Deranged (2012)

Sci-fi Horror ဇာတ်ကား ချစ်သူတို့အတွက် 2012 တုန်းကထွက်ရှိထားတဲ့ Korea ဇာတ်ကားကောင်းလေး Deranged နဲ့မိတ်ဆက်ပေးပါရစေ။
ဇာတ်ဆောင်တွေအနေနဲ့လည်း မင်းသားကြီး Kim Myung Min နဲ့အတူ မင်းသမီးကြီး Moon Jeong Hee, Extreme Job ဇာတ်ကားထဲက လူသိများတဲ့ ရဲမေ Lee Hanee အပြင် Shinwa အဖွဲ့ရဲ့ Kim Dong Wan တို့ကပါ အားဖြည့်ပါဝင်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
ညီဖြစ်သူ Jae Pil ရဲ့ အဆွယ်ကောင်းမှုနဲ့ Share စျေးကွက်ထဲကို ဝင်ပါခဲ့ပြီးမှ ဘဝပျက်သွားခဲ့ရတဲ့ Jae Hyuk ဟာ မိသားစုကို လောက်ငအောင် ရှာကျွေးနိုင်ဖို့အတွက် ဆေးကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပြီး ခက်ခက်ခဲခဲ ရုန်းကန်ရင်းကနေအဆိုးမြင်ဝါဒီသမား ဖြစ်လာခဲ့တဲ့သူပါ။
Jae Pil ကလည်း အစ်ကိုကြီး အပေါ်အပြစ်ရှိစိတ်နဲ့ တောင်းပန်ဖို့ကြိုးစားနေပေမဲ့လည်း သူကိုယ်တိုင်က Share စျေးကွက်ထဲကနေ ရုန်းမထွက်နိုင်ဖြစ်နေရတဲ့ ရဲဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့ ရေထဲမှာ အစာငတ်ပြီး သေဆုံးထားသလိုဖြစ်နေတဲ့ အလောင်းကောင်တွေကို လူတွေ တစ်စတစ်စ ရှာတွေ့လာကြပါတယ်။
အာဏာပိုင်တွေကလည်း ဒီကိစ္စက ဘာကြောင့်မှန်း မသိနိုင်ဖြစ်နေပြီး အခြေနေတွေကတော့ ပိုပိုဆိုးရွားလာခဲ့ပါတယ်။
Jae Hyuk ရဲ့မိသားစုကပါ ဒီရောဂါ ကူးစက်ခံထားရတာဖြစ်လို့ Jae Hyuk တစ်ယောက် သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကို ကယ်တင်ဖို့ အသည်းအသန်ကြိုးစားရပုံကို ရင်တထိတ်ထိတ် အံတကြိတ်ကြိတ်နဲ့ ကြည့်ရှု့ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။
ဆိုတော့ ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းက ဘာကြောင့်များဖြစ်မလဲ… ဘယ်ကစသလဲ… စတဲ့ ပဟေဠိတွေအပြင် နိုင်ငံရေးလှည့်ကွက်တွေကိုပါ သေချာရိုက်ပြထားတဲ့အတွက်ကြောင့် Survival Horror ဇာတ်ကားကောင်းကြိုက်သူတို့အတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပဲဖြစ်လို့ ညွှန်းဆိုပေးလိုက်ရပါတယ်။



Leave a Reply