The Hand That Rocks the Cradle

The Hand That Rocks the Cradle (2025)

၁၉၉၂ခုနှစ်က ထွက်ခဲ့တဲ့ နာမည်တူရုပ်ရှင်အပေါ် မှီငြမ်းပြီး ပုံစံတစ်မျိုးနဲ့ဆန်းသစ်ထားတဲ့ မှုခင်းဇာတ်လမ်း Crime Thrillerအမျိုးအစားပါ။

ပိုလီ (Maika Monroe)ဆိုတဲ့ ကလေးထိန်းမလေးတစ်ယောက်က အခမဲ့ဥပဒေအကြံပေးပွဲမှာ ကိတ်တလင်း(Mary Elizabeth Winstead)ဆိုတဲ့ ရှေ့နေအမျိုးသမီးနဲ့ ပထမဆုံးဆုံခဲ့ကြတယ်။ အဲဒီအချိန်က ရှေ့နေကိတ်တလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ပေါ့။

ကလေးလေး လသားအရွယ်မှာ သူတို့ဒုတိယအကြိမ် မထင်မှတ်ပဲ ထပ်ဆုံခဲ့ကြတယ်။

ဒီတစ်ခါတော့ ကလေးထိန်းပိုလီက လိုအပ်ရင်သူ့ကို ခေါ်လို့ရကြောင်း ကမ်းလှမ်းခဲ့တယ်။

အစပိုင်းမှာတော့ စိတ်သဘောထားချင်းလည်းတိုက်ဆိုင် ပြောရဆိုရတာရောအဆင်ပြေနေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ကိတ်တလင်းဟာ ပိုလီရဲ့လုပ်ရပ်တွေကို သံသယဝင်လာမိတယ်။

ပထမကလေးကို မွေးဖွားပြီးချိန်တုန်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ စိတ်ပင်ပန်းတဲ့ရောဂါကို ခံစားဖူးတဲ့ကိတ်တလင်းက သူ့ရဲ့သံသယတွေဟာ ထင်ယောင်ထင်မှားလား အမှန်တရားလားဆိုတာကို သိရဖို့ဖြစ်လာပါတော့တယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *