Category: Movies
-

Train Dreams
Train Dreams (2025) Train Dreams ဟာ Denis Johnson ရဲ့ နာမည်ကြီး ဝတ္ထုတိုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်ကတော့ Robert Grainier (Joel Edgerton) ဆိုတဲ့ သစ်ထုတ်လုပ်သူနဲ့ မီးရထားလမ်း တည်ဆောက်သူတစ်ယောက်ရဲ့ ဘဝအကြောင်းပါ။ ၂၀ ရာစု အမေရိကန်ပြည်ထောင်စုရဲ့ ကျေးလက်ဒေသမှာ သူ့ဘဝရဲ့ ပျော်ရွှင်မှု၊ အချစ်ရေးနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ လူသဘာဝနဲ့ သဘာဝပတ်ဝန်းကျင်ဆက်စပ်မှု၊ အတိတ်နဲ့ပစ္စုပ္ပန်၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတဲ့ ဆန့်ကျင်ဘက်စိတ်ခံစားချက်တွေကို လှပစွာ ဖော်ပြသွားတဲ့ ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Clint Bentley က ဇာတ်ကားကို သဘာဝအလင်းရောင်တွေနဲ့ အဓိက ရိုက်ကူးထားပြီး…
-

My First of May
My First of May (2025) ဒီဇာတ်လမ်းကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ မိသားစုဒရာမာပဲလို့ ပြောရမှာပေါ့သွမ့်ရှူယန် ဆိုတဲ့ လူတစ်ယောက် သူဟာ တစ်ချိန်က ဟောင်ကောင် ချန်ပီယံ သုံးကြိမ်တောင် ရဖူးတဲ့သူ … ဒါပေမဲ့ အခုတော့ ခြေထောက်မသန်တော့တဲ့အတွက် အားကစားနည်းပြ အလုပ်လုပ်ရင်း၊ တစ်ခါတစ်လေ လက်မှတ်မှောင်ခိုလုပ်တယ်လို့တောင် အပြောခံရတဲ့ဘဝနဲ့ ရုန်းကန်နေရတယ်။ သူ့ဘဝရဲ့ အဓိက စိန်ခေါ်မှုကတော့… သူ့သမီးလေး အားစီ ပါ…သမီးလေးက မသန်စွမ်းဘီးတပ်ကုလားထိုင်နဲ့ အသက်ရှူစက်ကို အသုံးပြုနေရပြီး ရောဂါကလည်း ဆိုးရွားလာတယ် ဒါကြောင့် သွမ့်ရှူယန်ဟာ အိမ်ငှားခသက်သာတဲ့ အခန်းကျဉ်းလေးမှာ ခိုအောင်းနေရင်း ၊ သူ့သမီးနဲ့ အမေ့ကို ပိုက်ဆံပို့ပေးနေရတယ်…ဒါ့အပြင်… သူ့အမေနဲ့လည်း အဆင်မပြေဘူး။ အမေက အစိုးရအိမ်ရာ လေးယောက်စာ အခန်းကို လက်ဝါးကြီးအုပ်ထားတာမို့ စစ်ဆေးရေး…
-

Derelict
Derelict (2025) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ ဗြိတိန်နိုင်ငံက ဘတ်ဂျက်အနည်း ဆုံးနဲ့ ရိုက်ကူးထားပေမဲ့ အနုပညာတန်ဖိုးမြင့်မားတဲ့ ဒရာမာကား Derelict ကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ် Derelict ရုပ်ရှင်ဟာ ပုံမှန် အစ၊ အလယ်၊ အဆုံး ဖွဲ့စည်းပုံအတိုင်း မဟုတ်ဘဲ၊ အချိန်ကာလကို နောက်ပြန်လှည့်ပြီး ဇာတ်လမ်းကို ပိုင်းခြား တင်ဆက်ထားတဲ့ (Non-linear Narrative) ပုံစံမျိုးကို အသုံးပြုထားပါတယ်။ ဒီဇာတ်ကားဟာ အဓိက ဇာတ်ကောင်နှစ်ဦးရဲ့ ဘဝကို အပြိုင်ပြသပြီး၊ သူတို့ရဲ့ ကံကြမ္မာ ဘယ်လို ရောယှက်သွားတယ်ဆိုတာကို ဖော်ပြပါတယ်။ အက်ဘီဂေးဟာ ဖခင်ဖြစ်သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အတွက် ပြင်းပြတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ လက်စားချေလိုစိတ် တွေ လွှမ်းမိုးနေတဲ့ လူငယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဖခင်ကို သတ်ခဲ့တဲ့…
-

Tee Yai Born to Be Bad
Tee Yai Born to Be Bad (2025) BL လောကမှာ နာမည်ကြီးတစ်လက်ဖြစ်တဲ့ Apo Nattawin Wattanagitiphat ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ထီရိုင်ဆိုတဲ့ ကောင်လေးဟာ သူငယ်ချင်းဖြစ်သူ ရာ့ခ်နဲ့အတူတူ ခိုးဆိုး ဓားပြတိုက် မကောင်းတာတွေလုပ်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ ထူးခြားတာကတော့ ထီရိုင်ဟာ နက္ခတ်ဆန်းနဲ့ မွေးဖွားလာတာဖြစ်ပြီးတော့ ဘယ်လို အချုပ်အနှောင်မဆို သူဟာ လွတ်ကင်းအောင်ပြုလုပ်နိုင်ပါတယ်။ သူ့ကို ဘယ်အရာကမှ ချုပ်ထားလိုမရဘူးပေါ့။ ဒီလိုနဲ့ ထီရိုင်တစ်ယောက်ဟာ မြိုရဲ့ နာမည်ကြီးအလိုရှိစာရင်းမှာ ပါလာခဲ့ပါတယ်။ သိုပေမဲ့လည်း ထီရိုင်ဟာ ရဲတွေလက်ထဲရောက်လိုက် ရဲတွေရဲ့ မျက်စိရှေ့မှာတင် ပျောက်သွားပြီး လွတ်မြောက်လိုက်နဲ့ ဖမ်းလိုမမိနိုင်ဘဲ ဖြစ်နေခဲ့ပါတော့တယ်။ တစ်နေ့မှာတော့ ရာ့ခ်ဟာ ဆောင်ကြာမြိုင်က ကောင်မလေးဖြစ်တဲ့ ဒေါင်ကို…
-

Run
RUN (2025) ဂျာမန်ဒါရိုက်တာ Uwe Boll ရဲ့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ RUN ဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်သူတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားရဲ့အဓိက Theme ကတော့ ဒီနေ့ခေတ် ဥရောပနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ အကြမ်းဖက်မှုနဲ့ဖိအားပေးမှုတွေပြည့်နေတဲ့ Thriller အမျိုးအစားဖြစ်ပါတယ် အီတလီကမ်းရိုးတန်းမြိုငယ်လေးတစ်ခုမှာ နေ့စဉ်နဲ့အမျှ ပင်လယ်ပြင်ကနေ အသက်လုပြီးထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ပုံမှန်ရောက်ရှိနေပါတယ်…ဒီဒုက္ခသည်တွေထဲက တစ်ဦးချင်းစီရဲ့ကြမ္မာက ရဲလက်ကနေ ပုန်းရှောင်နေကြရတဲ့ဒုက္ခသည်တွေရဲ့ အဖြစ်အပျက်တွေကို ဖော်ပြထားတာပဲဖြစ်ပါတယ် တစ်နေ့မှာတော့ ဒီမြိုလေးမှာ အရာအားလုံးက ရုတ်တရက်ကြီး ပေါက်ကွဲထွက်လာပြီး အကြမ်းဖက်မှုနဲ့ ပရမ်းပတာဖြစ်မှုကြီး အဖြစ်သို ပြောင်းလဲသွားပါတဲ့အခါ ဒုက္ခသည်တွေဟာ အသက်ရှင်ဖိုအတွက် နာမည်အတိုင်း “ပြေး” ရတဲ့အဖြစ်မျိုးရောက်လာတဲ့အခါ လူသားတွေရဲ့ စိတ်ဓာတ်အမှန်နဲ့ ရှင်သန်ရေးအတွက် ပေးဆပ်ရမှု တွေကိုဖော်ကျူးထားတဲ့…