MOM

MOM

Mom (2025)

အမျိုးသမီးတစ်ယောက်ဟာ မိခင်ဘဝစတင်တဲ့အချိန်မှာ Postpartum Depressionလို့ခေါ်တဲ့ စိတ်ကျရောဂါတစ်မျိုးကိုရင်ဆိုင်ရတတ်ပါတယ် …

အမျိုးသမီးတိုင်းမဟုတ်ပေမယ့် တစ်ချို့သောအမျိုးသမီးတွေမှာတော့ ဒါဟာတော်တော်ဆိုးဆိုးရွားရွား ရင်ဆိုင်ရတဲ့ ပြဿနာမျိုးပါ။

အခုတင်ဆက်ပေးမယ့် Momဆိုတဲ့ဇာတ်ကားလေးဟာဒီအကြောင်းအရာကို အခြေခံပြီးရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကားမျိုးဖြစ်ပါတယ်။

မားရက်ဒစ်ဟာ ပထမဆုံးသားဦးလေးကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ပါ…

မားရက်ဒစ်နဲ့ဂျရက်တို့ဇနီးမောင်နှံနှစ်ယောက် သားလေးဖြစ်တဲ့အဲလက်စ်ကိုမွေးဖွားပြီးကစက ပျော်ပျော်ရွှင်ရွှင် အိမ်ကိုပြန်လာခဲ့ကြပေမယ့် နောက်ပိုင်းမှာမားရက်ဒစ်ဟာအထက်ကပြောခဲ့တဲ့ စိတ်ကျရောဂါကို တဖြည်းဖြည်းရင်ဆိုင်လာရပါတယ်။

ဒီရောဂါကြောင့်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

အဓိကကဒီဇာတ်ကားဟာPsychological Horrorဇာတ်ကားမျိုးဖြစ်ပြီး သမားရိုးကျသရဲကားပုံစံမဟုတ်ဘဲ စိတ်ဒဏ်ရာကိုအသားပေးရိုက်ကူးထားလို့ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့်မဖြစ်မနေ ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ…..

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *