Category: Movies


  • Other

    Other

    Other (2025) အဲလစ်စ်ဟာ မိခင်ဖြစ်သူသေဆုံးကြောင်းသတင်းရတဲ့နောက် နှစ်ပေါင်းများစွာစွန့်ခွာထားခဲ့တဲ့ နောက်တစ်ကြိမ်ဘယ်တော့မှခြေမချချင်ဘူးလို့ကြွေးကြော်ထားခဲ့တဲ့ ငယ်ဘ၀နေအိမ်ကိုပြန်ပြီးရောက်ရှိလာခဲ့ပါတယ်။ သူ့မိခင်သေဆုံးမှုဟာဆိုးဝါးပြီး ပဟေဠိအတိနဲ့ဖြစ်နေတဲ့အတွက် ဒီအိမ်မှာသူထင်ထားတာထက် အချိန်ကြာကြာနေရဖို့ဖြစ်လာပါတော့တယ်။ နေအိမ်ဟာ ငယ်ဘ၀ကအတိုင်းနီးပါးမပြောင်းမလဲ တည်ရှိနေပေမယ့် အခုချိန်မှာထပ်တိုးနေတာကတော့ အဆင့်မြင့်ဗီဒီယိုစောင့်ကြည့်စနစ်တစ်ခုဖြစ်ပြီး သူ့လှုပ်ရှားမှုတိုင်းကိုခြေရာခံနေတာပါ။ ရောက်ပြီးမကြာခင်မှာပဲ အိမ်နီးချင်းတွေရဲ့ထူးခြားတဲ့စကားတွေ၊ အပြုအမူတွေနဲ့သူကိုယ်တိုင်သတိထားမိလာတဲ့ထူးခြားဖြစ်စဉ်တွေကြောင့် ဒီအိမ်ဟာ တစ်ခုခုထူးခြားနေတယ်ဆိုတာသိလာပြီးတဲ့နောက် သူမေ့ပျောက်ထားချင်တဲ့ အိမ်မက်ဆိုးတွေငယ်ဘ၀စိတ်ဒဏ်ရာတွေကို ပြန်လည်ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ Olga Kurylenko ရဲ့ကားသစ်ဖြစ်ပြီး Them (၂၀၀၆) တို့၊ The eye (၂၀၀၈) တို့လိုနာမည်ကျော်ဟော်ရာတွေရဲ့ဖန်တီးရှင် ဒါရိုက်တာ David Moreau ရဲ့လက်ရာ Horror/Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အမှောင်ခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

  • Eyang Putri

    Eyang Putri

    Eyang Putri (2021) ပါတိတ်ရုံပိုင်ရှင် အဘွားဆရီရဲ့အိမ်မှာအိမ်အကူတစ်ဦးရဲ့သမီးဖြစ်သူ ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုနဲ့အကြီးအကျယ်ဒဏ်ရာရပြီးဆေးရုံတင်လိုက်ရတဲ့နောက်မှာ အဘွားတစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲမြို့ပေါ်မှာ အိမ်ထောင်ကျနေတဲ့ မြေးဖြစ်သူ ဂန်ဒစ်စ်တစ်ယောက် ခင်ပွန်း၊လင်ပါသမီးတို့နဲ့အတူ အဘွားကိုပြုစုစောင့်ရှောက်ဖို့အိမ်ပြန်လာခဲ့ပါတယ်။ သူတို့စရောက်ကတည်းက အမူအယာတွေထူးခြားနေတဲ့အဘွားဟာတစ်ရက်ထက်တစ်ရက် ပိုပိုကြောက်စရာကောင်းလာခဲ့ပြီး အိမ်ထဲမှာလည်း ဆန်းကြယ်တဲ့အတွေ့အကြုံတွေ၊သဘာ၀လွန်မှန်းသိသာနေတဲ့ဖြစ်ရပ်တွေကြုံဆုံလာတဲ့အချိန်မှာတော့ ဒီအိမ်နဲ့အဘွားဖြစ်သူဟာ အောက်လမ်းအတိုက်အခိုက်တစ်ခုနဲ့ကြုံနေရပြီဆိုတာ သိသာလာပါတော့တယ်။ လူချစ်လူခင်များပြီး ရန်သူမရှိတဲ့အဘွားကို ဒီလိုလုပ်ရက်သူဟာ ဘယ်သူဖြစ်နေမလဲ? တစ်ဖက်ရန်သူရဲ့အတိုက်အခိုက်အနှောင့်အယှက်တွေကို ဘယ်လိုနည်းနဲ့တွန်းလှန်ကျော်လွှားကြမလဲ? အစရှိတာတွေကို သဲထိတ်ရင်ဖိုခံစားရမယ့် ဟော်ရာဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Pamali 2022,Thaghut 2024,Dominion of Darkness 2024 တို့လိုနာမည်ကျော်ဇာတ်ကားတွေရဲ့ဒါရိုက်တာ Bobby Prasetyo ရဲ့လက်ရာဖြစ်ပါတယ်။

  • Beautiful Vampire

    Beautiful Vampire

    Beautiful Vampire (2018) လူသားတွေကြားထဲမှာ မထင်မရှား သာမန်လူသားဘဝနဲ့ဖုံးကွယ်ပြီး နေထိုင်နေတဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ သွေးစုပ်ဖုတ်ကောင်မလေး “ရန်း” ..။ လူသားတွေရဲ့ သွေးကိုသောက်သုံးပြီး ရှင်သန်တယ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တို့ရဲ့ သဘာဝကို ချိုးနှိမ်ပြီး သာမန်လူသားတစ်ယောက်လို ရှင်သန်နေထိုင်ဖို့ကြိုးစားနေတဲ့ “ရန်း” က သူနေထိုင်တဲ့ ရပ်ကွက်လေးမှာ အလှပြင်ဆိုင်လေးတစ်ဆိုင်လည်း ဖွင့်ထားပါသေးတယ်။ ဖွင့်သာထားပေမဲ့ သိပ်အလုပ်မဖြစ်လှတဲ့ “ရန်း” ရဲ့အလှပြင်ဆိုင်ဆီကို တစ်နေ့ကျ “ဆိုညွန်း” လို့ခေါ်တဲ့ ကောင်ချောလေးရောက်လာရာကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာပါတော့တယ်။ အဓိက ပြဿနာကတော့ “ဆိုညွန်း” ရဲ့ကိုယ်သင်းနံ့က “ရန်း” ရဲ့ လူ့သွေးကို သောက်သုံးချင်တဲ့စိတ်ကို ပြန်ပေါ်ထွက်လာစေတာပါပဲ။ သရုပ်ဆောင်ဖြစ်ဖို့ ရူးသွပ်နေပြီး “ရန်း” ရှိတဲ့အလှပြင်ဆိုင်ကို ခဏခဏလာတတ်တဲ့ “ဆိုညွန်း” နဲ့ “ဆိုညွန်း” နဲ့ရှိနေရင်…

  • Dear Jeeva: An Unconditional Love Story

    Dear Jeeva (2025) “ချစ်ရပါသော ဂျီဗာ” အထီးကျန်မှုကြောင့် ဖြစ်တည်လာတဲ့ ဒေါသတွေမာနတရားတွေနဲ့ လမ်းပျောက်နေခဲ့တဲ့ ဂျီဗာ။ အဲဒီဒေါသမာန်မာနတွေကြောင့်ပဲ လုပ်သမျှက အရာမထင်လာခဲ့။ တစ်နေ့ အမျိုးသမီးလေးတစ်ယောက် သူ့ဘ၀ထဲကိုဝင်လာချိန်မှာတော့ မှောင်မိုက်နေတဲ့ဘ၀မှာ အလင်းတန်းလေးပေါ်လာခဲ့တာပေါ့။ အရာရာစိုပြေလှပပြီး ဘ၀ဆိုတာ နေချင်စရာကောင်းတဲ့အရာပါလားလို ပြန်ခံစားမိချိန်မှာမှ ကောင်းတခါ ဆိုးတလှည့်ပေးတတ်တဲ့ လောကဓံဆိုတဲ့အရာကြီးမှာ ချစ်သူနှစ်ယောက်ပြဿနာတွေ ကြုံရပြန်တယ်။ ဒီပြဿနာတွေကို သူတိုချစ်ခြင်းတရားက အနိုင်ယူနိုင်မှာလား…။ ချစ်ခြင်းတရားပဲ ကွယ်ပျောက်သွားမလားဆိုတာတော့ဒီတမီလ်ရိုမန့်စ်ရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦး။

  • Castaway on the Moon

    Castaway on the Moon

    Castaway on the Moon (2009) မင်းသားကြီး Jung Jae Young နဲ့ မင်းသမီး Jung Ryeo Won တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ထူးထူးဆန်းဆန်းကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာ အကြွေးတွေ အတိုးပေါ် အတိုးဆင့်ရင်း အကြွေးနွံထဲနစ်နေတဲ့ “ဂင်ဆောင်းဂွန်း” တစ်ယောက် လူ့ဘဝကြီးကို လက်လျှော့ဖို့ဆုံးဖြတ်ရင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ဟန်မြစ်ထဲကို ခုန်ချလိုက်တာပေါ့။ ဖြစ်ချင်တော့ ရေနစ်ရမဲ့အစား ဟန်မြစ်ပေါ်က ကျွန်းလေးတစ်ကျွန်းပေါ် သွားသောင်တင်နေပါလေရော။ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းလေးဖြစ်တာမို့ တကယ့်ကို တစ်ကျွန်းလုံးမှာ လူဆိုလို့ သူတစ်ယောက်တည်းပါပဲ။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိပါ ဆုံးဖြတ်ထားတဲ့လူက တကယ်တမ်းကျ လူသူမဲ့ကျွန်းလေးပေါ်ရောက်သွားတာကိုတောင် ကြောက်လန့်ပြီး ကယ်ပေးဖို့ တတ်နိုင်သမျှနည်းလမ်းတွေသုံးပြီး အကူအညီတောင်းတာပေါ့။ ဖြစ်ချင်တော့ သူပြောတာကို ဘယ်သူမှမယုံတဲ့အပြင် သူ့ကို ကူညီတဲ့သူလည်းရောက်မလာတဲ့အဆုံး…