The Lives of Others (2006)

ဒီကားက ၂၀၀၇ခုနှစ်ရဲ့ အော်စကာဆုပေးပွဲ မှာ Best Foreign language of the year ဆုကိုရရှိခဲ့ပါတယ်။
အခြားဆုပေါင်း ၇၆ဆုရရှိခဲ့ပြီး ၃၅ဆုဆန်ကာတင်စာရင်းလည်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် စစ်ပြီးခေတ် အခြေအနေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ဒါကြောင့် နောက်ခံ သမိုင်းကြောင်းကို အနည်းငယ် ပြောပြပါမည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ ဂျာမဏီကို မဟာမိတ်နိုင်ငံတွေက အသီးသီး ပိုင်းယူခဲ့ကြပါတယ်။ မဟာမိတ်တွေက အထူးပြောစရာလိုမယ်မထင်ပါ။
ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် နဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖြေးဖြေးနဲ့ အနောက်ဘက်က မဟာမိတ်အုပ်စု( ပြင်သစ်၊ ဗြိတိန်၊ အမေကိကန်) ကတစ်ဖက် ရုရှားအစိုးရက တစ်ဖက်ဖြစ်ကာ ဂျာမဏီနိုင်ငံဟာ နှစ်ပိုင်းပိုင်းခံလိုက်ရပါတယ်။
ဂျာမဏီနိုင်ငံကို နှစ်ပိုင်း ပိုင်းလိုက်ရုံသာမက ရုရှားအစိုးရလက်ထဲကျရောက်နေတဲ့ ဘာလင်မြို့ကိုလည်း နှစ်ပိုင်းပိုင်းခဲ့ပါတယ်။
အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီ အရှေ့ဘာလင်နဲ့ အနောက်ဘာလင်ဆိုကာ လူမျိုးတစ်မျိုးထဲနဲ့ နှစ်နိုင်ငံဖြစ်ခဲ့ရပါတယ်။
နိုင်ငံရေးအနေနဲ့ အရှေ့ဂျာမဏီဟာ ရုရှားတို့ပိုင်နက်နယ်မြေထဲမှာ ရှိတဲ့အတွက် ဆိုရှယ်လစ်စနစ်ဖြစ်ကာ အနောက်ဂျာမဏီကတော့ ဒီမိုကရေစီဆန်ဆန် ဖြစ်ခဲ့ပါတယ်။
1961 ခုနှစ်မှာ ရုရှားအစိုးရဟာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကြား ကို ဘာလင်တံတိုင်းတည်ဆောက်ကာ လုံးဝ ပိုင်းခြားခဲ့ပါတယ်။
အနောက်ဂျာမဏီကလူများကတော့အရှေ့ဂျာမဏီကို အခက်အခဲမရှိ ကူးသန်းနိုင်ခဲ့သော်လည်း အရှေ့ဂျာမဏီမှ အနောက်ဂျာမဏီသို့ ကူးသန်းခွင့်သည် ထိုခေတ်က ရွှေထက်ရှားခဲ့လေသည်။
ထိုခေတ်ထိုကာလရှိ အနုပညာရှင်များကိုလည်း အစိုးရက မကြည်ရင်မကြည်သလို အနုပညာလုပ်ခွင့်ပိတ်ပင်ခြင်းများရှိခဲ့လေသည်။
ဤဇာတ်ကားထဲတွင် ပြဇာတ်စာရေးဆရာတစ်ဦးဖြစ်သူ ဂရော့ ဒရိုင်းမန်းကို ဗိုလ်မှူးကြီး ဗီးစ်လာက အနီးကပ်စောင့်ကြည့်ရသည့်အကြောင်းကို အခြေခံရိုက်ကူးထားသည်။
စောင့်ကြည့်ပုံမှာ ဂရော့ ဒရိုင်းမန်း၏ တိုက်ခန်းတစ်ခုလုံးကို အသံဖမ်းစက်များတပ်ဆင်ကာဖမ်းယူနားထောင်နေခြင်းဖြစ်သည်။
ဒီကားက အစပိုင်းတော့ အနည်းငယ်အေးပါတယ်။ နည်းနည်းသီးခံပြီးကြည့်ပါ။
တဖြည်းဖြည်းနဲ့ The lives of others ဆိုတာကို ပြောက်မြောက်စွာပုံဖော်လာသလို ကြည့်ရှုသူကိုလည်းအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။
ဒီဇာတ်ကားအကြောင်းကို ပြန်တွေးတိုင်း တွေးတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရမယ့် ရသတစ်မျိုးကိုလည်း ခံစားရမှာပါ။
နောက်ဆုံးအနေနဲ့ အသေးစိတ်လေးတွေကို သတိထားကြည့်ပါလို့ပြောချင်ပါတယ်။
ကဲ ညွှန်းထားတဲ့ အတိုင်း ဟုတ်လား မဟုတ်လားဆိုတာ အခုပဲ ကြည့်ပြီး ဆုံးဖြတ်ကြပါစို့လားဗျာ။



Leave a Reply