူ့ရဲ့ မွေးစားသားတို့ရဲ့ မြောက်ပိုင်းဒေသကို နွားအုပ်မောင်းပြီး ဝယ်သူသွားရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
လမ်းခရီးတစ်လျှောက် သားအဖ၊ မိတ်ဆွေတွေကြားက ချစ်ခြင်း၊ မုန်းခြင်း၊ ငွေကြေးနဲ့ မိန်းမအတွက် မနာလိုခြင်း၊ ကောင်းဘွိုင်တွေကြားက သစ္စာတရား စသဖြင့် ဆေးရောင်စုံခြယ်မှုန်းထားတဲ့ ဤဇာတ်ကားမှာ James Arness, Bruce Boxleitner, Gregory Harrison နဲ့ Laura Johnson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Richard Michaels ဖြစ်ပါတယ်။



Leave a Reply