Category: Movies


  • Idol

    Idol

    Idol (2019) ဒီတစ်ခါမှာတော့ 2019 ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို နိုင်ငံရေး မှုခင်းဇာတ်ကားအမျိုးအစားဖြစ်တဲ့ ‘Idol’ဇာတ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် .. Casts တွေအနေနဲ့ကတော့ Dr. Romantic ထဲက ဝါရင့်သရုပ်ဆောင် မင်းသားကြီး Han Seok Kyu, Good News ထဲက မင်းသားကြီး Sul Kyung Gu တို့အပြင် My Youth ဇာတ်လမ်းတွဲမှ မင်းသမီး Chun Woo Hee တို့က အဓိကပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ဂူမြောင်ဟီ(Han Seok Kyu)ဟာ ပညာတတ်ဘွဲ့ရ တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ဦးဖြစ်ပြီး ဂယောင်းနမ်ခရိုင် ကောင်စီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ် ။ သူဟာ သမာသမတ်ရှိမှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှုကြောင့် သူ့ဒေသခံများရဲ့ထောက်ခံမှုကို အများဆုံးရရှိထားပြီး လာမယ့်…

  • The Healing

    The Healing

    The Healing (2025) လူဘာဟာ သူ့ကိုချစ်တယ်လို့တွင်တွင်ပြောပေမယ့် အကြိမ်ကြိမ်လက်ပါတတ်တဲ့ ခင်ပွန်းသည်နဲ့မွန်းကျပ်ဖွယ်အိမ်ထောင်ရေးဆီက လွတ်မြောက်လာခဲ့ပြီး သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ စိတ်ဒဏ်ရာတွေကုစားဖို့အတွက်အပန်းဖြေအနားယူစခန်းတစ်ခုဆီကိုထွက်လာကြတာပါ။ သူတို့သွားရောက်ရမယ့် စခန်းဟာရေကန်ကျယ်ကြီးတစ်ခုအတွင်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိတာဖြစ်ပြီး ဝင်လမ်းထွက်လမ်းဆိုလို့ကူးတို့လှေတစ်စီးပဲရှိပါတယ်။ ကျွန်းပေါ်ကိုစရောက်ကတည်းက ထူးခြားဆန်းကြယ်တဲ့ ရိုးရာဓလေ့ထုံးတမ်း အမျိုးမျိုးနဲ့ပြင်းထန်ကြမ်းတမ်းတဲ့အကဲစမ်းစစ်ဆေးမှုတွေကိုရင်ဆိုင်ရပြီး သူတို့ကိုယ်စီရဲ့အကြောက်တရားတွေ၊ နက်နဲတဲ့လျှို့ဝှက်ချက်တွေကိုပါတွေ့ကြုံလာရပြီးဒါတွေကလွတ်မြောက်ဖို့အတွက် ထွက်ပြေးမလား? ဒါမှမဟုတ် အဆုံးထိရင်ဆိုင်ပြီးအကြောက်တရားတွေကိုကျော်လွှားမလားဆိုတဲ့ဇာတ်သိမ်းနှစ်ခုကို ကိုယ်တိုင်ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ The Healing ဟာ Midsommar တို့လိုမျိုး ဂိုဏ်းဂဏတွေ၊ဓလေ့ထုံးတမ်းအစဉ်အလာတွေကိုအခြေခံတဲ့ Horror/Thriller ဇာတ်ကားတစ်ကားဖြစ်ပြီး စိတ်ဒဏ်ရာတွေ ကုစားမှုတွေကိုသည်းထိတ်ရင်ဖိုရသရောမွှေထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

  • Thanal

    Thanal

    Thanal (2025) “မီးခဲ” ရဲတပ်ဖွဲ့က ဘဏ်ဓားပြတွေသတင်းရပြီး ဝင်စီးရင်း အသေပစ်ခတ်ဖမ်းဆီးလိုက်ရာကနေစတဲ့ တမီလ်အက်ရှင်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ စီးနင်းမှုအပြီး အချိန်တစ်ခုအကြာ အဲဒီစီးနင်းမှုမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်။ မင်းသားဖြစ်သူက ရဲတပ်ဖွဲ့ထဲကို ဝင်လာခဲ့တဲ့ တပ်သားသစ်တစ်ဦး။ စခန်းမှာ တာဝန်ထမ်းဆောင်ဖို့အမိန့်စာလာယူတဲ့နေ့မှာပဲ အမိန့်စာမရသေးဘဲ မင်းသားတို့ တပ်သားသစ်ခြောက်ယောက်လုံးကိုကင်းလှည့်တာဝန်ပေးလိုက်ပါတယ်။ ဒီမှာပဲ အဲဒီစခန်းက ရဲအရာရှိဟောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ရာဇဝတ်မှုကြီးတစ်ခုကိုကြံစည်နေတဲ့ လူဆိုးဂိုဏ်းနဲ့ တပ်သားသစ်ခြောက်ယောက်တို့ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့အခါမှာတော့…။

  • Bare Hands

    Bare Hands

    Mani nude… လက်ဗလာတဲ့။ လက်ဗလာနဲ့ သူသေကိုယ်သေတိုက်ပွဲတွေကို ကြည့်ရှုရမယ့် အီတလီအတိုက်အခိုက်ဇာတ်ကြမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူဌေးသားလူ့ပေါ်ကြော့ ဒေးဗစ်တစ်ယောက် မွေးနေ့ပါတီကနေ ခဏထွက်အလာပြန်ပေးဆွဲခံလိုက်ရတယ်။ သူသတိရလာတဲ့အချိန်မှာတော့ ထရပ်ကားတစ်စီးရဲ့ ပိန်းပိန်းပိတ်မှောင်နေတဲ့နောက်ခန်းမှာ လူတစ်ယောက်နဲ့အတူ အပိတ်ခံထားရတယ်။ သူ့အသက်ရှင်သန်ဖို့အရေး အသည်းအသန်ရုန်းကန်ရင်း တစ်ဖက်လူကို အနိုင်ယူနိုင်ခဲ့တယ်။ ဒီမှာပဲ သူ့ဘ၀တစ်ဆစ်ချိုး ပြောင်းသွားတော့တာပဲ။ အရင်ဘ၀ဆိုတာ ဘာမှန်းမသိတော့တဲ့ထိအသေအကြေတိုက်ပွဲတွေမှာ ရုန်းကန်နေရင်းနဲ့ သာမန်ဘ၀တစ်ခု ပြန်ရဖို့ ကြိုးစားပုံကိုခံစားကြည့်ရှုကြရမှာပါ။

  • Burner

    Burner

    Burner (2025) ဒီတစ်ခေါက်မှာတော့ အက်ရှင်ကားကောင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် Hollywood ရဲ့ ဇာတ်ရှိန်အမြင့်ဆုံး Action Thriller ဇာတ်ကားကြီးဖြစ်တဲ့ “Burner” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ပထမဆုံး စက္ကန့်ကတည်းက စပြီး ပရိသတ်ကို ဆွဲဆောင်ထားနိုင်ပြီး နောက်ဆုံး မိနစ်အထိ ထိုင်ရာမထကြည့်ချင်အောင် ဆွဲဆောင်နိုင်မှာပါ။ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ Kiki ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ဆယ်ကျော်သက် သမီးလေး နဲ့ ပြန်လည်ပေါင်းစည်းနေထိုင်ခဲ့ပါတယ်။ သူမဘဝသစ်ကို စတင်ဖို့ ကြိုးစားနေချိန်မှာပဲ အကြမ်းဖက်တဲ့၊ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ သူမရဲ့ ခင်ပွန်းဟောင်း ပြန်ပေါ်လာခဲ့ပါတယ်။ ခင်ပွန်းဟောင်းရဲ့ ပြဿနာပေးမှုတွေဟာ Kiki ကို အကျဉ်းထောင်ဆီ ပြန်ပို့နိုင်တဲ့ အန္တရာယ်ကြီးတဲ့ အခြေအနေတွေကို ဖန်တီးလာပါတယ်။ ဒါကြောင့် Kiki ဟာ…