Category: Movies
-

The Shadow’s Edge
The Shadow’s Edge (2025) ဂျက်ကီချန်းရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်လာတဲ့ The Shadow’s Edge ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့လာပါပြီ The Shadow’s Edge ဆိုတဲ့ရုပ်ရှင်ကားကြီးဟာဆိုရင် ဂျက်ကီချန်းရဲ့ ရဲတပ်ဖွဲဇာတ်ကောင်အနေနဲ့ ပြန်လည်ပေါ်ထွက်လာတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ 2004 ခုနှစ်ကထွက်ရှိထားတဲ့ New Police Story ကို အမီလိုက်နိုင်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ …….. ခေတ်မီနည်းပညာနဲ့ AI စနစ်တွေကို ကျွမ်းကျင်စွာအသုံးချပြီး မကာအိုရဲတပ်ဖွဲ့ရဲ့ cctv ကင်မရာတွေကိုတောင် လှည့်စားနိုင်တဲ့ အဆင့်မြင့်သူခိုးဂိုဏ်းတစ်ခုဟာ cryptocurrency တွေကို အကြီးအကျယ်ခိုးယူပြီး ခြေရာဖျောက်နေပါတယ် ဒီသူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့က ဘယ်လိုမှခြေရာမခံနိုင်တဲ့အခါမှာတော့ အရင်က နည်းလမ်းဟောင်းတွေနဲ့ လူတွေကို ခြေရာခံရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့တဲ့ အငြိမ်းစားရဲအရာရှိကြီး ဝေါင်တပ်ချွန်း (Jackie Chan) ကို…
-

Playdate (2025)
Playdate (2025) ဂျက်ရိချာ စီးရီးထဲမှာ ဗလတောင့်တောင့်နဲ့ ခပ်ကြမ်းကြမ်း အားမာန်ပါပါလက်သီးတွေနဲ့ လူသိများခဲ့တဲ့ Alan Ritchson မင်းသားကြီးရဲ့ Action အလန်းစား ကားသစ်ပါနော် … ဇာတ်လမ်းအကျဉ်း ဘရိုင်ယန် (Kevin James)ဟာ အလုပ်ပြုတ်သွားပြီးတဲ့နောက် အိမ်နေအဖေတစ်ယောက်အဖြစ် ကလေးထိန်းဖို့ ဖြစ်လာပါတယ်။ ပန်းခြံထဲမှာကလေးထိန်းရင်း ဂျက်ဖ် (Alan Ritchson)ဆိုတဲ့ သူ့လိုမျိုးအိမ်နေအဖေတစ်ယောက်နဲ့ တွေ့ဆုံရာက အိမ်အလည်လိုက်ဖို့ အဖိတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ ဘရိုင်ယန်တို့သားအဖဟာ မရည်ရွယ်ပဲနဲ့ ဂျက်ဖ်တို့သားအဖနဲ့အတူ တစ်နေ့တာစွန့်စားခန်းထဲ အတူပါဝင်လာရပါတော့တယ်။
-

Maledictions (2025)
အာဂျင်တီးနားမြောက်ဘက်ပိုင်းမှာရှိတဲ့ ပြည်နယ်တစ်ခုမှာ လီသီယံတူးဖော်မယ့်အရေးနဲ့ ပတ်သက်ပြီး အဆိုပြုဥပဒေတစ်ခုကို မဲပေးဆုံးဖြတ်ဖို့ စီစဉ်ခဲ့ကြတယ်။ မဲပေးဖို့က တနင်္လာနေ့ဆိုရင် သောကြာနေ့လောက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ၁၂ နှစ်အရွယ်သမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြန်ပေးသမားက ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အယုံကြည်ရဆုံးလူယုံတစ်ဦးပဲ ဖြစ်နေပြီးတော့ သမီးဖြစ်သူရဲ့ ဘေးကင်းလုံခြုံမှုနဲ့ နိုင်ငံရေးအကြား ရွေးချယ်မှုပြုခိုင်းတော့တယ်။ ရည်မှန်းချက်ကြီးတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ မိသားစုလျှို့ဝှက်ချက်တွေက ဘာတွေဖြစ်နေမလဲ။ Political thriller အမျိုးအစားဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၄၀ လောက်ပဲကြာမြင့်တဲ့ အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။
-

MOM
Mom (2025) အမျိုးသမီးတစ်ယောက်ဟာ မိခင်ဘဝစတင်တဲ့အချိန်မှာ Postpartum Depressionလို့ခေါ်တဲ့ စိတ်ကျရောဂါတစ်မျိုးကိုရင်ဆိုင်ရတတ်ပါတယ် … အမျိုးသမီးတိုင်းမဟုတ်ပေမယ့် တစ်ချို့သောအမျိုးသမီးတွေမှာတော့ ဒါဟာတော်တော်ဆိုးဆိုးရွားရွား ရင်ဆိုင်ရတဲ့ ပြဿနာမျိုးပါ။ အခုတင်ဆက်ပေးမယ့် Momဆိုတဲ့ဇာတ်ကားလေးဟာဒီအကြောင်းအရာကို အခြေခံပြီးရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကားမျိုးဖြစ်ပါတယ်။ မားရက်ဒစ်ဟာ ပထမဆုံးသားဦးလေးကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ပါ… မားရက်ဒစ်နဲ့ဂျရက်တို့ဇနီးမောင်နှံနှစ်ယောက် သားလေးဖြစ်တဲ့အဲလက်စ်ကိုမွေးဖွားပြီးကစက ပျော်ပျော်ရွှင်ရွှင် အိမ်ကိုပြန်လာခဲ့ကြပေမယ့် နောက်ပိုင်းမှာမားရက်ဒစ်ဟာအထက်ကပြောခဲ့တဲ့ စိတ်ကျရောဂါကို တဖြည်းဖြည်းရင်ဆိုင်လာရပါတယ်။ ဒီရောဂါကြောင့်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အဓိကကဒီဇာတ်ကားဟာPsychological Horrorဇာတ်ကားမျိုးဖြစ်ပြီး သမားရိုးကျသရဲကားပုံစံမဟုတ်ဘဲ စိတ်ဒဏ်ရာကိုအသားပေးရိုက်ကူးထားလို့ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့်မဖြစ်မနေ ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ…..
-

The Hand That Rocks the Cradle
The Hand That Rocks the Cradle (2025) ၁၉၉၂ခုနှစ်က ထွက်ခဲ့တဲ့ နာမည်တူရုပ်ရှင်အပေါ် မှီငြမ်းပြီး ပုံစံတစ်မျိုးနဲ့ဆန်းသစ်ထားတဲ့ မှုခင်းဇာတ်လမ်း Crime Thrillerအမျိုးအစားပါ။ ပိုလီ (Maika Monroe)ဆိုတဲ့ ကလေးထိန်းမလေးတစ်ယောက်က အခမဲ့ဥပဒေအကြံပေးပွဲမှာ ကိတ်တလင်း(Mary Elizabeth Winstead)ဆိုတဲ့ ရှေ့နေအမျိုးသမီးနဲ့ ပထမဆုံးဆုံခဲ့ကြတယ်။ အဲဒီအချိန်က ရှေ့နေကိတ်တလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ပေါ့။ ကလေးလေး လသားအရွယ်မှာ သူတို့ဒုတိယအကြိမ် မထင်မှတ်ပဲ ထပ်ဆုံခဲ့ကြတယ်။ ဒီတစ်ခါတော့ ကလေးထိန်းပိုလီက လိုအပ်ရင်သူ့ကို ခေါ်လို့ရကြောင်း ကမ်းလှမ်းခဲ့တယ်။ အစပိုင်းမှာတော့ စိတ်သဘောထားချင်းလည်းတိုက်ဆိုင် ပြောရဆိုရတာရောအဆင်ပြေနေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ကိတ်တလင်းဟာ ပိုလီရဲ့လုပ်ရပ်တွေကို သံသယဝင်လာမိတယ်။ ပထမကလေးကို မွေးဖွားပြီးချိန်တုန်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ စိတ်ပင်ပန်းတဲ့ရောဂါကို ခံစားဖူးတဲ့ကိတ်တလင်းက သူ့ရဲ့သံသယတွေဟာ ထင်ယောင်ထင်မှားလား အမှန်တရားလားဆိုတာကို သိရဖို့ဖြစ်လာပါတော့တယ်။