📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Castaway on the Moon

Castaway on the Moon (2009)

မင်းသားကြီး Jung Jae Young နဲ့ မင်းသမီး Jung Ryeo Won တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ထူးထူးဆန်းဆန်းကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအစမှာ အကြွေးတွေ အတိုးပေါ် အတိုးဆင့်ရင်း အကြွေးနွံထဲနစ်နေတဲ့ “ဂင်ဆောင်းဂွန်း” တစ်ယောက် လူ့ဘဝကြီးကို လက်လျှော့ဖို့ဆုံးဖြတ်ရင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ဟန်မြစ်ထဲကို ခုန်ချလိုက်တာပေါ့။

ဖြစ်ချင်တော့ ရေနစ်ရမဲ့အစား ဟန်မြစ်ပေါ်က ကျွန်းလေးတစ်ကျွန်းပေါ် သွားသောင်တင်နေပါလေရော။

လူသူအရောက်အပေါက်နည်းတဲ့ကျွန်းလေးဖြစ်တာမို့ တကယ့်ကို တစ်ကျွန်းလုံးမှာ လူဆိုလို့ သူတစ်ယောက်တည်းပါပဲ။

ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိပါ ဆုံးဖြတ်ထားတဲ့လူက တကယ်တမ်းကျ လူသူမဲ့ကျွန်းလေးပေါ်ရောက်သွားတာကိုတောင်
ကြောက်လန့်ပြီး ကယ်ပေးဖို့ တတ်နိုင်သမျှနည်းလမ်းတွေသုံးပြီး အကူအညီတောင်းတာပေါ့။

ဖြစ်ချင်တော့ သူပြောတာကို ဘယ်သူမှမယုံတဲ့အပြင် သူ့ကို ကူညီတဲ့သူလည်းရောက်မလာတဲ့အဆုံး အဲဒီကျွန်းလေးမှာပဲ အဆင်ပြေသလိုနေဖို့ ဆုံးဖြတ်လိုက်ရတော့တာပေါ့။

တစ်ဖက်မှာလည်း “ဂင်ဂျောင်ယွန်း” က ပြင်ပလောကနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ဖြတ်ပြီး သူ့အခန်းလေးထဲမှာပဲ အချိန်ကုန်နေတဲ့ အိမ်တွင်းပုန်းမလေးပေါ့။

တစ်နေကုန် သူ့အခန်းလေးထဲမှာပဲသူနေပြီး ညညဆို လမင်းကြီးကို ဓာတ်ပုံရိုက်တတ်တဲ့အကျင့်ရှိတဲ့ “ဂင်ဂျောင်ယွန်း” က တစ်နေ့မှာတော့ လူသူမဲ့ကျွန်းလေးပေါ်က “ဂင်ဆောင်းဂွန်း” ကို ကင်မရာကနေ တဆင့် တွေ့သွားပါတော့တယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက် အဆက်အသွယ်ရသွားပြီး ဘာတွေဆက်ဖြစ်မလဲ .. “ဂင်ဆောင်းဂွန်း” တစ်ယောက်ရော လူသူမဲ့ကျွန်းလေးပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်