Category: Movies

  • Andai Ibu Tidak Menikah Dengan Ayah

    Andai Ibu Tidak Menikah Dengan Ayah

    Andai Ibu Tidak Menikah Dengan Ayah (2025) နာမည်ကျော် အမျိုးသမီး ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Hadrah Daeng Ratu ရဲ့လက်ရာသစ်ဖြစ်ပြီး လူမှုကွန်ယက်နဲ့ရုပ်ရှင်ဝါသနာအိုးတွေကြားမှာမထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သမီးသုံးဦး၊ မြေးတစ်ဦးနဲ့သက်လတ်ပိုင်းလင်မယားနှစ်ယောက်တို့ရဲ့ နွေးထွေးတဲ့ မိသားစုလေးကိုပုံဖော်ထားတာဖြစ်ပါတယ်။ နွေးထွေးတယ်လို့ထင်ရပေမယ့်လည်း အကြွေးပတ်လည်ဝိုင်းပြီးမိသားစုနဲ့ဇနီးဖြစ်သူကိုတစ်ချက်မှမငဲ့ပဲထင်ရာစိုင်းတတ်တဲ့တကိုယ်ကောင်းဖခင်၊ တစ်အိမ်လုံးရဲ့အလုပ်တွေကိုရော စီးပွားရေးကိုပါ ဦးစီးနေရရှာတဲ့ မိခင်ဖြစ်သူနဲ့ အရွယ်အသီးသီး သမီးသုံးယောက်ကြားမှာမျိုသိပ်ထားရတဲ့ အစိုင်အခဲလေးတွေကိုယ်စီရှီနေပြီး အဲ့ဒါတွေပေါက်ကွဲထွက်လာတဲ့အချိန်မှာ သူတို့မိသားစုကြားမေးခွန်းလေးတစ်ခုပေါ်လာပါတော့တယ်။ အဲ့ဒါကတော့ ဇာတ်ကားရဲ့အမည်ဖြစ်တဲ့ မေမေသာ ဖေဖေ့ကိုလက်မထပ်ဖြစ်ခဲ့ရင်ဆိုတဲ့ မေးခွန်းပါပဲ။ မေးခွန်းရဲ့အဖြေနဲ့အကြောင်းရင်းကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ။ မျက်ရည်ချူတဲ့အခန်းတွေမပါပဲ၊ ရင်နင့်စရာတွေ၊ ကြည်နူးစရာတွေ နွေးထွေးမှုတွေအပြည့်နဲ့ခံစားကြည့်ရှုရမယ့် မေတ္တာဖွဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

  • Dream Team

    Dream Team

    Dream Team (2008) ဒီတစ်ခေါက်မှာတော့ sport-comedy ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တစ်နေ့မှာ ဘတ်ဆိုတဲ့ ဘောလုံးနည်းပြတစ်ယောက်ဟာ ဆရာမနူလေ့ခ်ရဲ့တောင်းဆိုချက်တစ်ခုကိုလက်ခံခဲ့ပါတယ်။ တောင်းဆိုချက်ကတော့ မူလတန်းကျောင်းသားလေးတွေရဲ့လွန်ဆွဲပြိုင်ပွဲနည်းပြလုပ်ပေးဖို့ပါ။ ဒါပေမဲ့ ပြိုင်ပွဲစည်းကမ်းအရ လူ ၉ ယောက်သာ ယှဉ်ပြိုင်ခွင့်ရှိပေမယ့် အသင်းမှာတော့ ၁၀ ယောက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ နည်းပြဘတ်တစ်ယောက် ထုတ်ပယ်မဲ့ကျောင်းသားကိုတွေးရင်း ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အခက်အခဲတွေ အုပ်ထိန်းသူမိဘတွေရဲ့စောဒကတက်မှုတွေကြားဗျာများရပါတော့တယ်။ နည်းပြဘတ်တစ်ယောက် မူလတန်းကျောင်းသားတွေကြား ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။

  • A Time for Bravery

    A Time for Bravery

    A Time for Bravery (2025) ဒီဇာတ်လမ်းကတော့ မက္ကဆီကို (Mexican) အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်‌ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် မာရီယာနို ဟာ စိတ်ပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူဟာ ယာဉ်မတော်တဆမှုတစ်ခု ကျူးလွန်ခဲ့မိလို့ တရားရုံးက သူ့ကို ထောင်ဒဏ်အစား လူမှုဝန်ထမ်း (Community Service) လုပ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သူ့ရဲ့ တာဝန်ကတော့ စိတ်ဓာတ်ကျနေတဲ့ ရဲအရာရှိ ဒီယက်ဇ် ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးဖို့ ဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ သူ့ဇနီး ဖောက်ပြန်တာကို သိလိုက်ရလို့ အလုပ်မှာရော ဘဝမှာပါ စိတ်ဓာတ်တွေ အလွန်အမင်း ကျဆင်းနေသူပါ။ မာရီယာနိုက သူ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေစဉ်မှာပဲ မာရီယာနိုကိုယ်တိုင်လည်း သူ့ဇနီးမှာ နောက်မီးလင်းနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီလိုနဲ့…

  • Man Finds Tape

    Man Finds Tape

    Man Finds Tape (2025) ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်များနဲ့ မြို့ငယ်လေးရဲ့လျှို့ဝှက်ချက် Found Footage Horror နဲ့ Mystery ကားကိုသဘောကျတဲ့သူမျိုးဆိုရင်တော့ ဒီနှစ်ကုန်ခါနီးမှထွက်ရှိထားတဲ့”Man Finds Tape”(2025)ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ ဇာတ်အိမ်လေးကတစ်မျိုးလေးမလို့ ပုံမှန်ဇာတ်အိမ်ကိုရိုးအီနေတဲ့သူတွေဆိုရင်တော့ ဒီကားလေးကိုကြည့်လိုက်ကြပါ။ ဇာတ်လမ်းအကျဉ်း လူးကပ်စ်ဟာ သူ့ရဲ့ YouTube Channel မှာ မေ့ပျောက်နေတဲ့အတိတ်က ဗီဒီယိုဖိုင်တစ်ခုကို တင်လိုက်ရာကနေသူ့ဘဝဟာ စတင်ပြောင်းလဲသွားပါတော့တယ်။ သူ့မိဘတွေအိမ်မှာရှာတွေ့ခဲ့တဲ့ ဒီလျှို့ဝှက်တိပ်ခွေထဲမှာ လူးကပ်စ် ငယ်ငယ်တုန်းကအိပ်ပျော်နေချိန် အခန်းထဲကို လူစိမ်းနှစ်ယောက်ဝင်လာပြီး တစ်ခုခုလုပ်သွားတဲ့မြင်ကွင်းပါဝင်နေပေမယ့် ဒီအဖြစ်အပျက်ကိုသူလုံးဝမမှတ်မိနေပါဘူး။ ဒီကိစ္စကို စုံစမ်းဖို့အတွက် မြို့ကနေ ခွဲခွာသွားတဲ့ သူ့အစ်မဖြစ်သူ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ လင်းန်ကပြန်ရောက်လာပြီး မောင်နှမနှစ်ယောက်သာ အဖြေရှာဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့ရှာဖွေလေလေ… သူတို့နေထိုင်ရာ တက္ကဆက်ပြည်နယ်ကမြို့ငယ်လေး Larkin မှာ ဖုံးကွယ်ထားတဲ့ကြောက်မက်ဖွယ်ရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်လာရလေပါပဲ။ မြို့ခံတွေရဲ့…

  • Homeward Bound

    Homeward Bound

    Homeward Bound (2025) လူရယ်လို့ဖြစ်လာရင် ကိုယ်စီလျှို့ဝှက်ချက်ဆိုတာ ရှိကြစမြဲပါ။ အရင်းနှီးဆုံးသွေးရင်းသားရင်းတွေကိုတောင် မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ပွေ့ပိုက်ရင်း ရှင်သန်နေကြတာ သဘာဝပဲ မဟုတ်ပါလား။ အလားတူ ထုတ်ဖော်ဖို့ မဝင့်ရဲတဲ့ လျှို့ဝှက်ချက်အား ကာလရှည်ကြာ သိမ်းဆည်းလာခဲ့တဲ့ အီဂျောင်ဟာဆိုတဲ့ အမျိုးသမီးဟာ ချွန်းချောင်းအထက်တန်းကျောင်းက ကျောင်းဆရာမဖြစ်ပြီး သားဖြစ်သူကတော့ အရွယ်ရောက်လာတဲ့အခါ ကနေဒါနိုင်ငံမှာ ပညာသင်လျက်ရှိပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူက အမေဖြစ်သူထံ အလည်လာပြီး သူရဲ့ကောင်မလေးဂျဲနီနဲ့ မိတ်ဆက်ပေးကာ လက်ထပ်တော့မည့်အကြောင်း ဖွင့်ပြောပါတော့တယ်။ အဲဒီအချိန်မှာ ဂျောင်ဟာအနေနဲ့ သားဖြစ်သူကို ဖွင့်ပြောချင်ပေမယ့် ပြောမထွက်တဲ့ ကိစ္စတွေ ရှိနေတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ ဂျဲနီတို့မိဘတွေဟာ ဂျောင်ဟာအိမ်ကို ရောက်ရှိလာပြီး အမှတ်မထင် အကုန်လုံးစုပေါင်းနေရမယ့် အကြောင်းဖန်လာပါတော့တယ်။ အနေနီးလာကြတာနဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက် ရိပ်ဖမ်းသံဖမ်းမိလာတဲ့အခါ ကိုယ်စီရဲ့…