Eyang Putri (2021)
ပါတိတ်ရုံပိုင်ရှင် အဘွားဆရီရဲ့အိမ်မှာအိမ်အကူတစ်ဦးရဲ့သမီးဖြစ်သူ ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုနဲ့အကြီးအကျယ်ဒဏ်ရာရပြီးဆေးရုံတင်လိုက်ရတဲ့နောက်မှာ အဘွားတစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့်ပဲမြို့ပေါ်မှာ အိမ်ထောင်ကျနေတဲ့ မြေးဖြစ်သူ ဂန်ဒစ်စ်တစ်ယောက် ခင်ပွန်း၊လင်ပါသမီးတို့နဲ့အတူ အဘွားကိုပြုစုစောင့်ရှောက်ဖို့အိမ်ပြန်လာခဲ့ပါတယ်။
သူတို့စရောက်ကတည်းက အမူအယာတွေထူးခြားနေတဲ့အဘွားဟာတစ်ရက်ထက်တစ်ရက် ပိုပိုကြောက်စရာကောင်းလာခဲ့ပြီး အိမ်ထဲမှာလည်း ဆန်းကြယ်တဲ့အတွေ့အကြုံတွေ၊သဘာ၀လွန်မှန်းသိသာနေတဲ့ဖြစ်ရပ်တွေကြုံဆုံလာတဲ့အချိန်မှာတော့ ဒီအိမ်နဲ့အဘွားဖြစ်သူဟာ အောက်လမ်းအတိုက်အခိုက်တစ်ခုနဲ့ကြုံနေရပြီဆိုတာ သိသာလာပါတော့တယ်။
လူချစ်လူခင်များပြီး ရန်သူမရှိတဲ့အဘွားကို ဒီလိုလုပ်ရက်သူဟာ ဘယ်သူဖြစ်နေမလဲ?
တစ်ဖက်ရန်သူရဲ့အတိုက်အခိုက်အနှောင့်အယှက်တွေကို ဘယ်လိုနည်းနဲ့တွန်းလှန်ကျော်လွှားကြမလဲ?
အစရှိတာတွေကို သဲထိတ်ရင်ဖိုခံစားရမယ့် ဟော်ရာဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Pamali 2022,Thaghut 2024,Dominion of Darkness 2024 တို့လိုနာမည်ကျော်ဇာတ်ကားတွေရဲ့ဒါရိုက်တာ Bobby Prasetyo ရဲ့လက်ရာဖြစ်ပါတယ်။



Leave a Reply