Category: Movies
-

Hana & Alice
Hana & Alice (2004) ရုပ်ရှင်သမိုင်းရဲ့ အခုထိရှိနေသေးတဲ့ အစောဆုံးရုပ်ရှင်တွေမှာ မြင်ရတာက ထိခတ်တဲ့အခိုက်အတန့်တစ်ခုသက်သက်ပဲ။ တနင်္ဂနွေခြံဝန်းထဲက ချစ်သူတွေရဲ့အခိုက်အတန့်တို့ ဆိုက်ရောက်လာတဲ့ ရထားတစ်စီးတို့ ဒီလောက်ပဲ။ တရွေ့ရွေ့နဲ့တိုးတက်လာလိုက်ပုံများ စိတ်ကူးပြင်ပမှာ မရှိတဲ့ကမ္ဘာတွေအရာတွေပါ ရိုက်ပြနိုင်တဲ့အထိပေါ့။ မြစ်ဖျားဆိုတာ ဘယ်တော့မှ မေ့ကောင်းတဲ့အရာတော့မဟုတ်ဘူး။ မြစ်ဖျားကို ပယ်သတ်ပြီးလည်း မရှင်ကျန်ဘူးပေါ့။ ဒီဘက်ကာလတွေက 24 Framesမှာ ရုပ်ရှင်ဆိုတာ ဒါပဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရသလိုပေါ့။ ရုပ်ရှင်ပဲဖြစ်ဖြစ် အရာရာဟာ အစကို ပြန်လာတယ်။ တစ်ပတ်ပြန်လည်တယ်။ Shunji Iwaiရဲ့ ရုပ်ရှင်တွေလည်း ဒီလိုပဲခပ်ဆင်ဆင်ပဲ။ သူ့ရုပ်ရှင်တွေက ဇာတ်လမ်းကျောရိုးတစ်ခုဆီ ဦးတည်တာ ရှားတယ်။ အတွေးတစ်ခုဆီလည်း ဦးတည်တာရှားတယ်။ ပြောရရင် သူ့စိတ်ထဲရှိတဲ့ ကမ္ဘာပေါ်က အလှဆုံးဆိုတဲ့ အခိုက်အတန့်တွေ အလှဆုံးဆိုတဲ့အရာတွေကို ပြနေတတ်တယ်။ ကျောရိုးလို့ ထင်ရတဲ့အရာက…
-

Dangerous Flowers
Dangerous Flowers (2006) ဒီတစ်ခေါက်ကတော့ 2006က ထွက်ခဲ့တဲ့ ထိုင်း comedy- action ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးအဆင့်မီ အမျိုးသမီးအဓိကပါဝင်ထားတဲ့ အက်ရှင်ဟာသဇာတ်ကားအဖြစ် သိသိသာသာ လူသိများခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ချိုင်လိုင် လို့ခေါ်တဲ့ အထူးတပ်ဖွဲ့မှာ အမျိုးသမီး ၅ ယောက် ပါဝင်ပြီး လူဆိုးဂိုဏ်းတွေကို တိုက်ခိုက်ဖျက်ဆီးတဲ့ မစ်ရှင်တွေကို လက်တွဲလုပ်ကြပါတယ်။ တနေ့မှာတော့ သူတို့အဖွဲ့က သမုဒ္ဒရာကို အထောက်အကူပြုနေတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အန်ဒမန်သဘာဝပုလဲရဲ့လျှို့ဝှက်ချက်ကိုသိနေတဲ့ “မီကီ”ကို ကာကွယ်ပေးရမဲ့ တာဝန်ကျလာပါတော့တယ်။ မန်ကွန်ဂိုဏ်းက “မီကီ”ကို ဖမ်းခေါ်သွားရာမှ ချိုင်လိုင်အဖွဲ့က “မီကီ”ကို မဖြစ်မနေ လိုက်ကယ်ရပါတော့တယ်။ ဒီမစ်ရှင်မှာ သူတိုအောင်မြင်မလား ရှုးနိမ့်မလား… “မီကီ” ကိုရော ကယ်တင်နိုင်ပါ့မလား… သူတိုအတွက် ဘယ်အရာတွေ စတေးခံရမလဲဆိုတာ… အကြမ်းပတမ်းတွေ…
-

Black Panthers of WWII
Black Panthers of WWII (2025) Black Panthers of WWII ဆိုတဲ့ကားလေးကတော့၂၀၂၅မှထွက်ရှိထားတဲ့ ဒုတိယကမ္ဘာစစ်ထဲက ဂျာမန်တွေကိုအနိုင်တိုက်နိုင်ခဲ့ အာဖရိကန်-အမေရိကန်တပ်ဖွဲ့ရဲ့ဖြစ်ရပ်မှန်အရေးကြီးတိုက်ပွဲတစ်ခုကိုအခြေခံထားတဲ့ စစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ရဲ့လူမျိုးခွဲခြားမှုကြားမှ အာဖရိကန်-အမေရိကန်တွေနဲ့ ဖွဲ့စည်းထားခဲ့တဲ့ အနက်ရောင်ပန်ဒါလို့နာမည်ကြီးတဲ့ အမှတ်၇၆၁ တင့်ကားတပ်ရင်းရဲ့ Battle of the Bulge တိုက်ပွဲမှာ ဂျာမနီနဲ့ ထိုးစစ်ကို ရပ်တန့်နိုင်ဖို့အတွက် လူမျိုးရေးခွဲခြားမှုတွေနဲ့ လက်နက်၊လူအင်အားမမျှတမှုတွေကြားက တိုက်ပွဲဝင်ပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
-

Deranged
Deranged (2012) Sci-fi Horror ဇာတ်ကား ချစ်သူတို့အတွက် 2012 တုန်းကထွက်ရှိထားတဲ့ Korea ဇာတ်ကားကောင်းလေး Deranged နဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်ဆောင်တွေအနေနဲ့လည်း မင်းသားကြီး Kim Myung Min နဲ့အတူ မင်းသမီးကြီး Moon Jeong Hee, Extreme Job ဇာတ်ကားထဲက လူသိများတဲ့ ရဲမေ Lee Hanee အပြင် Shinwa အဖွဲ့ရဲ့ Kim Dong Wan တို့ကပါ အားဖြည့်ပါဝင်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ညီဖြစ်သူ Jae Pil ရဲ့ အဆွယ်ကောင်းမှုနဲ့ Share စျေးကွက်ထဲကို ဝင်ပါခဲ့ပြီးမှ ဘဝပျက်သွားခဲ့ရတဲ့ Jae Hyuk ဟာ မိသားစုကို လောက်ငအောင် ရှာကျွေးနိုင်ဖို့အတွက် ဆေးကုမ္မဏီတစ်ခုမှာ…
-

McVeigh
McVeigh (2024) ဒီဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာကျော်ခဲ့ပြီး အခုထိ သူ့ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေပါ နာမည်ကျော်လာတဲ့ Games of Thrones ဇာတ်လမ်းတွဲထဲမှာ သီယွန်ဂရေးဂျိုင်း အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ပို့မင်းသား အယ်လ်ဖီအယ်လန်ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တင်မ်ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ဟာ စစ်ထဲကထွက်လာပြီးနောက်ပိုင်း ဘဝကြီးချွတ်ခြုံခဲ့ရသူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ရဲဘော်တစ်ယောက်ဖြစ်ခဲ့တဲ့ တယ်ရီဆိုတဲ့သူဟာ လူမျိုးရေးခွဲခြားမှုကြောင့် လူသတ်ခဲ့ပြီး တစ်သက်တစ်ကျွန်းကျရင်း သေဒစ်ပေးခံရတဲ့သူဖြစ်သွားပါတယ်။ အဲဒီအချိန်မှာတုန်းက လူမျိုးရေးခွဲခြားတာတွေ လူမျိုးရေးအစွန်းရောက်တဲ့ မျိုးချစ်ဝါဒီတွေကရှိနေသေးတဲ့ မဆိုရင်မဆိုသလို အမေရိကားပြည်တွင်းမှာ ဗုံးခွဲမှုတွေ အသေခံတိုက်ပွဲတွေ ဖြစ်လေ့ရှိတာပါ။ ဒီလိုနဲ့တစ်နေ့မှာ စစ်သွေးကြွလာတဲ့တင်မ်ဟာ သေဒဏ်ပေးခံရတဲ့ သူ့ရဲဘော်ရဲ့ တရားစီရင်မှုနောက်ကွဲမှာရှိနေတဲ့ သူတွေလုပ်ကိုင်နေတဲ့ အစိုးရရုံးကိုပါ ဖောက်ခွဲဖို့ကြံရွယ်လာပါတော့တယ်။