Category: Movies
-

Shelby Oaks
Shelby Oaks (2025) ဒီဇာတ်ကားလေးကတော့ 2024 မှာ ထွက်ရှိခဲ့တဲ့ ဟော်ရာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုင်လီ ဘရန်နင်ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့ လေးယောက်သား “ဖြစ်ရပ်ဆန်းများကို အဖြေရှာသူများ” ဆိုတဲ့ ယူကျုချန်နယ်တစ်ခုကို ထောင်ထားပြီး သရဲခြောက်တဲ့နေရာတွေ၊ အကျဉ်းထောင်ဟောင်းတွေ၊ မြို့ပျက်တွေကို သွားပြီးတော့ သူတို့ချန်နယ်မှာ နာနာဘာဝဗွီဒီယိုတွေ ပြန်တင်ဆက်တတ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့က ရှယ်ဘီ အုတ်ခ်လို့ခေါ်တဲ့ မြို့ပျက်တစ်ခုက ကစားကွင်းဟောင်းတစ်ခုကို သွားရိုက်ကူးမယ်လို့ ချန်နယ်မှာ အကြောင်းကြားပြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ရဲတွေကလည်း လူပျောက်ရှာကြပြီး သူတို့ဆီက ကျန်ရစ်ခဲ့တဲ့ကင်မရာတစ်လုံးကို သဲလွန်စအဖြစ် တွေ့ရှိသွားရာကနေ သူတို့ ပျောက်ကွယ်သွားရတဲ့နောက်ကွယ်မှာ ဘာအကြောင်းအရင်းတွေရှိနေမလဲ၊ လူလက်ချက်လား၊ နာနာဘာဝလက်ချက်လား ဆိုတာကို သို့လော သို့လော ကြည့်ရမဲ့…
-
The Lives of Others
The Lives of Others (2006) ဒီကားက ၂၀၀၇ခုနှစ်ရဲ့ အော်စကာဆုပေးပွဲ မှာ Best Foreign language of the year ဆုကိုရရှိခဲ့ပါတယ်။ အခြားဆုပေါင်း ၇၆ဆုရရှိခဲ့ပြီး ၃၅ဆုဆန်ကာတင်စာရင်းလည်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် စစ်ပြီးခေတ် အခြေအနေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ခံ သမိုင်းကြောင်းကို အနည်းငယ် ပြောပြပါမည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ ဂျာမဏီကို မဟာမိတ်နိုင်ငံတွေက အသီးသီး ပိုင်းယူခဲ့ကြပါတယ်။ မဟာမိတ်တွေက အထူးပြောစရာလိုမယ်မထင်ပါ။ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် နဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖြေးဖြေးနဲ့ အနောက်ဘက်က မဟာမိတ်အုပ်စု( ပြင်သစ်၊ ဗြိတိန်၊ အမေကိကန်) ကတစ်ဖက် ရုရှားအစိုးရက…
-

The Fourth State
The Fourth State (2012) ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့ Paul Jensen က Berlin က သူ့အလုပ်ကိုထွက်ပြီး Moscow က နာမည်ကျော်တွေရဲ့ အတင်းအဖျင်းရေးတဲ့ မဂ္ဂဇင်းတစ်ခုမှာ အလုပ်လုပ်ဖို ရုရှားကိုပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကြမ်းဖက်သမားတွေရဲ့ ဆန္ဒပြအဓိကရိုဏ်းတွေကြား ဝင်ပါမိပြီး အပြစ်မရှိဘဲ ထောင်ကျသွားခဲ့ရပါတယ်။ Paul တစ်ယောက် ကွယ်လွန်သွားတဲ့ နိုင်ငံရေးဂျာနယ်လစ်သမားဖြစ်သူ သူ့အဖေရဲ့ မပြီးဆုံးသေးတဲ့ ဆောင်းပါးနဲ့ အစိုးရရဲ့ လျှိဝှက်လုပ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိသွားချိန်မှာတော့ နိုင်ငံရေးကို စိတ်မဝင်စားခဲ့တဲ့ Paul တစ်ယောက် သူ့အဖေခြေရာကိုနင်းပြီး အမှန်တရားကို ချပြနိုင်အောင် အဲဒီဆောင်းပါးကို အပြီးသတ်ပေးမလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
-
Dead to Rights
Dead to Rights (2015) ဓာတ်ပုံဆိုတာ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေရဲ့ မှတ်တမ်းတစ်ခုတင်မကပဲ ခေတ်ကာလတွေရဲ့ သမိုင်းအထောက်အထားလဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ နန်ကျင်းမြို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ရာဇဝတ်မှုကို ဖော်ပြခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံအထောက်အထားတွေကိုအခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံကို ဂျပန်စစ်တပ်တွေကျူးကျော်ဝင်ရောက်လာတဲ့ကာလအတွင်းမှာ နန်ကျင်းမြို့မှာနေတဲ့တဲ့ ပြည်သူတစ်စုက (ကံကောင်းခြင်းဓာတ်ပုံတိုက်) ကျီရှန်ဓာတ်ပုံတိုက်မှာ ပုန်းအောင်းနေကြပါတယ်။ တစ်ရက်ပိုအသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ သူတို့ဟာ ဂျပန်စစ်တပ်ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဖလင်ပြားတွေကို ကူညီပြီးဆေးကြောပေးဖို့ အတင်းအကြပ်စေခိုင်းခံရပါတယ်။ အဲဒီဖလင်ပြားတွေကို ဆေးကြောရာမှာ မမျှော်လင့်ဘဲ ဂျပန်စစ်တပ်ရဲ့ မြို့တွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာတွေကို သက်သေပြနိုင်မယ့် ဓာတ်ပုံတွေပေါ်ထွက်လာပါတယ်။ သူတို့ရဲ့ တစ်ခုတည်းသော မူလရည်ရွယ်ချက်က ဒီသတ်ဖြတ်မှုကြီးကြားမှာ အသက်ရှင်နိုင်ဖို့အရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် နန်ကျင်းမြို့ထဲက ဂျပန်တွေရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို မျက်ဝါးထင်ထင်မြင်တွေ့ရပြီးနောက်မှာတော့ ဒီဓာတ်ပုံဖလင်တွေကို…
-

The Bros
The Bros (2017) ဒီတစ်ခါမှာတော့ အားလုံးရဲ့ အချစ်တော်မင်းသားကြီး မာဒုံဆော့ နဲ့ တကွ အီဟန်နီ ၊ အီဒုံဟွီ နဲ့ ဆောယယ်ဂျီတို့လို နာမည်ကြီး မင်းသားမင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားတဲ့ The Bros ဆိုတဲ့ ဟာသရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ .. အကျိုးလိုလို့ ညောင်ရေလောင်းမယ့်ရည်ရွယ်ချက်နဲ့ မိဘအိမ်ပြန်ဆိုက်လာကြတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ။ အီဆော့ဘုံး ( မာဒုံဆော့ ) ကတော့ ဆရာတစ်ယောက်ဖြစ်သလို ရှေးဟောင်းအမွေအနှစ်တူးဖော်ရေးကို အရမ်းစိတ်ဝင်စားသူလည်းဖြစ်ပါတယ် ။ တိုင်းတစ်ပါးမှာ ရတနာတွေကို တူးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တူးဖော်ရေးကိရိယာတွေ ဝယ်စုထားရာကနေ စစ်ပွဲဖြစ်သွားတာကြောင့် အကြွေးတွေအဖတ်တင်သွားတဲ့ အီဆော့ဘုံးဟာ .. ဖခင်ဖြစ်သူ ဆုံးပါးသွားတဲ့အခါ စျာပနကို အကြောင်းပြပြီး အိမ်က…