RUN (2025)

ဂျာမန်ဒါရိုက်တာ Uwe Boll ရဲ့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ RUN ဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်သူတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားရဲ့အဓိက Theme ကတော့ ဒီနေ့ခေတ် ဥရောပနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ အကြမ်းဖက်မှုနဲ့ဖိအားပေးမှုတွေပြည့်နေတဲ့ Thriller အမျိုးအစားဖြစ်ပါတယ်

အီတလီကမ်းရိုးတန်းမြိုငယ်လေးတစ်ခုမှာ နေ့စဉ်နဲ့အမျှ ပင်လယ်ပြင်ကနေ အသက်လုပြီးထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ပုံမှန်ရောက်ရှိနေပါတယ်…ဒီဒုက္ခသည်တွေထဲက တစ်ဦးချင်းစီရဲ့ကြမ္မာက ရဲလက်ကနေ ပုန်းရှောင်နေကြရတဲ့ဒုက္ခသည်တွေရဲ့ အဖြစ်အပျက်တွေကို ဖော်ပြထားတာပဲဖြစ်ပါတယ်

တစ်နေ့မှာတော့ ဒီမြိုလေးမှာ အရာအားလုံးက ရုတ်တရက်ကြီး ပေါက်ကွဲထွက်လာပြီး အကြမ်းဖက်မှုနဲ့ ပရမ်းပတာဖြစ်မှုကြီး အဖြစ်သို ပြောင်းလဲသွားပါတဲ့အခါ ဒုက္ခသည်တွေဟာ အသက်ရှင်ဖိုအတွက် နာမည်အတိုင်း “ပြေး” ရတဲ့အဖြစ်မျိုးရောက်လာတဲ့အခါ လူသားတွေရဲ့ စိတ်ဓာတ်အမှန်နဲ့ ရှင်သန်ရေးအတွက် ပေးဆပ်ရမှု တွေကိုဖော်ကျူးထားတဲ့ ဇာတ်ကားဖြစ်လို ပရိသတ်ကို လူမှုရေးနဲ့ နိုင်ငံရေးပြဿနာများအပေါ် ပြန်လည်စဉ်းစားသုံးသပ်စေဖို တွန်းအားပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *