Shelby Oaks

Shelby Oaks (2025)

ဒီဇာတ်ကားလေးကတော့ 2024 မှာ ထွက်ရှိခဲ့တဲ့ ဟော်ရာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရိုင်လီ ဘရန်နင်ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့ လေးယောက်သား “ဖြစ်ရပ်ဆန်းများကို အဖြေရှာသူများ” ဆိုတဲ့ ယူကျုချန်နယ်တစ်ခုကို ထောင်ထားပြီး သရဲခြောက်တဲ့နေရာတွေ၊ အကျဉ်းထောင်ဟောင်းတွေ၊ မြို့ပျက်တွေကို သွားပြီးတော့ သူတို့ချန်နယ်မှာ နာနာဘာဝဗွီဒီယိုတွေ ပြန်တင်ဆက်တတ်ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သူတို့က ရှယ်ဘီ အုတ်ခ်လို့ခေါ်တဲ့ မြို့ပျက်တစ်ခုက ကစားကွင်းဟောင်းတစ်ခုကို သွားရိုက်ကူးမယ်လို့ ချန်နယ်မှာ အကြောင်းကြားပြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။

အဲဒီအချိန်မှာ ရဲတွေကလည်း လူပျောက်ရှာကြပြီး သူတို့ဆီက ကျန်ရစ်ခဲ့တဲ့ကင်မရာတစ်လုံးကို သဲလွန်စအဖြစ် တွေ့ရှိသွားရာကနေ သူတို့ ပျောက်ကွယ်သွားရတဲ့နောက်ကွယ်မှာ ဘာအကြောင်းအရင်းတွေရှိနေမလဲ၊ လူလက်ချက်လား၊ နာနာဘာဝလက်ချက်လား ဆိုတာကို သို့လော သို့လော ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *