Andai Ibu Tidak Menikah Dengan Ayah (2025)

နာမည်ကျော် အမျိုးသမီး ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Hadrah Daeng Ratu ရဲ့လက်ရာသစ်ဖြစ်ပြီး လူမှုကွန်ယက်နဲ့ရုပ်ရှင်ဝါသနာအိုးတွေကြားမှာမထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သမီးသုံးဦး၊ မြေးတစ်ဦးနဲ့သက်လတ်ပိုင်းလင်မယားနှစ်ယောက်တို့ရဲ့ နွေးထွေးတဲ့ မိသားစုလေးကိုပုံဖော်ထားတာဖြစ်ပါတယ်။

နွေးထွေးတယ်လို့ထင်ရပေမယ့်လည်း အကြွေးပတ်လည်ဝိုင်းပြီးမိသားစုနဲ့ဇနီးဖြစ်သူကိုတစ်ချက်မှမငဲ့ပဲထင်ရာစိုင်းတတ်တဲ့တကိုယ်ကောင်းဖခင်၊ တစ်အိမ်လုံးရဲ့အလုပ်တွေကိုရော စီးပွားရေးကိုပါ ဦးစီးနေရရှာတဲ့ မိခင်ဖြစ်သူနဲ့ အရွယ်အသီးသီး သမီးသုံးယောက်ကြားမှာမျိုသိပ်ထားရတဲ့ အစိုင်အခဲလေးတွေကိုယ်စီရှီနေပြီး အဲ့ဒါတွေပေါက်ကွဲထွက်လာတဲ့အချိန်မှာ သူတို့မိသားစုကြားမေးခွန်းလေးတစ်ခုပေါ်လာပါတော့တယ်။

အဲ့ဒါကတော့ ဇာတ်ကားရဲ့အမည်ဖြစ်တဲ့ မေမေသာ ဖေဖေ့ကိုလက်မထပ်ဖြစ်ခဲ့ရင်ဆိုတဲ့ မေးခွန်းပါပဲ။ မေးခွန်းရဲ့အဖြေနဲ့အကြောင်းရင်းကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ။

မျက်ရည်ချူတဲ့အခန်းတွေမပါပဲ၊ ရင်နင့်စရာတွေ၊ ကြည်နူးစရာတွေ နွေးထွေးမှုတွေအပြည့်နဲ့ခံစားကြည့်ရှုရမယ့် မေတ္တာဖွဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *